၁ ရာဇဝင်ချုပ် 14:1 - Judson Bible in Zawgyi Version1 တုရုမင်းကြီးဟိရံသည် ဒါဝိဒ်အဖို့ နန်းတော်ကိုတည်ဆောက်ခြင်းငှာ၊ သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို စေလွှတ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 တိုင်ရာဘုရင်ဟုရံမင်းကြီးသည်လည်း ဒါဝိဒ်မင်းကြီးထံ တမန်များကိုစေလွှတ်ပြီး နန်းတော်တည်ဆောက်ရန် သစ်ကတိုးသားများနှင့်တကွ ကျောက်ဆစ်သမားများ၊ လက်သမားများကို ပို့ပေးလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 တုရုမြို့မှဟိရံမင်းသည်ဒါဝိဒ်ထံသို့ကုန်သွယ် ရေးသံတမန်အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ကာ နန်း တော်တည်ဆောက်ရန်အတွက်အာရဇ်သစ်များ နှင့်တကွ လက်သမားများ၊ ပန်းရံများကို ပေးပို့လိုက်၏။- အခန်းကိုကြည့်ပါ။ |
မင်းကြီး၏ကျွန်တို့သည် ငါ့အဖို့ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှာ စီရင်ပါ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း၍ လုပ်ကိုင်ကြလိမ့်မည်။ မင်းကြီးစီရင်သည်အတိုင်း၊ မင်းကြီး၏ ကျွန်တို့အား အခကိုပေးပါမည်။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါတို့တွင် အဘယ်သူမျှ မခုတ်တတ်သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ၏။