Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 7:6 - မြန်မာ

6 ယေ​ရှု​သည် သူ​တို့​နှင့်​အ​တူ ကြွ​တော်​မူ၏။ တပ်​မှူး​အိမ်​နှင့် မ​နီး​မ​ဝေး​ရောက်​တော်​မူ​သော​အ​ခါ၊ တပ်​မှူး​သည် မိ​မိ​အ​ဆွေ​တို့​ကို စေ​လွှတ်၍၊ သ​ခင်၊ ကိုယ်​ကို ပင်​ပန်း​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်၏ အိမ်​မိုး​အောက်​သို့ ကြွ​ဝင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​မ​ခံ​ထိုက်​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​နှင့်​အ​တူ​ကြွ​တော် မူ​၍ တပ်​ခွဲ​မှူး​၏​အိမ်​နှင့်​မ​လှမ်း​မ​ကမ်း​သို့​ရောက် တော်​မူ​၏။ ထို​အ​ခါ​တပ်​ခွဲ​မှူး​သည်​မိတ်​ဆွေ​များ ကို​ကိုယ်​တော်​၏​ထံ​သို့​စေ​လွှတ်​ကာ ``အ​ရှင်၊ ဒုက္ခ ရှာ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​မ​ထိုက်​မ​တန် သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏​အိမ်​မိုး​အောက်​သို့​အ​ရှင် ဝင်​တော်​မူ​ရန်​မ​သင့်​လျော်​ပါ။ ထို့​အ​တူ​အ​ကျွန်ုပ် သည်​အ​ရှင်​၏​အ​ထံ​တော်​သို့​လာ​ထိုက်​သူ​မ​ဟုတ် ဟု​ယူ​ဆ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 အိမ် နှင့် မ နီး မ ဝေး ရောက် တော် မူ သော် တပ် မှူး သည် မိတ် ဆွေ တို့ ကို လွှတ်၍ အ ရှင် ဘု ရား ပင် ပန်း ရှာ တော် မ မူ ပါ နှင့်။ အ ကျွန်ုပ်၏ အိမ် တွင်း သို့ ကြွ ဝင် တော် မူ ခြင်း ကို မ ခံ ထိုက် သည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ယေ​ရှု​သည် သူ​တို့​နှင့်​အ​တူ ကြွ​တော်​မူ၏။ တပ်​မှူး​အိမ်​နှင့် မ​နီး​မ​ဝေး​ရောက်​တော်​မူ​သော​အ​ခါ၊ တပ်​မှူး​သည် မိ​မိ​အ​ဆွေ​တို့​ကို စေ​လွှတ်၍၊ သ​ခင်၊ ကိုယ်​ကို ပင်​ပန်း​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်၏ အိမ်​မိုး​အောက်​သို့ ကြွ​ဝင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​မ​ခံ​ထိုက်​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထိုအခါ ယေရှု​သည် ထို​သူ​တို့​နှင့်အတူ​ကြွ​တော်မူ​၏။ တပ်မှူး​၏​အိမ်​နှင့် မ​ဝေး​လှ​သော​နေရာ​သို့​ရောက်​တော်မူ​သောအခါ တပ်မှူး​သည် မိတ်ဆွေ​များ​ကို​စေလွှတ်​၍ “သခင်​ဘုရား၊ အပင်ပန်း​ခံ​တော်​မ​မူ​ပါ​နှင့်။ အကြောင်းမူကား အကျွန်ုပ်​၏​အိမ်​ခေါင်မိုး​အောက်သို့ ကိုယ်တော်​ကြွ​ဝင်​တော်မူ​ခြင်း​ကျေးဇူး​ကို အကျွန်ုပ်​မ​ခံ​ထိုက်​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ထိုအခါ ယေရှု​သည် ထို​သူတို့​နှင့်အတူ ကြွတော်မူ၏။ သို့သော်လည်း အိမ်​အနီး​သို့ ရောက်​သောအခါ တပ်မှူး​သည် မိမိ​၏​မိတ်ဆွေတို့​ကို တစ်ဖန်​စေလွှတ်​၍ “သခင်… ဒုက္ခ​မခံပါနှင့်။ အကျွန်ုပ်​၏​အိမ်မိုး​အောက်​သို့ သခင်​ကြွဝင်တော်မူခြင်း​ကို​ပင် အကျွန်ုပ်​မခံထိုက်ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 7:6
15 ပူးပေါင်းရင်းမြစ်များ  

သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သည်​ဖြစ်၍၊ ထို​နည်း​တူ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​လို​သော​သူ​ကို သင်​တို့​အ​စေ​ခံ​ဖြစ်​စေ။ သင်​တို့​တွင်​အ​ထွတ်​အ​မြတ် လုပ်​ချင်​သော​သူ​ကို​လည်း သင်​တို့​ကျွန်​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။


ငါ​သည် နောင်​တ​အ​ဖို့​အ​လို​ငှာ သင်​တို့​ကို ရေ​နှင့်​ဗ​တ္တိ​ဇံ​ပေး၏။ ငါ့​နောက် ကြွ​လာ​သော​သူ​သည် ငါ့​ထက် တတ်​စွမ်း​နိုင်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကို​မျှ ဆောင်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ မီး​နှင့်​လည်း​ကောင်း၊ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။


ကိုယ်​တော်​သည် သူ​နှင့်​အ​တူ​သွား၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ခြံ​ရံ​လျက် ထိ​ခိုက်​တိုက်​မိ​ကြ၏။


ရှိ​မုန်​ပေ​တ​ရု​သည် မြင်​လျှင်၊ ယေ​ရှု၏ ပု​ဆစ်​တော်​ကို ဦး​တိုက်၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ပြစ်​များ​သော​သူ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​ဆီ​မှ ကြွ​သွား​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-


ထို​သူ​တို့​သည် ယေ​ရှု​ထံ​တော်​သို့​ရောက်​လျှင်၊ ကျေး​ဇူး​တော်​ကို ခံ​မည့်​သူ​သည် ခံ​ထိုက်​သော​သူ​ဖြစ်​ပါ၏။-


သူ​သည် အ​ကျွန်ုပ်​တို့​အ​မျိုး​ကို နှစ်​သက်၍ အ​ကျွန်ုပ်​တို့​အ​ဖို့ တ​ရား​ဇ​ရပ်​ကို ဆောက်​ပါ​ပြီ​ဟူ၍ ကျပ်​ကျပ်​တောင်း​ပန်​ကြ၏။-


ထို​အ​တူ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ ရောက်​ထိုက်​သော​သူ မ​ဟုတ်​သည်​ကို အ​ကျွန်ုပ်​ထင်​ပါ​ပြီ။ အ​မိန့်​တော်​တစ်​ခွန်း​ရှိ​လျှင် အ​ကျွန်ုပ်၏​ငယ်​သား​သည် ချမ်း​သာ​ရ​ပါ​လိမ့်​မည်။-


ထို​သို့ မိန့်​တော်​မူ​စဉ်​တွင် တ​ရား​ဇ​ရပ်​မှူး​အိမ်​မှ လူ​လာ၍၊ ကိုယ်​တော်၏ သ​မီး​သေ​ပါ​ပြီ။ ဆ​ရာ​ကို မ​နှောင့်​ယှက်​ပါ​နှင့်​ဟု ဆို၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ