Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 21:18 - မြန်မာ

18 ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​သည်​ပျို​သော အ​သက်​ရှိ​စဉ် ကိုယ်​ကို​ကိုယ်​ပတ်​စည်း၍ အ​လို​ရှိ​ရာ အ​ရပ်​ရပ်​သို့ သွား​လာ​တတ်၏။ သင်​သည် အို​သော​အ​ခါ လက်​နှစ်​ဖက်​ကို ဆန့်​ပြီး​လျှင်၊ သူ​တစ်​ပါး​သည် သင့်​ကို ပတ်​စည်း၍ သင်​အ​လို​မ​ရှိ​ရာ​အ​ရပ်​သို့ ယူ​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည်​ကား​သင် သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​ခါး​ကို​စည်း​၍​သွား လို​ရာ​သို့​သွား​တတ်​၏။ အို​မင်း​လာ​သော​အ​ခါ မူ​ကား​သင်​သည်​လက်​နှစ်​ဖက်​ကို​ဆန့်​လျက် သူ တစ်​ပါး​က​သင့်​ကို​ချည်​နှောင်​ပြီး​လျှင်​သင် မ​သွား​လို​သည့်​အ​ရပ်​သို့​ဆောင်​သွား​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ငါဧကန်အမှန်ဆိုသည်ကား၊ သင်သည်ငယ်ရွယ်စဉ် ခါးစည်း၍အလိုရှိရာသွားလာတတ်၏။ အိုသည့်ကာလမူကား လက်ဆန့်ရသောသင့်ကို သူတစ်ထူးခါးကြိုးတပ်၍ သင်အလိုမရှိရာသို့ ထုတ်သွားလိမ့်မည်ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​သည်​ပျို​သော အ​သက်​ရှိ​စဉ် ကိုယ်​ကို​ကိုယ်​ပတ်​စည်း၍ အ​လို​ရှိ​ရာ အ​ရပ်​ရပ်​သို့ သွား​လာ​တတ်၏။ သင်​သည် အို​သော​အ​ခါ လက်​နှစ်​ဖက်​ကို ဆန့်​ပြီး​လျှင်၊ သူ​တစ်​ပါး​သည် သင့်​ကို ပတ်​စည်း၍ သင်​အ​လို​မ​ရှိ​ရာ​အ​ရပ်​သို့ ယူ​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​သည် ငယ်ရွယ်​စဉ်​အခါ​၌ ကိုယ်ကိုယ်တိုင်​ခါးပန်း​စည်း​၍ ကိုယ်​အလိုရှိ​ရာ​အရပ်​သို့ သွားလာ​လေ့​ရှိ​၏။ အိုမင်း​သောအခါ​၌​မူကား သင်​သည် ကိုယ့်​လက်​နှစ်​ဖက်​ကို​ဆန့်​၍ သူတစ်ပါး​သည် သင့်​ခါး​ကို ခါးပန်း​စည်း​ကာ သင်​အလို​မ​ရှိ​ရာ​အရပ်​သို့ ခေါ်ဆောင်​သွား​မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 သင့်​အား ငါ​အမှန်​ဆို၏။ သင်​သည် ငယ်ရွယ်​စဉ် အချိန်​တွင် သင်​အလိုရှိသည့်​အတိုင်း လုပ်နိုင်၏။ ကိုယ်တိုင်ကိုယ်ကျ ဝတ်ဆင်​၍ သင်​သွား​လိုရာ အရပ်​သို့ သွားတတ်၏။ သို့သော် သင်​သည် အိုမင်းလာချိန်​တွင် သင်​၏​လက်တို့​ကို ဆန့်​၍ အခြား​သူ​က သင့်​ကို ဝတ်ဆင်ပေး​ကာ သင်​မသွားလိုသည့် အရပ်​သို့ သင့်​ကို ခေါ်ဆောင်သွားမည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 21:18
8 ပူးပေါင်းရင်းမြစ်များ  

အ​ကြင်​ကျွန်​တို့​သည် စောင့်​လျက်​နေ​သည်​ကို သ​ခင်​သည်​ပြန်​လာ၍ တွေ့၏။ ထို​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ ငါ​အ​မှန်​ဆို​သည်​ကား၊ သ​ခင်​သည် ခါး​ပန်း​စည်း​လျက် ကျွန်​တို့​ကို စား​ပွဲ၌​လျောင်း​စေ​ပြီး​မှ၊ ကိုယ်​တိုင်​လာ၍ သူ​တို့​အား လုပ်​ကျွေး​လိမ့်​မည်။-


ရှိ​မုန်​ပေ​တ​ရု​က၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​လျှင်၊ ယေ​ရှု​က၊ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​သည်​ယ​ခု​မ​လိုက်​နိုင်။ နောက်​မှ​လိုက်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော​ဟု သုံး​ကြိမ်​မြောက်​အောင် မေး​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည်​စိတ်​နာ​သ​ဖြင့်၊ သ​ခင်၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ယေ​ရှု​က၊ ငါ၏​သိုး​တို့​ကို ကျွေး​မွေး​လော့။-


ထို​သို့​မိန့်​တော်​မူ​သော်၊ အ​ဘယ်​သို့​သော​သေ​ခြင်း​အား​ဖြင့် ပေ​တ​ရု​သည် ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​မည်​အ​ရိပ်​ကို ပေး​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​ပြီး​မှ၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု ပေ​တ​ရု​အား မိန့်​တော်​ပြန်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ