Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 15:23 - Judson Bible in Zawgyi Version

23 ဗေ​ရ​ခိ​နှင့် ဧ​လ​ကာ​န​သည် သေ​တ္တာ​တော်​တံ​ခါး​စောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

23 ဗေရခိ​နှင့်​ဧလကာန​တို့​သည် သေတ္တာ​တော်​တံခါး​ကို စောင့်ကြပ်​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

23-24 ဗေ​ရ​ခိ​နှင့်​ဧ​လ​ကာ​န​တို့​အား သြ​ဗ​ဒေ​ဒုံ၊ ယေ​ဟိ​တို့​နှင့်​အ​တူ ပ​ဋိ​ညာဉ်​သေတ္တာ​တော် တည်​ရာ​တဲ​တော်​တံ​ခါး​စောင့်​များ​အ​ဖြစ် ဖြင့်​ရွေး​ချယ်​ခန့်​ထား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ် များ​ဖြစ်​ကြ​သော​ရှေ​ဗ​နိ၊ ယော​ရှ​ဖတ်၊ နာ​သ နေ​လ၊ အာ​မ​သဲ၊ ဇာ​ခ​ရိ၊ ဗေ​နာ​ယ၊ ဧ​လျေ​ဇာ တို့​အား​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​တံ​ပိုး ခ​ရာ​မှုတ်​ရန်​အ​တွက်​ရွေး​ချယ်​ခန့်​ထား ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 15:23
8 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့၍ လူ​များ​လက်​မှ တံ​ခါး​စောင့်​ခံ​ယူ​သော ငွေ​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​ရေ​တွက်​သ​ဖြင့်၊


ကိုယ်​ရံ​တော်​မှူး​သည် ယဇ်​ပု​ရော​ဟိတ်​မင်း စ​ရာ​ယ၊ ဒု​တိ​ယ​ယဇ်​ပု​ရော​ဟိတ် ဇေ​ဖ​နိ၊ ဗိ​မာန်​တော်​တံ​ခါး​မှူး သုံး​ယောက်​တို့​ကို ဖမ်း​ဆီး​လေ၏။


မြို့​သို့​သွား၍ တံ​ခါး​ပြင်၌ ဟစ်​ခေါ်​လျက်၊ ငါ​တို့​သည် ရှု​ရိ​တပ်​သို့​ရောက်၍ အ​ဘယ်​သူ​ကို​မျှ​မ​တွေ့။ လူ​သံ​ကို​မ​ကြား။ မြင်း၊ မြည်း​တို့​ကို ချည်​နှောင်​လျက်၊ တဲ​များ​လည်း တတ်​တိုင်း​ရှိ​သည်​ကို​တွေ့​ပါ၏​ဟု ကြား​ပြော​သည်​အ​တိုင်း၊


လေ​ဝိ​သား အ​ကြီး​အ​ကဲ​ဖြစ်​သော ခေ​န​နိ​သည် သီ​ချင်း​အ​တတ်၌ လေ့​ကျက်​သော​ကြောင့် သီ​ချင်း​ဆ​ရာ​ကြီး ဖြစ်၏။


ယဇ်​ပု​ရော​ဟိတ် ရှေ​ဗ​နိ၊ ယော​ရှ​ဖတ်၊ နာ​သ နေ​လ၊ အာ​မ​သဲ၊ ဇာ​ခ​ရိ၊ ဗေ​နာ​ယ၊ ဧ​လျေ​ဇာ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ရှေ့​မှာ တံ​ပိုး​မှုတ်​ရ​ကြ၏။ ဩ​ဗ​ဒေ​ဒုံ​နှင့် ယေ​ဟိ​သည်​လည်း သေ​တ္တာ​တော်​တံ​ခါး​စောင့်​ဖြစ်၏။


တံ​တိုင်း​တော်​တို့​အ​တွင်း၌ နေ​သော​တစ်​ရက်​သည် အ​ခြား​အ​ရပ်၌​နေ​သော အ​ရက်​တစ်​ထောင်​ထက် သာ၍​ကောင်း​ပါ၏။ မ​တ​ရား​သော​သူ၏​နေ​ရာ၌ နေ​ရ​သော​အ​ခွင့်​ထက်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့်​အိမ်​တော်၌ တံ​ခါး​စောင့်​အ​ရာ​ကို အ​ကျွန်ုပ်​သာ၍ နှစ်​သက်​ပါ၏။


ရှ​မွေ​လ​သည် နံ​နက်​တိုင်​အောင် အိပ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တံ​ခါး​တို့​ကို ဖွင့်​လေ၏။ မြင်​ရ​သော ရူ​ပါ​ရုံ​ကို ဧ​လိ​အား မ​ကြား​မ​ပြော​ဝံ့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ