Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 6:39 - မြန်မာ

39 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်၏ အ​လို​တော်​ကား၊ ငါ့​အား​ပေး​သော​သူ​တို့​တွင် တစ်​စုံ​တစ်​ယောက်​ကို​မျှ ငါ​မ​ပျောက်​စေ​ရ​ဘဲ၊ နောက်​ဆုံး​သော​နေ့၌ ထို​သူ​အ​ပေါင်း​တို့​ကို ထ​မြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

39 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို တော်​ကား ကိုယ်​တော်​ရှင်​ပေး​အပ်​ထား​တော်​မူ သော​သူ​အ​ပေါင်း​တို့​သည် ဆုံး​ပါး​ပျက်​စီး ခြင်း​မှ​နောက်​ဆုံး​သော​နေ့​၌ ရှင်​ပြန်​ထ​မြောက် ကြ​စေ​ရန်​ပင်​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

39 ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်၏အလိုတော်ကား ငါ့အားသနားတော်မူသမျှအနက် မည်သူ့ကိုမျှငါမပျောက်စေဘဲ နောက်ဆုံးနေ့တွင်ရှင်ပြန်ထမြောက်စေခြင်းငှါတည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

39 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်၏ အ​လို​တော်​ကား၊ ငါ့​အား​ပေး​သော​သူ​တို့​တွင် တစ်​စုံ​တစ်​ယောက်​ကို​မျှ ငါ​မ​ပျောက်​စေ​ရ​ဘဲ၊ နောက်​ဆုံး​သော​နေ့၌ ထို​သူ​အ​ပေါင်း​တို့​ကို ထ​မြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

39 ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အလို​တော်​ကား ငါ့​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သမျှ​သော​သူ​တို့​တွင် တစ်စုံတစ်ဦး​ကို​မျှ ငါ​မ​ဆုံးရှုံး​ဘဲ နောက်ဆုံး​သော​နေ့​၌ ထို​သူ​တို့​ကို​ထမြောက်​စေရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

39 ဘုရားသခင်​၏ အလိုတော်​မှာ ငါ့​ကို ပေးအပ်ထားတော်မူသော​သူများ​ထဲမှ တစ်ဦးတစ်ယောက်​ကိုမျှ မဆုံးရှုံးစေဘဲ နောက်ဆုံးသော​နေ့​တွင် ထို​သူတို့​ကို သေရာ​မှ ထမြောက်​စေရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 6:39
29 ပူးပေါင်းရင်းမြစ်များ  

ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့။-


ထို​နည်း​တူ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဤ​သူ​ငယ်​တစ်​ယောက်​ကို​မျှ ပျက်​စီး​စေ​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။


သိုး​စု​ငယ်၊ သင်​တို့​သည် မ​ကြောက်​ကြ​နှင့်။ သင်​တို့​အ​ဘ​သည် သင်​တို့​အား နိုင်​ငံ​ကို​ပေး​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။-


ငါ့​ကို​ပယ်၍ ငါ့​စ​ကား​ကို နား​မ​ခံ​သော​သူ​အား အ​ပြစ်​စီ​ရင်​သော​သူ​ရှိ​သေး၏။ ငါ​ဟော​ပြော​သော​စ​ကား​ပင် နောက်​ဆုံး​သော​နေ့၌ ထို​သူ​အား​အ​ပြစ်​စီ​ရင်​လိမ့်​မည်။-


အ​ကျွန်ုပ်​သည် ဤ​လော​က၌ ဤ​သူ​တို့​နှင့်​တ​ကွ ရှိ​စဉ်​ကာ​လ၊ သူ​တို့​ကို​ကိုယ်​တော်၏​နာ​မ၌ တည်​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​ကို အ​ကျွန်ုပ်​စောင့်​မ​ပါ​ပြီ။ ထို​သူ​တို့​တွင် ပျက်​စီး​ခြင်း၏​သား​တစ်​ယောက်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ပျက်​စီး​ခြင်း​သို့​မ​ရောက်​ပါ။ ထို​သူ​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​အ​ကြောင်း​ကား၊ ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။


ကိုယ်​တော်​သည် သား​တော်​လက်​သို့ အပ်​ပေး​တော်​မူ​သ​မျှ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​စေ​ခြင်း​ငှာ၊ လူ​မျိုး​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သော​အ​ခွင့်​တန်​ခိုး​ကို သား​တော်​အား ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊ သား​တော်​သည် ကိုယ်​တော်၏​ဘုန်း​ကို ထင်​ရှား​စေ​ပါ​မည်​အ​ကြောင်း သား​တော်၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​ပါ။-


အို အ​ဘ၊ ကိုယ်​တော်​သည် ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ အ​ကျွန်ုပ်​ကို​ချစ်၍ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​ဘုန်း​တော်​ကို အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​သည် ရှု​မြင်​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှိ​ရာ​အ​ရပ်၌ အ​ကျွန်ုပ်​နှင့်​အ​တူ ရှိ​နေ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​အ​လို​ရှိ​ပါ၏။-


ဤ​လော​က​ထဲ​မှ​ယူ၍ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​သူ​တို့​အား အ​ကျွန်ုပ်​သည် ကိုယ်​တော်၏ နာ​မ​ကို​ပြ​ပါ​ပြီ။ ထို​သူ​တို့​ကို ကိုယ်​တော်​သည်​ပိုင်​တော်​မူ​သ​ဖြင့် အ​ကျွန်ုပ်​အား ပေး​တော်​မူ၏။ ကိုယ်​တော်၏ နှုတ်​က​ပတ်​တ​ရား​ကို သူ​တို့​သည်​စောင့်​ကြ​ပါ၏။-


သူ​တို့​အ​ဖို့​အ​လို့​ငှာ အ​ကျွန်ုပ်​ဆု​တောင်း​ပါ၏။ လော​ကီ​သား​တို့​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​သည်​မ​ဟုတ်​ပါ၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​သည် ကိုယ်​တော်၏​လူ​ဖြစ်​သော​ကြောင့်၊ ထို​သူ​တို့​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​ပါ၏။-


ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​တွင် အ​ဘယ်​သူ​မျှ​ပျက်​စီး​ခြင်း​သို့ မ​ရောက်​ပါ​ဟူ​သော အ​ထက်​က​စ​ကား​တော်​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ ဤ​သို့​မိန့်​တော်​မူ၏။


ဤ​အ​မှု​အ​ရာ​ကို အံ့​ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်္ချိုင်း​များ​မှာ​ရှိ​သော သူ​အ​ပေါင်း​တို့​သည် သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊-


ခ​မည်း​တော်​သည် ငါ့​အား ပေး​တော်​မူ​သ​မျှ​သော​သူ​တို့​သည် ငါ​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ငါ့​ထံ​သို့ လာ​သော​သူ​ကို ငါ​သည်​အ​လျှင်း​မ​ပယ်။-


သား​တော်​ကို ကြည့်​မြင်၍ ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​တော်​ရှိ၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့၌ ထို​သူ​တို့​ကို ထ​မြောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။


ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည် သွေး​ဆောင်​တော်​မ​မူ​လျှင်၊ အ​ဘယ်​သူ​မျှ ငါ့​ထံ​သို့ မ​လာ​နိုင်။ လာ​သော​သူ​ကို နောက်​ဆုံး​သော​နေ့၌ ငါ​ထ​မြောက်​စေ​မည်။-


ငါ၏​အ​သား​ကို​စား၍ ငါ၏​အ​သွေး​ကို​လည်း သောက်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။ ထို​သူ​ကို နောက်​ဆုံး​သော​နေ့၌ ငါ​ထ​မြောက်​စေ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ