Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 2:22 - မြန်မာ

22 ထို​ကြောင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက် ထို​စ​ကား​တော်​ကို တ​ပည့်​တော်​တို့​သည် မှတ်​မိ​ကြ​သ​ဖြင့်၊ ကျမ်း​စာ​ကို​လည်း​ကောင်း၊ ယေ​ရှု၏ နှုတ်​က​ပတ်​တော်​ကို​လည်း​ကောင်း ယုံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​သေ ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော​အ​ခါ ဤ သို့​ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သည်​ကို​ပြန်​လည် သ​တိ​ရ​ကြ​လျက် ကျမ်း​စာ​တော်​ကို​လည်း ကောင်း၊ သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သော စ​ကား​တော်​ကို​လည်း​ကောင်း​ယုံ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 သူသေတို့အထဲမှ ရှင်ပြန်ထမြောက်တော်မူသည့်ကာလ ဤသို့မိန့်တော်မူခဲ့ကြောင်း၊ တပည့်တော်တို့ သတိရသဖြင့် ကျမ်းချက်ကိုလည်းကောင်း၊ ယေရှုမိန့်တော်မူသောစကားကိုလည်းကောင်း ယုံကြည်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ထို​ကြောင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက် ထို​စ​ကား​တော်​ကို တ​ပည့်​တော်​တို့​သည် မှတ်​မိ​ကြ​သ​ဖြင့်၊ ကျမ်း​စာ​ကို​လည်း​ကောင်း၊ ယေ​ရှု၏ နှုတ်​က​ပတ်​တော်​ကို​လည်း​ကောင်း ယုံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထို့ကြောင့် ယေရှု​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သောအခါ တပည့်​တော်​တို့​သည် ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သော​ဤ​စကား​ကို ပြန်လည်​သတိရ​ကာ ကျမ်းစာ​နှင့် ယေရှု​မိန့်​တော်မူ​သော​စကား​ကို ယုံကြည်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ထို့ကြောင့် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​ပြီးနောက် တပည့်တော်တို့​သည် ထို​စကားတော်​ကို သတိရကြ​၍ ကျမ်းစာတော်​နှင့် ယေရှု​မိန့်တော်မူခဲ့သည့် စကားတော်တို့​ကို ယုံကြည်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 2:22
13 ပူးပေါင်းရင်းမြစ်များ  

ခ​ရစ်​တော်​သည် ဤ​သို့​ပင် အ​သေ​ခံ၍ မိ​မိ​ဘုန်း​စည်း​စိမ်​တော်​ကို ဝင်​စား​ရ​မည်​မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။-


တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။-


ထို​အ​ကြောင်း​အ​ရာ​ကို တ​ပည့်​တော်​တို့​သည် အ​စ​အ​ဦး၌​နား​မ​လည်​သော်​လည်း၊ ကိုယ်​တော်​ကို ရည်​မှတ်၍ ထို​သို့​ရေး​ထား​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား ထို​သို့​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ ဘုန်း​ပွင့်​တော်​မူ​သည်​နောက် သ​တိ​ရ၍ မှတ်​မိ​ကြ၏။


ခ​မည်း​တော်​သည် ငါ့​အ​တွက်​ကြောင့် စေ​လွှတ်​တော်​မူ​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​တည်း​ဟူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​ပြော​ခဲ့​သ​မျှ​သော စ​ကား​တို့​ကို မှတ်​မိ​သော​ဉာဏ်​ကို သင်​တို့​အား ပေး​တော်​မူ​မည်။-


ထို​အ​ချိန်​ကာ​လ​ရောက်​သော​အ​ခါ၊ ငါ​သည်​အ​ထက်​က ဤ​သို့​ပြော​ပြီး​သည်​ကို သင်​တို့​အောက်​မေ့​စေ​ခြင်း​ငှာ ယ​ခု​ပင် ငါ​ဟော​ပြော၏။ အ​စ​အ​ဦး၌ သင်​တို့​နှင့်​အ​တူ ငါ​ရှိ​သော​ကြောင့် ဤ​သို့​မ​ပြော​ဖူး​သေး။


ထို​သို့​ယေ​ရှု​သည် ရှေ့​ဦး​စွာ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​ကို ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့၌​ပြ၍ မိ​မိ​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။


ကိုယ်​တော်၏​အိမ်​တော်၌ စွဲ​လမ်း​ပူ​ပန်​ခြင်း​စိတ်​သည် အ​ကျွန်ုပ်​ကို​စား​ပါ၏​ဟူ၍ ကျမ်း​စာ​လာ​သည်​ကို၊ ထို​အ​ခါ​တ​ပည့်​တော်​တို့​သည် မှတ်​မိ​ကြ၏။


ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​ကို​လည်း ထို​ပွဲ​သို့ ခေါ်​ပင့်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ