Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 7:33 - မြန်မာ

33 အ​ကြောင်း​မူ​ကား၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် မုန့်​ကို​မ​စား၊ စ​ပျစ်​ရည်​ကို​မ​သောက်​ဘဲ လာ​သည်​ရှိ​သော် သင်​တို့​က၊ ဤ​သူ​သည် နတ်​ဆိုး​စွဲ​သော သူ​ပါ​တ​ကား​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 အ​ဘယ်​ကြောင့်​ဆို​သော်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သည်​အ​စား​အ​စာ​ကို​မ​စား၊ စ​ပျစ်​ရည်​ကို မ​သောက်​ဘဲ​လာ​သော​အ​ခါ​သင်​တို့​က `ဤ သူ​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ' ဟု​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ဗ တ္တိ ဇံ ဆ ရာ ယော ဟန် သည် ဘော ဇဉ် မ စား၊ စ ပျစ် ရည် မ သောက် ဘဲ ရောက် လာ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 အ​ကြောင်း​မူ​ကား၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် မုန့်​ကို​မ​စား၊ စ​ပျစ်​ရည်​ကို​မ​သောက်​ဘဲ လာ​သည်​ရှိ​သော် သင်​တို့​က၊ ဤ​သူ​သည် နတ်​ဆိုး​စွဲ​သော သူ​ပါ​တ​ကား​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 အကြောင်းမူကား ဗတ္တိဇံ​ဆရာ​ယောဟန်​သည် ရောက်လာ​၍ အစာ​ကို​မ​စား၊ စပျစ်​ဝိုင်​ကို​လည်း မ​သောက်​ဘဲ​နေ​သော် ‘သူ​၌ နတ်ဆိုး​ပူး​နေ​သည်’​ဟု ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 အဘယ်ကြောင့်ဆိုသော် နှစ်ခြင်းဆရာ​ယောဟန်​သည် အစာ​ကို မစား၊ စပျစ်ဝိုင်​ကို မသောက်ဘဲ​နေသောအခါ သင်တို့​က ‘သူ​သည်​နတ်ဆိုးပူးသူ​ဖြစ်သည်’ ဟု ပြောကြ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 7:33
12 ပူးပေါင်းရင်းမြစ်များ  

တ​ပည့်​သည် ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လျှင် သင့်​လောက်​ပေ၏။ အိမ်​ရှင်​ကို ဗေ​လ​ဇေ​ဗု​လ​ဟု ခေါ်​ဝေါ်​ကြ​လျှင်၊ အိမ်​သူ​အိမ်​သား​တို့​ကို သာ၍ ခေါ်​ဝေါ်​ကြ​လိမ့်​မည်။-


ထို​ကာ​လ​အ​ခါ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် ပေါ်​ထွန်း​လျှင်၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ။-


ယော​ဟန်​သည် ကု​လား​အုတ်​အ​မွေး​နှင့်​ရက်​သော အ​ဝတ်​ကို​ဝတ်​လျက်၊ ခါး၌​သား​ရေ​ခါး​ပန်း​ကို စည်း​လျက်၊ ကျိုင်း​ကောင်​နှင့် တော၌​ဖြစ်​သော ပျား​ရည်​ကို စား​လျက်​နေ၏။


ယော​ဟန်​သည် ကု​လား​အုတ်​အ​မွေး​နှင့် ရက်​သော​အ​ဝတ်​ကို ဝတ်​လျက်၊ ခါး၌ သား​ရေ​ခါး​ပန်း​ကို စည်း​လျက်၊ ကျိုင်း​ကောင်​နှင့် တော၌​ဖြစ်​သော​ပျား​ရည်​ကို စား​လျက်​နေ၏။-


အ​ကြောင်း​မူ​ကား၊ ထို​သား​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်။ စ​ပျစ်​ရည်​နှင့် ယစ်​မျိုး​ကို မ​သောက်​ဘဲ​နေ၍၊ အ​မိ​ဝမ်း​ထဲ​က​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​ဝ​လိမ့်​မည်။-


ပွဲ​သ​ဘင်၌ ထိုင်​နေ​သော​သူ​ငယ်​ချင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် အ​သံ​လွှင့်​ကြ၍၊ ငါ​တို့​သည် သာ​ယာ​စွာ​တီး​မှုတ်​သော်​လည်း သင်​တို့​သည် မ​က​ကြ။ ညည်း​တွား​စွာ မြည်​တမ်း​သော်​လည်း မ​ငို​ကြွေး​ကြ​ဟု ပြော​ဆို​သော​သူ​ငယ်​တို့​နှင့် ဤ​လူ​မျိုး​သည် တူ​လှ၏။-


လူ​သား​သည် စား​သောက်​လျက် လာ​သည်​ရှိ​သော်၊ ဤ​သူ​သည် စား​ကြူး​သော​သူ၊ စ​ပျစ်​ရည်​သောက်​ကြူး​သော​သူ ပါ​တ​ကား။ အ​ခွန်​ခံ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​ကို မိတ်​ဆွေ​ဖွဲ့​သော​သူ ပါ​တ​ကား​ဟု ဆို​ပြန်​ကြ၏။-


လူ​များ​တို့​က၊ သူ​သည် နတ်​ဆိုး​စွဲ၍​အ​ရူး​ဖြစ်၏။ သူ့​စ​ကား​ကို အ​ဘယ်​ကြောင့်​နား​ထောင်​သ​နည်း​ဟု ဆို​ကြ၏။-


ယု​ဒ​လူ​တို့​က​လည်း၊ သင်​သည် ရှ​မာ​ရိ​လူ​ဖြစ်၏။ နတ်​ဆိုး​စွဲ​သော​သူ​လည်း​ဖြစ်၏​ဟု ငါ​တို့​ပြော​သော​စ​ကား​သည် လျောက်​ပတ်​သည်​မ​ဟုတ်​လော​ဟု ဆို​ကြ၏။-


ယု​ဒ​လူ​တို့​က​လည်း၊ သင်၌​နတ်​ဆိုး​စွဲ​သည်​ကို ယ​ခု​ငါ​တို့​သိ​ကြ၏။ အာ​ဗြ​ဟံ​မှ​စ၍ ပ​ရော​ဖက်​တို့​သည် သေ​လွန်​ကြ​ပြီ။ သင်​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​သော​သူ​သည် သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ်​ကင်း​လွတ်​လိမ့်​မည်​ဟု ဆို​ပါ​သည်​တ​ကား။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ