Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 8:49 - မြန်မာ

49 ယေ​ရှု​က​လည်း၊ ငါ​သည်​နတ်​ဆိုး​စွဲ​သော​သူ မ​ဟုတ်။ ငါ့​ခ​မည်း​တော်​ကို ချီး​မြှောက်၏။ သင်​တို့​သည် ငါ့​ကို ရှုတ်​ချ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

49 သ​ခင်​ယေ​ရှု​က ``ငါ​သည်​နတ်​မိစ္ဆာ​စွဲ​ကပ်​သူ မ​ဟုတ်။ ငါ​သည်​ငါ့​ခ​မည်း​တော်​ကို​ချီး​မြှောက် ၏။ သင်​တို့​ကား​ငါ့​ကို​ရှုတ်​ချ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

49 ယေရှုက ငါသည်နတ်ဝင်မဟုတ်။ ငါ့ခမည်းတော့်အသရေကိုချီးမြှောက်သူဖြစ်၏။ သင်တို့မူကား ငါ့အသရေကိုရှုတ်ချကြလေစွ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

49 ယေ​ရှု​က​လည်း၊ ငါ​သည်​နတ်​ဆိုး​စွဲ​သော​သူ မ​ဟုတ်။ ငါ့​ခ​မည်း​တော်​ကို ချီး​မြှောက်၏။ သင်​တို့​သည် ငါ့​ကို ရှုတ်​ချ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

49 ယေရှု​က“ငါ့​ကို​နတ်ဆိုး​ပူး​နေ​သည်​မ​ဟုတ်။ ငါ​သည် ငါ့​ခမည်းတော်​ကို​ရိုသေ​၏။ သင်​တို့​မူကား ငါ့​ကို​မထီလေးစား​ပြု​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

49 ယေရှု​က “ငါ​သည် နတ်ဆိုးပူးသော​သူ​မဟုတ်။ ငါ​သည် ငါ့​ခမည်းတော်​ကို ရိုသေ၏။ သင်တို့​ကမူ ငါ့​ကို မရိုသေကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 8:49
16 ပူးပေါင်းရင်းမြစ်များ  

ထို​စ​ကား​ကို ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ထို​အ​နာ​သည် သေ​နာ​မ​ဟုတ်။ ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​သော​အ​နာ ဖြစ်၏။ ထို​အ​နာ​ကြောင့် ဘု​ရား​သ​ခင်၏​သား​တော်​သည် ဘုန်း​ထင်​ရှား​ခြင်း​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


အို အ​ဘ၊ ကိုယ်​တော်၏​နာ​မ​တော်​ကို ချီး​မြှောက်​တော်​မူ​ပါ​ဟု မိန့်​မြွက်​တော်​မူ၏။ ထို​အ​ခါ ကောင်း​ကင်​မှ စ​ကား​သံ​ကား၊ ငါ​ချီး​မြှောက်​ခဲ့​ပြီ၊ တစ်​ဖန် ချီး​မြှောက်​ဦး​မည်​ဟု​လာ၏။-


သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု​လျက် ဆု​တောင်း​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။ အ​ကြောင်း​မူ​ကာ၊ ခ​မည်း​တော်​သည် သား​တော်​အား​ဖြင့် ဘုန်း​ထင်​ရှား​တော်​မူ​ခြင်း ရှိ​မည်​အ​ကြောင်း​တည်း။-


အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ကိုယ်​တော်​ကို ဘုန်း​ထင်​ရှား​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​ဆောင်​ရွက်​စ​ရာ​ဖို့ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​အ​မှု​ကို အ​ကျွန်ုပ်​ဆောင်​ရွက်၍ ပြီး​ပါ​ပြီ။-


လူ​အ​စု​အ​ဝေး​က​လည်း၊ သင်​သည် နတ်​ဆိုး​စွဲ​သော​သူ​ဖြစ်၏။ သင့်​ကို သတ်​အံ့​သော​ငှာ အ​ဘယ်​သူ​ရှာ​ကြံ​သ​နည်း​ဟု ဆို​ကြ၏။-


ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ၏။ ငါ့​ကို တစ်​ကိုယ်​တည်း​နေ​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် စွန့်​ပစ်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ နှစ်​သက်​တော်​မူ​သော​အ​မှု​ကို အ​စဉ်​မ​ပြတ်​ငါ​ပြု​သည်​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ