Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 3:8 - မြန်မာ

8 နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်​သည်​ဟူ၍ စိတ်​ထဲ၌ မ​အောက်​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် ဤ​ကျောက်​ခဲ​တို့​မှ အာ​ဗြ​ဟံ​သား​တို့​ကို ထုတ်​ဖော် ဖန်​ဆင်း​နိုင်​တော်​မူ​သည်​ဟု ငါ​အ​မှန်​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 နောင်​တ​နှင့်​လျော်​ကန်​သည့်​အ​ကျင့်​ကို​ကျင့်​ကြ လော့။ အာ​ဗြ​ဟံ​သည်​ငါ​တို့​၏​အ​ဖ​ဖြစ်​သည်​ဟု မ​ပြော​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည်​ဤ​ကျောက်​ခဲ များ​ကို​အာ​ဗြ​ဟံ​၏​သား​သ​မီး​များ​ဖြစ်​စေ ရန်​ဖန်​ဆင်း​တော်​မူ​နိုင်​သည်​ဟု​သင်​တို့​အား ငါ​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 နောင် တ ရ ခြင်း နှင့် ထိုက် လျော် သော အ သီး ကို သီး ကြ လော့။ ငါ တို့၌ အ ဘ အာ ဗြ ဟံ ရှိ ပြီ ဟု မ အောက် မေ့ ကြ နှင့်။ ဤ ကျောက် ခဲ များ ဖြင့် အာ ဗြ ဟံ အ ဖို့ သား သ မီး တို့ ကို ဘု ရား သ ခင် ဖန် ဆင်း တော် မူ နိုင် သည် ငါ ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်​သည်​ဟူ၍ စိတ်​ထဲ၌ မ​အောက်​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် ဤ​ကျောက်​ခဲ​တို့​မှ အာ​ဗြ​ဟံ​သား​တို့​ကို ထုတ်​ဖော် ဖန်​ဆင်း​နိုင်​တော်​မူ​သည်​ဟု ငါ​အ​မှန်​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သို့ဖြစ်၍ နောင်တ​နှင့်​ထိုက်တန်​သော​အသီး​ကို သီး​ကြ​လော့။ ငါ​တို့​တွင် အဖ​အာဗြဟံ​ရှိ​သည်​ဟူ၍ သင်​တို့​စိတ်​ထဲ၌​မ​ပြောဆို​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​သည် အာဗြဟံ​အတွက် သားသမီး​များ​ကို ဤ​ကျောက်ခဲ​တို့​ထဲမှ​ပေါ်ထွန်း​စေ​နိုင်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 အပြစ်​မှ နောင်တရ​၍ ဘုရားသခင်​ထံတော်သို့ ပြန်လာကြောင်း​ကို သင်တို့​အကျင့်​အားဖြင့် သက်သေထူကြလော့။ ‘ငါတို့​သည် အာဗြဟံ​၏​မျိုးဆက်များ ဖြစ်ကြ​သောကြောင့် ဘုရားသခင်​သည် ငါတို့​ကို အပြစ်​စီရင်တော်မူမည်​မဟုတ်’ ဟူ၍ မိမိကိုယ်ကိုယ်​မထင်ကြနှင့်။ သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဘုရားသခင်​သည် အာဗြဟံ​အတွက် သားသမီးများ​ကို ဤ​ကျောက်ခဲများ​မှပင် ဖန်းဆင်းတော်မူနိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 3:8
29 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို သင်​တို့​မှ​နုတ်၍ နိုင်​ငံ​တော်၏​အ​သီး​ကို သီး​အံ့​သော​လူ​မျိုး​အား ပေး​ရ​လ​တ္တံ့။-


နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။


အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်​သည်​ဟူ၍ စိတ်​ထဲ၌ မ​အောက်​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် ဤ​ကျောက်​ခဲ​တို့​မှ အာ​ဗြ​ဟံ​သား​တို့​ကို ထုတ်​ဖော်​ဖန်​ဆင်း​နိုင်​တော်​မူ​သည်​ဟု ငါ​အ​မှန်​ဆို၏။


အိမ်​ရှင်​သည် တစ်​ခါ​ထ၍ တံ​ခါး​ကို ပိတ်​ပြီး​မှ၊ သင်​တို့​သည် ပြင်၌​ရပ်၍ တံ​ခါး​ကို​ခေါက်​လျက်၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​အား​ဖွင့်​ပါ​ဟု တောင်း​လျှောက်​သော်​လည်း၊ သ​ခင်​က၊ သင်​တို့​သည် အ​ဘယ်​က​လာ​သည်​ကို ငါ​မ​သိ​ဟု ပြန်​ပြော​လိမ့်​မည်။-


ထို​အ​ခါ သင်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် အ​ထံ​တော်၌ စား​သောက်​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​နေ​သော မြို့​ရွာ၌ ကိုယ်​တော်​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​ပြီ​ဟု လျှောက်​ပြန်​သော်​လည်း၊-


သင်​တို့​နှစ်​ယောက်​ကို ခေါ်​ဖိတ်​သော​သူ​က၊ ဤ​သူ​အား နေ​ရာ​ကို​ပေး​လော့​ဟု​လာ၍ ပြော​လိမ့်​မည်။ ထို​အ​ခါ သင်​သည် ရှက်​ကြောက်​ခြင်း​နှင့် နိမ့်​သော​နေ​ရာ​သို့ ဆင်း​ရ​လိမ့်​မည်။-


ယေ​ရှု​က​လည်း၊ ငါ​ဆို​သည်​ကား၊ ဤ​သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​လျှင် ကျောက်​ခဲ​တို့​သည် ချက်​ချင်း ကြွေး​ကြော်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။


ယေ​ရှု​က​လည်း၊ ဤ​သူ​သည် အာ​ဗြ​ဟံ၏​သား ဖြစ်​သည်​နှင့်​အ​လျောက်၊ ယ​နေ့​ပင် ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဤ​အိမ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။-


ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က၊ ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သော​ဤ​သူ​ကား အ​ဘယ်​သူ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​သည် အ​ပြစ်​ကို လွှတ်​နိုင်​သ​နည်း​ဟု ထင်​မှတ်​ကြ၏။-


ယု​ဒ​လူ​တို့​က​လည်း၊ ငါ​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး ဖြစ်​ကြ၏။ အ​ဘယ်​သူ​ထံ၌ တစ်​ရံ​တစ်​ခါ​မျှ ကျွန်​မ​ခံ​ကြ။ လွှတ်​လိမ့်​မည်​ဟူ၍ သင်​သည်​အ​ဘယ်​သို့​ပြော​ဆို​သ​နည်း​ဟု မေး​မြန်း​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊-


ထို​သူ​တို့​က​လည်း၊ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်၏​ဟု ဆို​ကြ၏။ ယေ​ရှု​က​လည်း၊ သင်​တို့​သည် အာ​ဗြ​ဟံ၏​သား​မှန်​လျှင် အာ​ဗြ​ဟံ၏​အ​ကျင့်​ကို ကျင့်​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ