၁ ရာဇဝင်ချုပ် 15:17 - Judson Bible in Zawgyi Version17 ထိုလေဝိသားတို့သည် ယောလသား ဟေမန်၊ သူ၏ညီစုထဲက ဗေရခိသား အာသပ်၊ မိမိတို့ညီစု၊ မေရာရိအမျိုးထဲက ကုရှာယသား ဧသန်တို့ကိုလည်းကောင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်17 ထို့ကြောင့် လေဝိအမျိုးတို့လည်း ယောလ၏သားဟေမန်နှင့် သူ၏ဆွေမျိုးသားချင်းများထဲမှ ဗေရခိ၏သားအာသပ်၊ မေရာရိ၏သားမြေးများထဲမှ သူတို့၏ဆွေမျိုးသားချင်း ကုရှာယ၏သားဧသန်၊ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version17-21 သူတို့သည်ကြေးလင်းကွင်းတီးရန်အဆို တော်သားချင်းစုများမှယောလ၏သား ဟေမန်နှင့် သူ၏ဆွေမျိုးဗေရခိ၏သား အာသပ်နှင့်မေရာရိသားချင်းစုမှကုရှာယ ၏သားဧသန်ကိုရွေးချယ်ကြ၏။ ထိုသူတို့ ကိုကူညီရာတွင်အသံမြင့်စောင်းများကို တီးရန်ဇာခရိ၊ ဗင်ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာ သေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ ဟူသောလေဝိအနွယ်ဝင်တို့ကိုရွေးချယ် ကြ၏။ အသံနိမ့်စောင်းများတီးရန်အတွက် မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယနှင့်ဗိမာန်တော်စောင့် သြဗဒေဒုံ၊ ယေလနှင့်အာဇဇိတို့ကို ရွေးချယ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအမှုတော်ကို စောင့်သောသူတို့နှင့် သားစဉ်မြေးဆက် ဟူမူကား၊ ဣသရေလ၊ လေဝိ၊ ကောဟတ်၊ ဣဇဟာ၊ ကောရ၊ ဧဗျာသပ်၊ အဿိရ၊ တာဟတ်၊ ဇေဖနိ၊ အာဇရိ၊ ယောလ၊ ဧလကာန၊ အမာသဲ၊ မာဟတ်၊ ဧလကာန၊ ဇောဖဲ၊ တောအာ၊ ဧလျာဘ၊ ယေရောဟံ၊ ဧလကာန၊ ရှမွေလ၊ ယောလတို့မှ ဆင်းသက်သော ကောဟတ်အမျိုး၊ သီချင်းသည် ဟေမန်တစ်ပါး၊