Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 15:14 - Judson Bible in Zawgyi Version

14 ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် လေ​ဝိ​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ခြင်း​ငှာ ကိုယ်​ကို သန့်​ရှင်း​စေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ထို့ကြောင့် ယဇ်ပုရောဟိတ်​တို့​နှင့် လေဝိ​အမျိုး​တို့​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၏​သေတ္တာ​တော်​ကို သယ်ဆောင်​ရန် ကိုယ်​ကို​သန့်ရှင်း​စေ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပြောင်း​ရွှေ့​ပင့်​ဆောင်​နိုင် ရန် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 15:14
8 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် လေ​ဝိ​သား အ​ဆွေ​အ​မျိုး​သူ​ကြီး ဖြစ်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​အ​ဖို့ ငါ​ပြင်​ဆင်​သော အ​ရပ်​ဌာ​န​သို့ ဆောင်​ခဲ့​ခြင်း​ငှာ ကိုယ်​ကို​လည်း​ကောင်း၊ ညီ​အစ်​ကို​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​စေ​ကြ​လော့။


ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​နှင့်​အ​ညီ မော​ရှေ​မှာ​ထား​ခဲ့​သည်​အ​တိုင်း၊ လေ​ဝိ​သား​တို့​သည် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို သေ​တ္တာ​တော်​ထမ်း​ပိုး​ဖြင့် ထမ်း​ကြ၏။


အ​မျိုး​သား​ချင်း​တို့​ကို​ခေါ်၍၊ ကိုယ်​ကို သန့်​ရှင်း​စေ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​နှင့်​အ​ညီ ရှင်​ဘု​ရင်​စီ​ရင်​သည်​အ​တိုင်း၊ ဗိ​မာန်​တော်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ လာ​ကြ၏။


ယဇ်​ပု​ရော​ဟိတ်​တို့​သည် နည်း​သော​ကြောင့်၊ မီး​ရှို့​ရာ​ယဇ်​ကောင်​ရှိ​သ​မျှ​ကို မ​သတ်​နိုင်​သည်​ဖြစ်၍၊ အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကိုယ်​ကို​မ​သန့်​ရှင်း​စေ​မီ၊ အ​မှု​တော် လက်​စ​မ​သတ်​မီ​တိုင်​အောင်၊ ညီ​အစ်​ကို လေ​ဝိ​သား​တို့​သည် ထောက်​မ​ကြ၏။ ကိုယ်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ်​များ​ထက် လေ​ဝိ​သား​တို့​သည် သာ၍ စိတ်​သ​ဘော​ဖြောင့်​ကြ၏။


ထို​အ​ခါ စည်း​ဝေး​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လှည့်​သင့်​သည်​အ​တိုင်း အ​မှု​တော်​ကို​မ​စောင့်၊ ရှိ​သ​မျှ​တို့​သည် သန့်​ရှင်း​သည်​ဖြစ်၍ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က ထွက်​ပြီး​လျှင်၊


ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည်​လည်း၊ ကိုယ်​ကို​လည်း​ကောင်း၊ လူ​များ၊ မြို့​တံ​ခါး၊ မြို့​ရိုး​ကို​လည်း​ကောင်း စင်​ကြယ်​စေ​ကြ၏။


ထို​အ​ခါ၊ မော​ရှေ​သည် အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည် သန့်​ရှင်း​ခြင်း​ရှိ​သည်​ဟု ငါ့​ထံ​သို့​ချဉ်း​ကပ်​သူ​တို့​သည် မှတ်​ရ​မည်။ လူ​အ​ပေါင်း​တို့​သည် ငါ့​ဘုန်း​ကို​ချီး​မြှင့်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ​ရာ၌၊ ထို​သို့​သော​အ​မှု​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သည်​ဟု​ဆို​လျှင်၊ အာ​ရုန်​သည် တိတ်​ဆိတ်​စွာ​နေ​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ