Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 10:1 - Judson Bible in Zawgyi Version

1 ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ကို​စစ်​တိုက်၍၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​ရှေ့​မှာ​ပြေး​သ​ဖြင့်၊ ဂိ​လ​ဗော​တောင်​ပေါ်​မှာ အ​ထိ​အ​ခိုက်​နှင့် လဲ၍​သေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 တစ်ချိန်တွင် ဖိလိတ္တိ​လူမျိုး​တို့​နှင့် အစ္စရေး​လူမျိုး​တို့ တိုက်ခိုက်​ကြ​ရာ အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ထံမှ ထွက်ပြေး​ကြ​ရ​ပြီး ဂိလဗော​တောင်​ပေါ်တွင် လဲကျ​သေဆုံး​ကြ​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့် ဂိ​လ​ဗော​တောင်​ပေါ်​တွင် တိုက်​ပွဲ​ဖြစ်​ကြ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​မြောက်​အ​မြား​ကျ​ဆုံး​ကြ လေ​သည်။ ရှော​လု​မင်း​နှင့်​သား​တော်​များ အ​ပါ​အ​ဝင်​ကျန်​ရှိ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 10:1
9 ပူးပေါင်းရင်းမြစ်များ  

အို ဂိ​လ​ဗော​တောင်​တို့၊ သင်​တို့​အ​ပေါ်​မှာ နှင်း​မ​ကျ​စေ​နှင့်။ မိုး​မ​ရွာ​စေ​နှင့်။ ပူ​ဇော်​စ​ရာ​အ​သီး​ကို​သီး​သော လယ်​ကွက်​မ​ရှိ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ သူ​ရဲ​ဆောင်​သော ဒိုင်း​တည်း​ဟူ​သော ရှော​လု​ဆောင်​သော​ဒိုင်း​လွှား၊ ဆီ​နှင့်​လိမ်း​ပြီး​သော လက်​နက်​တော်​ကို ရှုတ်​ချ​လေ​ပြီ​တ​ကား။


ထို​လု​လင်​က၊ ကျွန်​တော်​သည် ဂိ​လ​ဗော​တောင်​ပေါ်​သို့ အ​လို​လို​ရောက်​သော​အ​ခါ၊ ရှော​လု​သည် လှံ​တော်​ကို​မှီ​ထောက်​လျက်​နေ​ပါ၏။ ရ​ထား​စီး​သူ​ရဲ မြင်း​စီး​သူ​ရဲ​တို့​သည် ပြင်း​ထန်​စွာ​လိုက်​ကြ၏။


ဖိ​လိ​တ္တိ​လူ​တို့​သည် ဂိ​လ​ဗော​တောင်၌ ရှော​လု​ကို​သတ်၍၊ အ​လောင်း​တော်​ကို​ဆွဲ​ထား​ရာ ဗက်​ရှမ်​လမ်း​မှ ခိုး​သွား​သော ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သူ​မြို့​သား​တို့​ရှိ​ရာ​သို့ ရှင်​ဘု​ရင်​သွား၍၊ ရှော​လု​အ​ရိုး​နှင့် သား​တော်​ယော​န​သန်​အ​ရိုး​တို့​ကို​ယူ၍၊


နက်​ဖြန်​နေ့၌ ဖိ​လိ​တ္တိ​လူ​တို့​သည် အ​သေ​ကောင်​တို့၌၊ အ​ဝတ်​တန်​ဆာ​ကို ချွတ်​ခြင်း​ငှာ​လာ​သော​အ​ခါ၊ ဂိ​လ​ဗော​တောင်​ပေါ်​မှာ ရှော​လု​နှင့် သူ၏​သား​သုံး​ယောက်​တို့​သည် သေ​လျက်​ရှိ​သည်​ကို တွေ့​မြင်​ကြ၏။


အာ​ဇေ​လ​သား​ခြောက်​ယောက်​အ​မည်​ကား အာ​ဇ​ရိ​ကံ၊ ဗော​ခေ​ရု၊ ဣ​ရှ​မေ​လ၊ ရှ​ရိ​ယ၊ သြ​ဗ​ဒိ၊ ဟာ​နန်​တည်း။


ထို​ကာ​လ၌ ဖိ​လိ​တ္တိ​လူ​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​အံ့​သော​ငှာ ဗိုလ်​ခြေ​များ​ကို စု​ဝေး​ကြ၏။ အာ​ခိတ်​မင်း​က​လည်း၊ သင်​သည် လူ​များ​ပါ​လျက် ငါ​နှင့်​လိုက်၍ စစ်​တိုက်​သွား​ရ​မည်​ကို ဆက်​ဆက်​သ​ဘော​ကျ​လော့​ဟု ဒါ​ဝိဒ်​အား​ဆို​လျှင်၊


ထို​အ​ခါ ဖိ​လိ​တ္တိ​လူ​တို့​သည် စု​ဝေး၍ ရှု​နင်​မြို့​မှာ တပ်​ချ​ကြ၏။ ရှော​လု​သည်​လည်း ဣ​သ​ရ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍ သူ​တို့​သည် ဂိ​လ​ဗော​မြို့​မှာ တပ်​ချ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ