Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 19:3 - မြန်မာ

3 ယေ​ရှု​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို ထို​သူ​သည် ကြည့်​လို၍၊ လူ​အ​စု​အ​ဝေး​များ​သော​ကြောင့်၊ မိ​မိ​အ​ရပ်​လည်း နိမ့်​သည်​ဖြစ်၍ မ​မြင်​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 သ​ခင်​ယေ​ရှု​ကား​အ​ဘယ်​သူ​ဖြစ်​သည်​ကို​တွေ့ မြင်​လို​သ​ဖြင့်​ကြိုး​စား​၍​ကြည့်​၏။ သို့​ရာ​တွင် အ​ရပ်​ပု​သူ​ဖြစ်​သည့်​အ​လျောက် လူ​ပ​ရိ​သတ် များ​ကွယ်​လျက်​နေ​သ​ဖြင့်​ကိုယ်​တော်​ကို​မ​မြင် နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ယေ​ရှု​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို ထို​သူ​သည် ကြည့်​လို၍၊ လူ​အ​စု​အ​ဝေး​များ​သော​ကြောင့်၊ မိ​မိ​အ​ရပ်​လည်း နိမ့်​သည်​ဖြစ်၍ မ​မြင်​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သူ​သည် ယေရှု​မည်သူ​ဖြစ်​သည်​ကို မြင်​ရ​ရန်​ကြိုးစား​သော်လည်း အရပ်​ပု​သောကြောင့် လူထု​ပရိသတ်​ကို​ကျော်​၍ မ​မြင်​နိုင်​ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 သူ​သည် ယေရှု​မည်သို့သော​သူ​ဖြစ်သည်​ကို မြင်​နိုင်ရန် ကြိုးပမ်း​သော်လည်း အရပ်နိမ့်​သောကြောင့် လူအုပ်ကြီး​အား ကျော်​၍ ယေရှု​ကို မမြင်နိုင်ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 19:3
7 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​အ​ချို့​တို့​သည်​လည်း ထို​အ​ရပ်၌ အ​ဝေး​က​ကြည့်​ရှု၍ နေ​ကြ၏။-


အ​ဘယ်​သူ​သည် စိုး​ရိမ်​ခြင်း​အား​ဖြင့် မိ​မိ​အ​သက်​တာ​ကို တစ်​တောင်​ခန့်​မျှ တိုး​ပွား​စေ​နိုင်​သ​နည်း။-


ထို​အ​ခါ ဇ​က္ခဲ​အ​မည်​ရှိ​သော အ​ခွန်​ခေါင်း​တစ်​ယောက် ရှိ၏။ ထို​သူ​သည် ငွေ​ရ​တတ်​သော​သူ​ဖြစ်၏။-


ထို​ကြောင့် ကြွ​တော်​မူ​မည့်​လမ်း​တွင် ရှေ့​သို့​ပြေး၍ ကိုယ်​တော်​ကို မြင်​အံ့​သော​ငှာ သ​ဖန်း​ပင်​တစ်​ပင်​ကို တက်​လေ၏။-


ထို​မင်း​သည် ယေ​ရှု​ကို​မြင်​လျှင် အ​လွန်​ဝမ်း​မြောက်​ခြင်း​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​ထက်​က သ​တင်း​တော်​များ​ကို​ကြား၍၊ ကိုယ်​တော်​ကို​မြင်​ခြင်း​ငှာ ကြာ​မြင့်​စွာ အ​လို​ရှိ​သည်​ဖြစ်၍၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တစ်​စုံ​တစ်​ခု​ကို မြင်​ရ​မည်​ဟု မျှော်​လင့်​လျက်​နေ၏။-


ထို​သူ​တို့​သည် ဂါ​လိ​လဲ​ပြည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ်​သော ဖိ​လိ​ပ္ပု​ထံ​သို့​သွား၍ အ​ကျွန်ုပ်​တို့​သည် ယေ​ရှု​ကို မြင်​ချင်​ပါ​သည်​ခင်​ဗျား​ဟု တောင်း​ပန်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ