Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 12:19 - Judson Bible in Zawgyi Version

19 ထို​မှ​တစ်​ပါး၊ ဒါ​ဝိဒ်​သည် ရှော​လု​ကို စစ်​တိုက်​သွား​သော ဖိ​လိ​တ္တိ​လူ​တို့​နှင့် လိုက်​သော​အ​ခါ၊ ဖိ​လိ​တ္တိ​မင်း​တို့​က၊ ဤ​သူ​သည် ငါ​တို့​ကို​အပ်၍ မိ​မိ​သ​ခင်​ရှော​လု​ဘက်​သို့ ဝင်​စား​မည်​ဟု​တိုင်​ပင်​ပြီး​မှ ပြန်​စေ​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် စစ်​မ​ကူ​ဘဲ ဇိ​က​လတ်​မြို့​သို့​သွား​သော​ကာ​လ၊ သူ့​ဘက်​သို့ ဝင်​စား​သော မ​နာ​ရှေ​အ​မျိုး​သား​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 ဖိလိတ္တိ​လူမျိုး​တို့​သည် ရှောလု​မင်းကြီး​ကို စစ်တိုက်​သွား​သောအခါ ဒါဝိဒ်​လည်း လိုက်ပါ​ရာ မနာရှေ​အမျိုး​တစ်ချို့​သည် ဒါဝိဒ်​ထံ​ရောက်လာ​ကြ​၏​။ သို့သော် ဖိလိတ္တိ​မင်းကြီး​တို့​က “​သူ​သည် သူ့​သခင်​ရှောလု​မင်းကြီး​နှင့် ပြန်ပေါင်း​ပြီး ငါ​တို့​ခေါင်း​ကို အပ်​ကောင်း​အပ်​လိမ့်မည်​”​ဟု အချင်းချင်း​တိုင်ပင်​ကြ​ပြီး ဒါဝိဒ်​ကို​ပြန်လွှတ်​လိုက်​သဖြင့် ဒါဝိဒ်​သည် သူ​တို့​ကို စစ်ကူ​မ​တိုက်​ဖြစ်​ခဲ့​ဘဲ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ဒါ​ဝိဒ်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့် အ​တူ ရှော​လု​မင်း​ကို​တိုက်​ရန်​စစ်​ချီ​သွား သော​အ​ခါ မ​နာ​ရှေ​အ​နွယ်​ဝင်​စစ်​သူ​ရဲ အ​ချို့​တို့​သည် ဒါ​ဝိဒ်​ဘက်​သို့​ဝင်​ရောက်​လာ ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့ က​ဒါ​ဝိဒ်​သည် မိ​မိ​၏​အ​ရှင်​ဟောင်း​ရှော​လု ဘက်​သို့​ပါ​၍​သူ​တို့​ကို​သစ္စာ​ဖောက်​လိမ့်​မည် ဟု​စိုး​ရိမ်​သ​ဖြင့် သူ့​အား​ဇိ​က​လတ်​မြို့​သို့ ပြန်​လွှတ်​လိုက်​ကြ​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည် စင်​စစ်​အား​ဖြင့် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ဘက်​မှ​ကူ​၍​စစ်​မ​တိုက်​ခဲ့​ရ​ပေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 12:19
7 ပူးပေါင်းရင်းမြစ်များ  

ဝန်​စာ​ရေး​က၊ ချမ်း​သာ​ပါ​စေ၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​ဘု​ရား​သ​ခင်၊ သင်​တို့​အ​ဘ​၏​ဘု​ရား​သ​ခင်​သည် သင်​တို့​အိတ်​များ၌ ဘ​ဏ္ဍာ​ကို​သ​နား​တော်​မူ​ပြီ။ သင်​တို့ ငွေ​ကို​ငါ​ခံ​ရ​ပြီ​ဟု​ဆို​သ​ဖြင့်၊ ရှိ​မောင်​ကို​ထုတ်၍ အပ်​လိုက်​လေ​၏။


အ​ဗ​ရှ​လုံ​သည် ဗိုလ်​ချုပ်​မင်း​ယွာ​ဘ​အ​ရာ၌ အာ​မ​သ​ကို​ခန့်​ထား၏။ အာ​မ​သ​ကား၊ ယွာ​ဘ​အ​မိ ဇေ​ရု​ယာ၏​ညီ​မ​နာ​ဟတ်​သ​မီး အ​ဘိ​ဂဲ​လ​နှင့် စုံ​ဖက်​သော ဣ​ရှ​မေ​လ​အ​မျိုး​ယေ​သာ၏​သား ဖြစ်​သ​တည်း။


မိ​မိ​အ​မျိုး​သား​တို့​တွင် လူ​တစ်​ထောင်​ကို အုပ်​သော​ဗိုလ်၊ အာ​ဒ​န၊ ယော​ဇ​ဗဒ်၊ ယေ​ဒ​ယေ​လ၊ မိ​က္ခေ​လ၊ ယော​ဇ​ဗဒ်၊ ဧ​လိ​ဟု၊ ဇိ​လ​သဲ​တည်း။


ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဇိ​အုန်​တောင်​အ​ဖို့ အ​လွန်​စိတ်​အား​ကြီး​ပြီ။ အ​လွန်​အ​မျက်​ထွက်၍ သူ့​အ​ဖို့ စိတ်​အား​ကြီး​ပြီ။


ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဂိ​ဒေါင်​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် တံ​ပိုး​မှုတ်​သ​ဖြင့် အ​ဗျေ​ဇာ​သား​တို့​သည် လိုက်​ကြ၏။


သို့​ဖြစ်၍ သင်​နှင့်​လိုက်​လာ​သော သင့်​သ​ခင်၏ ကျွန်​တို့​နှင့်​အ​တူ နံ​နက်​စော​စော​ထ၍ မိုး​လင်း​သော​အ​ခါ ပြန်​သွား​တော့​ဟု ဒါ​ဝိဒ်​အား ဆို​သည်​အ​တိုင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ