Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 11:42 - မြန်မာ

42 ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပင်​စိမ်း​ရွက်၊ လျူ​ရွက်​မျိုး​မှ​စ၍ မြက်​ပင်​အ​မျိုး​မျိုး​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ကြ​သည်​တွင်၊ တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​အ​မှု​ကို​ကား လှပ်၍​ထား​ကြ၏။ အ​ရင်​ဆို​သော​အ​ရာ​တို့​ကို မ​လှပ်​မ​ထား၊ နောက်​ဆို​သော​အ​ရာ​တို့​ကို ကျင့်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

42 ``ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​ပင်​စိမ်း​ရွက်၊ လူ​ရွက်​နှင့်​အ​ခြား ဆေး​ဖက်​ဝင်​အ​ရွက်​အ​မျိုး​မျိုး​ကို​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ကြ​သော်​လည်း​တ​ရား​မျှ​တ မှု​နှင့်​ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို လျစ်​လူ​ရှု​ကြ​သည်။ သင်​တို့​သည်​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ခြင်း​ကို​တ​ရား​မျှ​တ​မှု​နှင့် ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို​ပါ ကျင့်​သုံး​သင့်​၏။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

42 အ ချင်း ဖာ ရိ ရှဲ တို့၊ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ သင် တို့ သည် ပင် စိမ်း၊ စ ပါး လင် စ သော ဟင်း သီး ဟင်း ရွက် တိုင်း ဆယ် ဘို့ တစ် ဖို့ ကို လှူ လျက် တ ရား စောင့် ခြင်း နှင့် ဘု ရား ကြည် ညို ခြင်း ကို ချန် လှပ် ကြ သည် တ ကား။ ဆို ခဲ့ သော အ လှူ များ ကို မ လှပ် ထား ဘဲ ဤ ဝတ် များ ကို စောင့် သင့်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

42 ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပင်​စိမ်း​ရွက်၊ လျူ​ရွက်​မျိုး​မှ​စ၍ မြက်​ပင်​အ​မျိုး​မျိုး​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ကြ​သည်​တွင်၊ တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​အ​မှု​ကို​ကား လှပ်၍​ထား​ကြ၏။ အ​ရင်​ဆို​သော​အ​ရာ​တို့​ကို မ​လှပ်​မ​ထား၊ နောက်​ဆို​သော​အ​ရာ​တို့​ကို ကျင့်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

42 သို့သော် ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ပင်စိမ်း၊ စမုန်စပါး​နှင့် ဟင်းသီးဟင်းရွက်​အမျိုးမျိုး​တို့​ကို ဆယ်ဖို့တစ်ဖို့​ပေး​လှူ​ကြ​သော်လည်း တရားမျှတ​ခြင်း​နှင့် ဘုရားသခင်​အပေါ်​ထား​ရှိ​ရ​မည့်​ချစ်​ခြင်း​တို့​ကို ချန်လှပ်​ထား​ကြ​၏။ ဤ​အရာ​များ​ကို ပြု​ရ​မည်​ဖြစ်​ပြီး အထက်​တွင်​ဆို​သော​အရာ​များ​ကို​လည်း ဥပေက္ခာ​မ​ပြု​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

42 ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ပင်စိမ်းရွက်၊ စမုန်စပါး​နှင့် ဟင်းခတ်ရွက်တို့​ကို ဆယ်ပုံတစ်ပုံ​လှူဒါန်းကြ​သော်လည်း တရားမျှတခြင်း​နှင့် ဘုရားသခင်​ကို​ချစ်ခြင်း စသည့်​အမှုတို့​ကို လျစ်လျူရှုကြ​သောကြောင့်​ဖြစ်၏။ ဆယ်ပုံတစ်ပုံ​ကို လှူဒါန်းကြရမည်​မှန်​သော်လည်း ထို​ထက်​အရေးကြီးသော အချက်တို့​ကို လျစ်လျူမရှုသင့်ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 11:42
22 ပူးပေါင်းရင်းမြစ်များ  

လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်၏ တံ​ခါး​ကို လူ​တို့​ရှေ့​မှာ​ပိတ်​ထား၍ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ၏။


လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပင်​စိမ်း၊ စ​မွှတ်၊ ဇီ​ယာ၊ အ​သီး​အ​ရွက်​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ကြ​သည်​တွင် တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ သူ​တစ်​ပါး​ကို သ​နား​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​တည်း​ဟူ​သော ပ​ညတ်​တ​ရား​တွင် လေး​သော​အ​ရာ​တို့​ကို​ကား လှပ်၍​ထား​ကြ၏။ အ​ရင်​ဆို​သော​အ​ရာ​တို့​ကို မ​လှပ်​မ​ထား၊ နောက်​ဆို​သော​အ​ရာ​တို့​ကို ကျင့်​ရ​မည်။-


လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ဖြူ​သုတ်​သော သင်္ချိုင်း​တွင်း​နှင့် တူ​ကြ၏။ ထို​တွင်း​သည် အ​ပြင်၌ တင့်​တယ်​စွ​တ​ကား။ အ​တွင်း၌​ကား လူ​သေ​အ​ရိုး၊ အ​ညစ်​အ​ကြေး​အ​မျိုး​မျိုး​နှင့် ပြည့်​လျက်​ရှိ၏။-


အ​ကျွန်ုပ်​သည် ခု​နစ်​ရက်​တွင် နှစ်​ရက်​အ​စာ​ရှောင်​ပါ၏။ ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ပါ၏​ဟူ၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-


သို့​သော်​လည်း ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မေ​တ္တာ​သည် သင်​တို့၌ မ​ရှိ​သည်​ကို ငါ​သိ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ