Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 4:23 - မြန်မာ

23 ယေ​ရှု​က​လည်း၊ အ​ကယ်၍ သင်​တို့​သည် ပုံ​ပ​မာ​ကို​ဆောင်​လျက်၊ အ​ချင်း​ဆေး​သ​မား၊ ကိုယ်​အ​နာ​ကို ငြိမ်း​စေ​လော့။ ငါ​တို့​သည် သ​တင်း​ကြား​သည်​အ​တိုင်း၊ သင်​သည် က​ပေ​ရ​နောင်​မြို့၌ ပြု​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ကိုယ်​နေ​ရင်း​မြို့၌​လည်း ပြု​ပါ​ဟူ၍ ငါ့​အား ပြော​ဆို​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ကိုယ်​တော်​က ``သင်​တို့​သည် `အ​ချင်း​ဆ​ရာ​ဝန်၊ သင့်​ရော​ဂါ​ကို​သင်​ပျောက်​အောင်​ကု​လော့' ဟူ သော​ဆို​ရိုး​စ​ကား​ကို​အ​သုံး​ပြု​ကာ​ငါ့ အား​ဆို​လိမ့်​မည်။ က​ပေ​ရ​နောင်​မြို့​တွင်​အ​ရှင် ပြု​ခဲ့​သည်​ဟု​အ​ကျွန်ုပ်​တို့​ကြား​သိ​ရ​သည့် အ​မှု​အ​ရာ​များ​ကို အ​ရှင့်​နေ​ရင်း​မြို့​တွင် လည်း​ပြု​တော်​မူ​ပါ​ဟု​ငါ့​အား​မု​ချ​ပြော ဆို​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ကိုယ် တော် က၊ သင် တို့ သည် ငါ့ အား အ ချင်း ဆေး သ မား၊ ကိုယ် ကို ကျန်း မာ စေ လော့ ဟူ သော ဆို ရိုး အ လိုက်၊ က ပေ ရ နောင် မြို့ တွင် ပြု ခဲ့ ကြောင်း ငါ တို့ ကြား ရ သ မျှ ကို နေ ရင်း မြို့၌ လည်း ပြု ဦး လော့၊ ဆို ကောင်း ဆို ကြ လိမ့် မည် ဟု မိန့် တော် မူ ပြီး နောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ယေ​ရှု​က​လည်း၊ အ​ကယ်၍ သင်​တို့​သည် ပုံ​ပ​မာ​ကို​ဆောင်​လျက်၊ အ​ချင်း​ဆေး​သ​မား၊ ကိုယ်​အ​နာ​ကို ငြိမ်း​စေ​လော့။ ငါ​တို့​သည် သ​တင်း​ကြား​သည်​အ​တိုင်း၊ သင်​သည် က​ပေ​ရ​နောင်​မြို့၌ ပြု​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ကိုယ်​နေ​ရင်း​မြို့၌​လည်း ပြု​ပါ​ဟူ၍ ငါ့​အား ပြော​ဆို​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ကိုယ်တော်​က​လည်း“အသင်​ဆေးဆရာ၊ သင့်​ရောဂါ​ကို သင်​ပျောက်ကင်း​စေ​လော့​ဟူသော​ဆိုရိုး​စကား​အတိုင်း ‘ကပေရနောင်​မြို့​တွင် သင်​ပြု​ခဲ့​သည်​ဟု ငါ​တို့​ကြား​ရ​သည့်​အမှု​များ​ကို သင်​၏​နေရင်း​မြို့​ဖြစ်​သော ဤ​အရပ်​၌​လည်း​ပြု​ပါ’​ဟု သင်​တို့​သည် ငါ့​အား မုချ​ပြော​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​ပြီးနောက်

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ယေရှု​ကလည်း “သင်တို့​က ‘ဆရာဝန်… သင်​သည် မိမိ​ရောဂါ​ကို မိမိ​ပြန်​၍ ပျောက်ကင်းအောင်​ကုသလော့’ ဟူသော စကားပုံ​နှင့်အညီ ‘ကပေရနောင်မြို့​၌ သင်​ပြုသည့်​အံ့ဖွယ်အမှုများ​ကို ငါတို့​ကြားခဲ့ရသည့်​အတိုင်း သင်​၏​နေရပ်မြို့​ဖြစ်သော ဤ​နေရာ​၌​လည်း ပြုလော့’ ဟု ငါ့​ကို ဧကန်​မုချ​ပြောဆိုကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 4:23
20 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်​မှ​ကြွ၍ တ​ပည့်​တော်​တို့​သည် လိုက်​ကြ​သ​ဖြင့် မိ​မိ​မြို့​သို့ ရောက်​တော်​မူ၏။-


နာ​ဇ​ရက်​မြို့​ကို စွန့်​သွား​လျက်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​စပ်​ကြား​တွင် အိုင်​နှင့်​နီး​စပ်​သော က​ပေ​ရ​နောင်​မြို့​သို့ ရောက်၍ နေ​တော်​မူ၏။-


ထို​မိန်း​မ​သည်​လည်း ရေ​အိုး​ကို​ထား​ခဲ့၍ မြို့​ထဲ​သို့ သွား​ပြီး​လျှင်၊-


ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​မြင်​မ​မှတ်​ဘဲ​လျက်၊ ညီ​အစ်​ကို၊ သင်၏​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို ထုတ်​ပါ​ရ​စေ​ဟု အ​ဘယ်​သို့ ညီ​အစ်​ကို​အား​ဆို​ရ​သ​နည်း။ လျှို့​ဝှက်​သော​သူ၊ ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို ရှေ့​ဦး​စွာ​ထုတ်​လော့။ နောက်​မှ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို​ထုတ်​ခြင်း​ငှာ ရှင်း​လင်း​စွာ​မြင်​လိမ့်​မည်။


ကြီး​ပွား​တော်​မူ​ရာ နာ​ဇ​ရက်​မြို့​သို့ ရောက်​ပြန်​လျှင်၊ ထုံး​စံ​တော်​ရှိ​သည်​အ​တိုင်း ဥ​ပုသ်​နေ့၌ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ကျမ်း​စာ​ကို ဖတ်​ရွတ်​ခြင်း​ငှာ ထ​တော်​မူ၏။-


ထို​နောက်​မှ မိ​မိ​မြို့​သို့​ရောက်​တော်​မူ၍ တ​ရား​ဇ​ရပ်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လေ၏။ မြို့​သား​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ​သ​ဖြင့်၊ ဤ​သူ​သည် ဤ​ပ​ညာ​ကို​လည်း​ကောင်း၊ ဤ​တန်​ခိုး​ကို​လည်း​ကောင်း အ​ဘယ်​မှာ​ရ​သ​နည်း။-


ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။


မိ​ဘ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​အ​တိုင်း ပြု​ရ​သ​မျှ​တို့​ကို အ​ကုန်​အ​စင်​ပြု​ပြီး​မှ၊ ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​အ​မည်​ရှိ​သော မိ​မိ​တို့​မြို့​သို့ ပြန်​ကြ၏။-


ထို​နောက် ယေ​ရှု​သည် မိ​ဘ​တို့​နှင့်​အ​တူ​သွား​သ​ဖြင့် နာ​ဇ​ရက်​မြို့​သို့​ရောက်၍ သူ​တို့​စ​ကား​ကို နား​ထောင်​လျက် နေ​လေ၏။ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​ကို မယ်​တော်​သည် နှ​လုံး​ထဲ၌ မှတ်​ကျုံး​လေ၏။-


ဂါ​လိ​လဲ​ပြည် က​ပေ​ရ​နောင်​မြို့​သို့​ရောက်​လျှင်၊ ဥ​ပုသ်​နေ့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ တိတ်​ဆိတ်​စွာ​နေ​လော့။ ထို​သူ၏​အ​ထဲ​က ထွက်​သွား​လော့​ဟု ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် ထို​သူ​ကို လူ​အ​များ​အ​လယ်၌ လှဲ​ချ၍ ဘေး​ဥ​ပဒ်​မ​ပြု​ဘဲ ထွက်​သွား၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ