Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 8:3 - မြန်မာ

3 ဟေ​ရုဒ်​မင်း၏​စား​တော်​ကဲ ခု​ဇ၏​မ​ယား​ယော​ဟ​န္န​နှင့် ရှု​ရှ​န္န​မှ​စ၍ မိ​မိ​ဥ​စ္စာ​ကို​လှူ၍ ကိုယ်​တော်​ကို လုပ်​ကျွေး​သော အ​ခြား​မိန်း​မ​အ​များ ပါ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ဟေ​ရုဒ်​မင်း​၏​အိမ်​ထောင်​အုပ်​ချုပ်​ရေး​မှူး​ခု​ဇ​၏ ဇ​နီး​ယော​ဟန္န၊ ရှု​ရှန္န​နှင့်​အ​ခြား​အ​မျိုး​သ​မီး များ​ပါ​၏။ ဤ​အ​မျိုး​သမီး​များ​သည်​မိ​မိ​တို့ စ​ရိတ်​ဖြင့်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​အား လုပ်​ကျွေး​သ​မှု​ပြု​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ရှု ရှ န္န တို့ နှင့် နတ် ဆိုး ပူး ခြင်း၊ အ နာ ရော ဂါ ကပ် ခြင်း မှ ကင်း စေ တော် မူ ဘူး သော အ ခြား ဒါ ယ ကာ မ အ များ သည် ကိုယ့် စ ရိတ် နှင့် လုပ် ကျွေး သ မှု ပြု လျက် လိုက် ပါ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ဟေ​ရုဒ်​မင်း၏​စား​တော်​ကဲ ခု​ဇ၏​မ​ယား​ယော​ဟ​န္န​နှင့် ရှု​ရှ​န္န​မှ​စ၍ မိ​မိ​ဥ​စ္စာ​ကို​လှူ၍ ကိုယ်​တော်​ကို လုပ်​ကျွေး​သော အ​ခြား​မိန်း​မ​အ​များ ပါ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 နယ်စား​ဟေရုဒ်​၏​အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ ခုဇ​၏​ဇနီး ယောဟန္န​မှစ၍ ရှုရှန္န​အပါအဝင် အခြား​အမျိုးသမီး​အမြောက်အမြား​ရှိ​ကြ​၏။ ဤ​အမျိုးသမီး​တို့​သည် မိမိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ဖြင့် ကိုယ်တော်​နှင့်​တပည့်​တော်​တို့​ကို လုပ်ကျွေး​ပြုစု​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ဟေရုဒ်​၏​အိမ်တော်ထိန်း​ခုဇ​၏​ဇနီး ယောဟန္န​နှင့် ရှုရှန္န​အပါအဝင် ယေရှု​နှင့် တပည့်တော်တို့​အား မိမိတို့​ဥစ္စာများ​ဖြင့် ကူညီ​ထောက်ပံ့သော အခြား​အမျိုးသမီးများ​လည်း ပါကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:3
19 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ စော်​ဘွား​ဟေ​ရုဒ်​သည် ယေ​ရှု၏ သ​တင်း​တော်​ကို​ကြား​လျှင်၊-


အ​ထက်​က ဟေ​ရုဒ်​သည် မိ​မိ​ညီ​ဖိ​လိ​ပ္ပု၏​ခင်​ပွန်း ဟေ​ရော​ဒိ​အ​ကြောင်း​ကြောင့်၊ ယော​ဟန်​ကို ဖမ်း​ဆီး​ချည်​နှောင်၍ ထောင်​ထဲ​မှာ လှောင်​ထား၏။-


ထို​နောက်​မှ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ခံ​စဉ်​တွင်၊ ဟေ​ရော​ဒိ၏​သ​မီး​သည် ပွဲ​သ​ဘင်၌ က​သ​ဖြင့် ဟေ​ရုဒ်​သည် နူး​ညွတ်​သော​စိတ်​ရှိ​လျှင်၊-


အိမ်​သို့​ဝင်​လေ​သော်၊ မယ်​တော်​မာ​ရိ​နှင့်​တ​ကွ သူ​ငယ်​တော်​ကို တွေ့​မြင်​လျှင် ပျပ်​ဝပ်​ကိုး​ကွယ်၍၊ မိ​မိ​တို့ ဘ​ဏ္ဍာ​ဥ​စ္စာ​တို့​ကို ဖွင့်​ပြီး​မှ လော​ဗန်​နှင့် မု​ရန် တည်း​ဟူ​သော နံ့​သာ​မျိုး​ကို​လည်း​ကောင်း၊ ရွှေ​ကို​လည်း​ကောင်း ဆက်​ကပ်​ပူ​ဇော်​ကြ၏။-


ည​အ​ချိန် ရောက်​သော​အ​ခါ စ​ပျစ်​ဥ​ယျာဉ်​ရှင်​က လုပ်​ဆောင်​သော သူ​တို့​ကို ခေါ်​ခဲ့​လော့။ နောက်​ဝင်​သော သူ​မှ​စ၍ အ​ရင်​အ​ဦး​ဝင်​သော သူ​တိုင်​အောင် အ​ခ​ကို​ပေး​လော့​ဟု မိ​မိ​စာ​ရေး​ကို မှာ​လိုက်​လေ၏။-


မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တည်း​ဟူ​သော ငါ့​ညီ​တို့​တွင် အ​ငယ်​ဆုံး​သော သူ​တစ်​ယောက်​အား ပြု​ကြ​သ​မျှ​တို့​ကို ငါ့​အား​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-


ဆင်း​ရဲ​သော​သူ​တို့​သည် သင်​တို့၌ အ​စဉ်​ရှိ​ကြ၏။ ငါ​မူ​ကား သင်​တို့၌​အ​စဉ် ရှိ​သည်​မ​ဟုတ်။-


ဂါ​လိ​လဲ​ပြည်​က ယေ​ရှု​နောက်​တော်၌ အ​လုပ်​အ​ကျွေး လိုက်​လာ​သော မိန်း​မ​အ​များ​တို့​သည်​လည်း ထို​အ​ရပ်၌ အ​ဝေး​က​ကြည့်​ရှု၍ နေ​ကြ၏။-


ထို​အ​ကြောင်း​အ​ရာ​ကို တ​မန်​တော်​တို့​အား ပြော​သော​သူ​ကား၊ မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​ဟ​န္န၊ ယာ​ကုပ်၏ အ​မိ​ဖြစ်​သော​မာ​ရိ​မှ​စ၍ အ​ခြား​သော​မိန်း​မ​များ ဖြစ်​သ​တည်း။-


ထို​သို့​ဆို​သော်၊ ဆင်း​ရဲ​သော​သူ​တို့​အ​ကျိုး​ကို ထောက်၍ ဆို​သည်​မ​ဟုတ်။ မိ​မိ​သည် သူ​ခိုး​ဖြစ်​လျက်၊ တ​ပည့်​တော်​များ​သုံး​ရန် ငွေ​အိတ်​ကို​ဆောင်၍ နှိုက်​ယူ​တတ်​သော​ကြောင့်​သာ ဆို​သ​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ