Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 14:11 - Judson Bible in Zawgyi Version

11 ဒါ​ဝိဒ်​သည် ဗာ​လ​ပေ​ရ​ဇိမ်​မြို့​သို့ သွား၍ သူ​တို့​ကို လုပ်​ကြံ​ပြီး​မှ၊ ဘု​ရား​သ​ခင်​သည် ရေ​ထ၍​ဖြို​ဖျက်​သ​ကဲ့​သို့ ငါ့​ရန်​သူ​တို့​ကို ငါ့​အား​ဖြင့် ဖြို​ဖျက်​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ ထို​အ​ရပ်​ကို ဗာ​လ​ပေ​ရ​ဇိမ်​အ​မည်​ဖြင့် တွင်​စေ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ဒါဝိဒ်​မင်းကြီး​သည် ဗာလပေရဇိမ်​အရပ်​သို့ ချီတက်​၍ ထို​နေရာ​တွင် သူ​တို့​ကို တိုက်ခိုက်​လေ​၏​။ ဒါဝိဒ်​မင်းကြီး​က “​ထာဝရဘုရား​သည် ငါ့​ရန်သူ​ကို ရေကာတာ​ကျိုးပေါက်​ပျက်စီး​သွား​သကဲ့သို့ ငါ့​လက်​ဖြင့် ပျက်စီး​စေ​လေ​ပြီ​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​နေရာ​ကို ဗာလပေရဇိမ် ဟု​အမည်​မှည့်ခေါ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ဗာ​လ​ပေ​ရ​ဇိမ်​မြို့​တွင် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရာ​အ​နိုင် ရ​လေ​၏။ ဒါ​ဝိဒ်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ တပ်​ကို​မြစ်​ရေ​လျှံ​၍​ဖြို​ခွင်း​သ​ကဲ့​သို့ ငါ့​ကို အ​သုံး​ပြု​၍​ဖြို​ခွင်း​တော်​မူ​လေ​ပြီ'' ဟု​ဆို ၏။ သို့​ဖြစ်​၍​ထို​အ​ရပ်​ကို​ဗာ​လ​ပေ​ရ​ဇိမ်​မြို့ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 14:11
11 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည် ဗာ​လ​ပေ​ရ​ဇိမ်​မြို့​သို့​သွား၍ သူ​တို့​ကို​လုပ်​ကြံ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ရေ​ထ၍ ဖြို​ဖျက်​သ​ကဲ့​သို့၊ ငါ့​ရန်​သူ​တို့​ကို ငါ့​ရှေ့​မှာ ဖြို​ဖျက်​တော်​မူ​ပြီ​ဟု ဆို​လျက်၊ ထို​အ​ရပ်​ကို ဗာ​လ​ပေ​ရ​ဇိမ်​အ​မည်​ဖြင့် တွင်​စေ​သ​တည်း။


ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ရှိ​ရာ​သို့ သွား​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​လက်၌ အပ်​တော်​မူ​မည်​လော​ဟု ဘု​ရား​သ​ခင်​ကို မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့။ သင့်​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊


ထို​အ​ရပ်၌ ဖိ​လိ​တ္တိ​လူ​များ ပစ်​ထား​သော​ရုပ်​တု​များ​ကို ဒါ​ဝိဒ်၏​အ​မိန့်​တော်​နှင့် မီး​ရှို့​ကြ၏။


ကျယ်​သော တွင်း​ပေါက်၌ ဝင်​သ​ကဲ့​သို့၊ ငါ့​ကို​တိုက်၍ ဖြို​ဖျက်​ရာ​ကို ခို​လှုံ​လျက်၊ ငါ့​ထံ​သို့ တစ်​ဟုန်​တည်း ပြေး​လာ​ကြ၏။


ငါ၏​ကျောက်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ငါ့​လက်​သည်​စစ်​တိုက်၍၊ လက်​ချောင်း​တို့​လည်း စစ်​မှု​ကို​လေ့​ကျက်​မည်​အ​ကြောင်း သွန်​သင်​တော်​မူ၏။


အောင်​မြင်​ရ​သော​အ​ခွင့်​ကို ရှင်​ဘု​ရင်​တို့​အား​ပေး​တော်​မူ၏။ ကိုယ်​တော်၏​ကျွန်​ဒါ​ဝိဒ်​ကို ဆိုး​သော​ဓား​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။


သူ​တို့​သည် ကိုယ်​ဓား​ဖြင့် ထို​မြေ​ကို​အ​စိုး​ရ​ကြ​သည် မ​ဟုတ်​ပါ။ ကိုယ်​လက်​ဖြင့် ကိုယ်​ကို ကယ်​တင်​ကြ​သည် မ​ဟုတ်​ပါ။ ကိုယ်​တော်​အ​လို​ရှိ​သော​ကြောင့် လက်​ယာ​လက်​ရုံး​တော်​နှင့် မျက်​နှာ​တော်​အ​လင်း​အား​ဖြင့် သူ​တို့​ကို ကယ်​တင်​တော်​မူ၏။


ထို​သို့ ပင်​လယ်​ရေ​သည်​ပြန်​လာ၍၊ ပင်​လယ်​ထဲ​သို့​လိုက်​ဝင်​သော ဖာ​ရော​ဘု​ရင်၏​ရ​ထား၊ မြင်း​စီး​သူ​ရဲ၊ ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို​လွှမ်း​မိုး​သ​ဖြင့်၊ တစ်​စုံ​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ရ၊


ထာ​ဝ​ရ​ဘု​ရား​သည် အ​မှု​တော်​တည်း​ဟူ​သော၊ ထူး​ခြား​သော အ​မှု​တော်​ကို ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လုပ်​တော်​တည်း​ဟူ​သော၊ လုပ်​မြဲ​မ​ဟုတ်​သော အ​လုပ်​တော်​ကို လက်​စ​သတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ပေ​ရ​ဇိမ်​တောင်​ပေါ်​မှာ ပြု​သ​ကဲ့​သို့ ထ​တော်​မူ​မည်။ ဂိ​ဗောင်​ချိုင့်​ထဲ​မှာ ရှိ​သ​ကဲ့​သို့ အ​မျက်​ထွက်​တော်​မူ​မည်။


မိုး​ရွာ၍ ရေ​စီး​သည်​နှင့် လေ​လာ၍ ထို​အိမ်​ကို တိုက်​သော​အ​ခါ၊ ကြီး​စွာ​သော ပြို​လဲ​ခြင်း​သို့ ရောက်​လေ​သည်​ဟု ဟော​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ