Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 1:20 - မြန်မာ

20 သင်​သည် ငါ့​စ​ကား​ကို​မ​ယုံ​သော​ကြောင့် ဤ​အ​ကြောင်း​အ​ရာ မ​ဖြစ်​မီ​နေ့​တိုင်​အောင် စ​ကား​မ​ပြော​နိုင်​ဘဲ၊ အ​လျက်​နေ​လိမ့်​မည်။ ငါ့​စ​ကား​သည်​ကား၊ အ​ချိန်​တန်​လျှင် ပြည့်​စုံ​လိမ့်​မည်​ဟု ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 နား​ထောင်​လော့။ သင်​သည်​ငါ့​စ​ကား​ကို​မ​ယုံ ကြည်​သော​ကြောင့် ဤ​အ​မှု​အ​ရာ​ဖြစ်​ပွား​လာ သည့်​နေ့​တိုင်​အောင်​စ​ကား​မ​ပြော​နိုင်​ဘဲ အ​လျက်​နေ​လိမ့်​မည်။ အ​ချိန်​တန်​လျှင်​ငါ ၏​စကား​မှန်​ကန်​လာ​လိမ့်​မည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 နား ထောင် လော့။ အ ချိန် တန် သည့် ကာ လ ပြည့် စုံ ရ မည့် ငါ့ စ ကား ကို မ ယုံ သော ကြောင့် ထို သို့ ဖြစ် ပျက် သည့် နေ့ မ တိုင် မ ချင်း သင် သည် စ ကား မ ပြော နိုင် ဘဲ အ လျက် နေ ရ မည် ဟု မြွက် ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 သင်​သည် ငါ့​စ​ကား​ကို​မ​ယုံ​သော​ကြောင့် ဤ​အ​ကြောင်း​အ​ရာ မ​ဖြစ်​မီ​နေ့​တိုင်​အောင် စ​ကား​မ​ပြော​နိုင်​ဘဲ၊ အ​လျက်​နေ​လိမ့်​မည်။ ငါ့​စ​ကား​သည်​ကား၊ အ​ချိန်​တန်​လျှင် ပြည့်​စုံ​လိမ့်​မည်​ဟု ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 သင်​သည် မိမိ​အချိန်​ရောက်​လျှင် ပြည့်စုံ​မည့် ငါ​၏​စကား​ကို​မ​ယုံ​သောကြောင့် ဤ​အရာ​များ​ပြည့်စုံ​သည့်​နေ့​တိုင်အောင် စကား​မ​ပြော​နိုင်​ဘဲ ဆွံ့အ​လျက်​နေ​လိမ့်မည်”​ဟု ပြန်​၍​မြွက်ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 သင်​သည် ငါ့​စကား​ကို မယုံကြည်​သောကြောင့် သူငယ်​မွေးဖွားသည့်​နေ့​တိုင်အောင် စကား​မပြောနိုင်ဘဲ ဆွံ့အ​လျက် နေ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါ​ပြောသော စကား​သည် အချိန်တန်​သောအခါ အမှန်​ဖြစ်လာမည်​ဖြစ်​သောကြောင့်​ပင်” ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 1:20
22 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ထွက်​လာ​သော​အ​ခါ စ​ကား​မ​ပြော​နိုင်​သည် ဖြစ်၍၊ ဗိ​မာန်​တော်၌ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ပြီ​ဟု ရိပ်​မိ​ကြ၏။ ဇာ​ခ​ရိ​သည်​သူ​တို့​အား အ​ရိပ်​အ​မှတ်​ကို​သာ​ပေး၍ စ​ကား​အ​လျက် နေ၏။-


ယုံ​ကြည်​သော​မိန်း​မ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​မိန်း​မ​အား ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​သည် ပြည့်​စုံ​လိမ့်​မည်​ဟု ကြီး​သော​အ​သံ​နှင့် မြွက်​ဆို၏။


ထို​နောက် တစ်​ကျိပ်​တစ်​ပါး​သော​သူ​တို့​သည် စား​ပွဲ၌ လျောင်း​ကြ​စဉ်​တွင် ကိုယ်​တော်​ကို​ပြ​တော်​မူ၍၊ ထ​မြောက်​လျက်​ရှိ​သော ကိုယ်​တော်​ကို မြင်​သော​သူ​တို့၏ စ​ကား​ကို​မ​ယုံ​သော​ကြောင့် သူ​တို့​မ​ယုံ​တတ်​သော​စိတ်၊ ခိုင်​မာ​သော​စိတ်​ကို ဆုံး​မ၍ အ​ပြစ်​တင်​တော်​မူ​ပြီး​မှ၊-


ကိုယ်​တော်​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊-


ကောင်း​ကင်​တ​မန်​က၊ ငါ​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်၌ ခ​စား​သော ဂါ​ဗြေ​လ​ဖြစ်၏။ သင့်​ကို နှုတ်​ဆက်၍ ဤ​ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ၏။-


လူ​များ​တို့​သည် ဇာ​ခ​ရိ​ကို ငံ့​လင့်၍၊ ဗိ​မာန်​တော်​အ​တွင်း၌ ကြာ​မြင့်​စွာ​နေ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​ကြ၏။-


ထို​ခ​ဏ​ချင်း​တွင် ဇာ​ခ​ရိ​သည် နှုတ်​ဖွင့်​ခြင်း၊ လျှာ​လွတ်​ခြင်း​ရှိ​သည်​ဖြစ်၍၊ စ​ကား​အား​ဖြင့် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ