Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 3:3 - မြန်မာ

3 ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ၌​လာ​သည်​ကား၊ တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 သို့​ဖြစ်​၍​ယော​ဟန်​သည်​ယော်​ဒန်​မြစ်​ဝှမ်း​တ​လျှောက် သို့​သွား​ရောက်​၍ ``နောင်​တ​ရ​၍​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ကြ လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်'' ဟု​လူ​တို့​အား ဟော​ပြော​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ယော ဟန် သည် ယော် ဒန် မြစ် ကမ်း ပြင် တစ် လျှောက် လှည့် လည်၍ အ ပြစ် ပြေ လွတ် ခြင်း အ လို့ ငှါ နောင် တ ရ ခြင်း ဆိုင် ရာ ဗ တ္တိ ဇံ တ ရား ကို ဟော ပြော လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ၌​လာ​သည်​ကား၊ တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထိုအခါ ယောဟန်​သည် ဂျော်ဒန်​မြစ်​ပတ်ဝန်းကျင်​တစ်လျှောက်လုံး​သို့​သွား​၍ အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​တရား​ကို​ဟောပြော​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ယောဟန်​သည်လည်း ဂျော်ဒန်မြစ်​ပတ်ဝန်းကျင် တစ်လျှောက်လုံး​သို့​သွားပြီး​လျှင် အပြစ်များ​မှ ဘုရားသခင်​၏​ခွင့်လွှတ်ခြင်း​ခံရ​ရန် နောင်တရ​ရမည့်​အကြောင်း​နှင့် ထိုသို့​နောင်တရကြောင်း​ကို ဖော်ပြ​ရန် နှစ်ခြင်း​မင်္ဂလာခံယူ​ရမည့်​အကြောင်း လူတို့​အား ဟောပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 3:3
12 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် နောင်​တ​အ​ဖို့​အ​လို​ငှာ သင်​တို့​ကို ရေ​နှင့်​ဗ​တ္တိ​ဇံ​ပေး၏။ ငါ့​နောက် ကြွ​လာ​သော​သူ​သည် ငါ့​ထက် တတ်​စွမ်း​နိုင်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကို​မျှ ဆောင်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ မီး​နှင့်​လည်း​ကောင်း၊ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။


ဣ​သ​ရေ​လ​အ​မျိုး​သား အ​များ​တို့​ကို သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​စေ​လိမ့်​မည်။-


အ​ကြောင်း​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်၏ သ​နား​တော်​မူ​ခြင်း ကျေး​ဇူး​တော်​အား​ဖြင့် အ​ပြစ်​ဖြေ၍ ကယ်​တင်​ခြင်း​သို့ ရောက်​နိုင်​ကြောင်း​ကို ဘု​ရား​သ​ခင်၏​လူ​မျိုး​အား ဖော်​ပြ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏ လမ်း​ခ​ရီး​တော်​ကို ပြင်​ဆင်​ခြင်း​ငှာ သင်​သည် ရှေ့​တော်၌​သွား​ရ​လိမ့်​မည်။-


ယေ​ရှု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်၊ ယော်​ဒန်​မြစ်​နား​မှ ပြန်​စဉ်​တွင် ဝိ​ညာဉ်​တော်​သည် တော​သို့ ပို့​ဆောင်​တော်​မူ၏။-


ယော​ဟန်​သည် ဗ​တ္တိ​ဇံ​ကို​ပေး​ရာ​အ​ရပ်၊ ယော်​ဒန်​မြစ်​တစ်​ဖက် ဗေ​သ​နိ​ရွာ၌ ဤ​အ​မှု​အ​ရာ​ဖြစ်​သ​တည်း။


ယော​ဟန်​ထံ​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ ကိုယ်​တော်​နှင့်​တ​ကွ​ရှိ၍၊ ကိုယ်​တော် သက်​သေ​ပေး​သော​သူ​သည် ဗ​တ္တိ​ဇံ​ကို​ပေး​လျက်​နေ၏။ ထို​သူ​ထံ​သို့ လူ​အ​ပေါင်း​တို့​သည် ရောက်​ကြ​ပါ၏​ဟု လျှောက်​လျှင်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ