Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန် 2:4 - မြန်မာ

4 ယေ​ရှု​က​လည်း၊ အ​ချင်း​မိန်း​မ၊ သင်​သည် ငါ​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ငါ့​အ​ချိန်​မ​ရောက်​သေး​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 သ​ခင်​ယေ​ရှု​က ``မယ်​တော်၊ အ​ဘယ်​အ​မှု​ပြု ရ​မည်​ကို​အ​ကျွန်ုပ်​အား​မ​ပြော​ပါ​နှင့်။ အ​ကျွန်ုပ် လုပ်​ဆောင်​ရန်​အ​ချိန်​မ​ကျ​သေး​ပါ'' ဟု​မိန့်​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ယေရှုက၊ အိုအရှင်မ၊ သင်သည်ငါနှင့်မည်သို့ဆိုင်သနည်း။ ငါ့အချိန်မရောက်သေးဟု ပြန်၍မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ယေ​ရှု​က​လည်း၊ အ​ချင်း​မိန်း​မ၊ သင်​သည် ငါ​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ငါ့​အ​ချိန်​မ​ရောက်​သေး​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ယေရှု​က​လည်း“အသင်​အမျိုးသမီး၊ ဤ​အမှု​၌ သင်​နှင့်​ငါ မည်သို့​ဆိုင်​သနည်း။ ငါ့​အချိန်​မ​ရောက်​သေး”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ယေရှု​က “မယ်တော်… မည်သည့်​အရာ လုပ်ဆောင်​ရမည်​ကို ကျွန်ုပ်​အား မပြောပါနှင့်။ ကျွန်ုပ် လုပ်ဆောင်​ရန် အချိန်​မကျသေးပါ” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 2:4
20 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က​လည်း၊ ငါ့​အ​ချိန်​မ​ရောက်​သေး။ သင်​တို့​ဖို့ ခပ်​သိမ်း​သော​အ​ချိန် သင့်​လျက်​ရှိ၏။-


ပ​သ​ခါ​ပွဲ​မ​ခံ​မီ၌ ယေ​ရှု​သည် ဤ​လော​က​မှ​ခ​မည်း​တော်​ထံ​သို့ ပြောင်း​ရ​သော​အ​ချိန် ရောက်​သည်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဤ​လော​က၌​ရှိ​သော​မိ​မိ​လူ​တို့​ကို ချစ်​တော်​မူ​သော​ကြောင့် အ​ဆုံး​တိုင်​အောင် ချစ်​တော်​မူ၏။-


ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ဤ​စ​ကား​တော်​ကို ဘ​ဏ္ဍာ​တိုက်​မှာ မိ​န့်​မြွက်​တော်​မူ၏။ ကိုယ်​တော်၏​အ​ချိန် မ​စေ့​မ​ရောက်​သေး​သော​ကြောင့် အ​ဘယ်​သူ​မျှ ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ။


ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​အ​ခွင့်​ကို ရှာ​ကြ၏။ သို့​သော်​လည်း ကိုယ်​တော်၏​အ​ချိန်​မ​စေ့ မ​ရောက်​သေး​သော​ကြောင့် အ​ဘယ်​သူ​မျှ မ​ဖမ်း​မ​ဆီး​ကြ။-


ယေ​ရှု​က​လည်း၊ လူ​သား​သည် ဘုန်း​ပွင့်​ရ​သော​အ​ချိန်​ရောက်​ပြီ။-


ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ချိန်​မ​ရောက်​မီ အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ ကြွ​လာ​တော်​မူ​သ​လော​ဟု အော်​ဟစ်၍​လျှောက်​ကြ၏။-


ယေ​ရှု​က​လည်း၊ အ​ချင်း​မိန်း​မ၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း။ အ​ဘယ်​သူ​ကို ရှာ​သ​နည်း​ဟု မေး​တော်​မူ၏။ မာ​ရိ​က၊ သင်​သည်​သူ့​ကို ဆောင်​သွား​သည်​မှန်​လျှင် အ​ဘယ်​မှာ​ထား​သည်​ကို ကျွန်​မ​အား​ပြော​ပါ။ ကျွန်​မ ယူ​သွား​ပါ​မည်​အ​ရှင်​ဟု၊ ထို​သူ​ကို ဥ​ယျာဉ်​စောင့်​ဖြစ်​သည်​ဟု ထင်​မှတ်​လျက်​ဆို၏။-


ထို​သူ​တို့​က၊ အ​ချင်း​မိန်း​မ၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း​ဟု​မေး​လျှင်၊ ကျွန်​မ၏​သ​ခင်​ကို ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို မ​သိ​ပါ​ဟု​ပြော​ဆို၏။-


ယေ​ရှု​က၊ မိ​ဘ​သည် အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ရှာ​ရ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည် အ​ဘ၏​အိမ်၌ နေ​ရ​သည်​ကို မ​သိ​ပါ​သ​လော​ဟု ပြော​ဆို​လျှင်၊-


အို မိန်း​မ၊ သင်​သည် ယုံ​ကြည်​အား​ကြီး​လှ​ပြီ။ သင့်​အ​လို​ရှိ​သည်​အ​တိုင်း သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​အ​ချိန်​မှ​စ၍ ထို​မိန်း​မ၏​သ​မီး​သည် ကျန်း​မာ​ပ​က​တိ​ဖြစ်​လေ၏။


စ​ပျစ်​ရည်​ကုန်​သော​အ​ခါ၊ ယေ​ရှု၏​မယ်​တော်​က၊ စ​ပျစ်​ရည်​မ​ရှိ​ဟု​ကြား​ပြော၏။-


ထို​ပွဲ​သို့ သင်​တို့​သွား​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ