Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 16:11 - Judson Bible in Zawgyi Version

11 ထာ​ဝ​ရ​ဘု​ရား​နှင့် တန်​ခိုး​တော်​ကို​ရှာ​ကြ​လော့။ မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ်​ရှာ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ထာဝရဘုရား​နှင့် ထာဝရဘုရား​၏​တန်ခိုး​တော်​ကို စူးစမ်း​ကြ​လော့​။ မျက်နှာ​တော်​ကို အစဉ်မပြတ်​ရှာ​ကြ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ကူ​မ​တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ ကိုယ်​တော်​အား​အ​စဉ်​အ​မြဲ​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 16:11
11 ပူးပေါင်းရင်းမြစ်များ  

သန့်​ရှင်း​သော နာ​မ​တော်၌ ဝါ​ကြွား​ဝမ်း​မြောက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​တို့​သည် စိတ်​နှ​လုံး ရွှင်​လန်း​ကြ​စေ။


အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကျိန်း​ဝပ်​တော်​မူ​ရာ​သို့ တန်​ခိုး​တော်​နှင့်​ယှဉ်​သော ဓ​မ္မ​သေ​တ္တာ​နှင့်​တ​ကွ တက်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကယ်​တင်​ခြင်း​တန်​ဆာ​ကို ဆင်၍၊ ကိုယ်​တော်၏ သန့်​ရှင်း​သူ​တို့​သည် ကျေး​ဇူး​တော်၌ ဝမ်း​မြောက်​ကြ​ပါ​စေ​သော၊


ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​သော​အ​မျိုး၊ မျက်​နှာ​တော်​ကို​ရှာ​သော ယာ​ကုပ်​အ​မျိုး​ဖြစ်​သ​တည်း။


ကောင်း​မွန်​သော​အ​ရာ​ကို ငါ​တို့​အား အ​ဘယ်​သူ​ပြ​မည်​နည်း​ဟု မေး​တတ်​သော သူ​အ​များ​ရှိ​ပါ​သည်​ဖြစ်၍၊ အို​ထာ​ဝ​ရ​ဘု​ရား၊ မျက်​နှာ​တော်​အ​လင်း​ကို အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ပေါ်​ထွန်း​စေ​တော်​မူ​ပါ။


ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​တို့​ကို သ​နား​ခြင်း​က​ရု​ဏာ​စိတ်​တော်​ရှိ​သ​ဖြင့်၊ ကောင်း​ချီး​ပေး၍ မျက်​နှာ​တော်၏​အ​လင်း​ကို လွှတ်​တော်​မူ​ပါ​စေ​သော။


အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ပြင်​မှာ ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ကား၊ မိ​မိ​လူ​တို့​အား အ​ခွင့်​တန်​ခိုး​ကို​ပေး​တော်​မူ​သော ဘု​ရား​ပေ​တည်း။ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။


တန်​ခိုး​တော်​ကို သိမ်း​သွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘုန်း​တော်​ကို ရန်​သူ​တို့​လက်​သို့ ရောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​တော်​မူ၏။


သူ​တို့​သည် ဗာ​ကာ​လွင်​ပြင်၌ လျှောက်​သွား​စဉ်၊ ထို​လွင်​ပြင်​ကို စမ်း​ရေ​ထွက်​ရာ​အ​ရပ်​ဖြစ်​စေ​ကြ​ပါ၏။ အ​ရင် မိုး​ရေ​လည်း မင်္ဂ​လာ​များ​နှင့် လွှမ်း​စေ​ပါ၏။


ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ ရှာ​လျှင် အ​သက်​ချမ်း​သာ ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင်၊ ယော​သပ်​အ​မျိုး​အ​ပေါ်​မှာ မီး​ကဲ့​သို့​တက်၍၊ အ​ဘယ်​သူ​မျှ မ​ငြိမ်း​နိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​ကို လောင်​စေ​တော်​မူ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ