ရှင်ယောဟန် 21:19 - မြန်မာ19 ထိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်ပြန်၏။ အခန်းကိုကြည့်ပါ။Common Language Bible19 (ဤသို့မိန့်တော်မူရာ၌ပေတရုသည်အဘယ် သို့သောသေခြင်းမျိုးဖြင့်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုထွန်းတောက်စေမည့် အကြောင်းဖော်ပြတော်မူခြင်းဖြစ်၏။) ဤ သို့မြွက်ဆိုတော်မူပြီးနောက်ပေတရုအား ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible19 မည်သို့သောသေခြင်းဖြင့် ဘုရားသခင့်ဘုန်းတော်ကိုပေတရုထင်ရှားစေမည့်အကြောင်းဖော်ပြ၍ ထိုသို့မိန့်တော်မူပြီးမှပေတရုအား ငါ့နောက်လိုက်လော့ဟု မိန့်တော်မူပြန်၏။ အခန်းကိုကြည့်ပါ။Judson Bible19 ထိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်ပြန်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 ဤသို့မိန့်တော်မူခြင်းမှာ ပေတရုသည် မည်သို့သောသေခြင်းမျိုးဖြင့် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေမည်ကို အရိပ်အမြွက်မိန့်တော်မူခြင်းဖြစ်၏။ ဤအရာကိုမိန့်တော်မူပြီးနောက်“ငါ့နောက်သို့လိုက်လော့”ဟု ပေတရုအား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း19 ဤသို့ ယေရှုမိန့်တော်မူခြင်းမှာ ပေတရုသည် မည်သို့သော သေခြင်းဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့်အရိပ်အမြွက်ကို ဖော်ပြတော်မူခြင်းဖြစ်၏။ ထိုသို့မိန့်တော်မူပြီးနောက် ယေရှုက “ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ၊ ငါ့နောက်သို့လိုက်ကြသော သင်တို့သည် တစ်ဆယ်နှစ်ခုသော ပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလလူ တစ်ဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတ္တံ့။-