Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 20:17 - မြန်မာ

17 ကိုယ်​တော်​သည် ထို​သူ​တို့​ကို ကြည့်​ရှု၍၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော ကျောက်​သည် နောက်​တစ်​ဖန်​တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏​ဟူ​သော ကျမ်း​စာ​ချက်​သည် အ​ဘယ်​သို့ ဆို​လို​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ကိုယ်​တော်​သည်​လူ​တို့​ကို​ကြည့်​ရှု​တော်​မူ​လျက်၊ `တိုက်​ကို​တည်​ဆောက်​သူ​တို့​ပယ်​ထား​သည့်​ကျောက် သည် အ​ရေး​အ​ကြီး​ဆုံး​ဖြစ်​သော​ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ရ​၏' ဟူ​သော​ကျမ်း​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား အ​သို့​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ရှု ကြည့် လျက် ကိုယ် တော် က မ ဖြစ် လျှင် တိုက် တည် ဆောက် သူ တို့ ပယ် ထား သော ကျောက် သည် တိုက် ထောင့် စွန်း ကျောက် ဖြစ် လာ သည် ဟူ သော ကျမ်း ချက် ကား မည် သို့ နည်း။၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ကိုယ်​တော်​သည် ထို​သူ​တို့​ကို ကြည့်​ရှု၍၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော ကျောက်​သည် နောက်​တစ်​ဖန်​တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏​ဟူ​သော ကျမ်း​စာ​ချက်​သည် အ​ဘယ်​သို့ ဆို​လို​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ကိုယ်တော်​သည် သူ​တို့​ကို​စူးစိုက်​ကြည့်​လျက်“ ‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​၏’ဟု​ရေး​ထား​သော​အရာ​သည် မည်သည့်​အရာ​ကို​ဆိုလို​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 သို့သော် ယေရှု​သည် ထို​သူတို့​အား​ကြည့်တော်မူ​၍ “ကျမ်းစာ​၌ ‘တိုက်ဆောက်သော​သူတို့ ပယ်ထားသည့်​ကျောက်​သည် အရေးပါသော​ထောင့်ချုပ်ကျောက် ဖြစ်လာရ၏’ ဟု ရေးထားသည်​မှာ မည်သည့်​အရာ​ကို​ဆိုလိုသနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 20:17
17 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က​လည်း၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော​ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏။ ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု ဖြစ်၏။ ငါ​တို့ မျက်​မှောက်၌​လည်း အံ့​ဩ​ဖွယ်​ဖြစ်၏ ဟူ​သော​စ​ကား​ကို ကျမ်း​စာ၌ သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော။-


ယေ​ရှု​က​လည်း၊ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏​ဟု ပတ်​လည်​သို့​ကြည့်​ရှု၍ တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။-


တိုက်​ကို တည်​လုပ်​သော​သူ​များ ပယ်​ထား​သော​ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့် အ​ထွတ်ဖျား​သို့ ရောက်​ပြန်၏။ ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု ဖြစ်၏။-


ထို​အ​ခါ အ​မျက်​တော်​နှင့် သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍ သူ​တို့​စိတ်​နှ​လုံး မိုက်​သော​ကြောင့် ဝမ်း​နည်း​တော်​မူ​ခြင်း​ရှိ​လျက်၊ သင်၏​လက်​ကို​ဆန့်​လော့​ဟု ထို​သူ​အား မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-


ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်၍ ကြည့်​မြင်​လျက် ငို​ကြွေး​တော်​မူ၍၊-


အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မ​တ​ရား​သော​သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်၏​ဟူ​သော ကျမ်း​စာ​ချက်​သည် ငါ၌ ယ​ခု​ပင် ပြည့်​စုံ​ရ​မည်။ ငါ့​အ​မှု​အ​ရာ​တို့​သည် ပြီး​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။-


ထို​အ​ခါ သ​ခင်​ဘု​ရား​သည်​လှည့်၍ ပေ​တ​ရု​ကို ကြည့်​တော်​မူ၏။ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့်၊-


တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။-


သို့​ဖြစ်​လျှင်၊ အ​ကြောင်း​မ​ရှိ​ဘဲ ငါ့​ကို​မုန်း​ကြ၏​ဟု သူ​တို့၏​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့ ရောက်​သ​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ