Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 19:4 - မြန်မာ

4 ပိ​လတ်​မင်း​က​လည်း၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ သူ့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​ထုတ်​ပြ​သည်​ဟု ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ပိ​လတ်​မင်း​သည်​အ​ပြင်​သို့​တစ်​ဖန်​ထွက်​ပြီး လျှင်​ပ​ရိ​သတ်​တို့​အား ``ထို​သူ​ကို​သေ​ဒဏ်​ပေး နိုင်​ရန်​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့ ကြောင်း သင်​တို့​သိ​ရှိ​ကြ​စေ​ရန်​သူ့​အား​သင် တို့​ထံ​သို့​ငါ​ထုတ်​ခဲ့​မည်'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ထိုနောက်ပိလတ်မင်းထွက်ပြန်၍ ကြည့်လော့။ ဤသူ၌ပြစ်မှုကိုငါမတွေ့ကြောင်း သင်တို့သိစေခြင်းငှါ သင်တို့ရှေ့ငါထုတ်ပြပြီဟုဆိုသည့်အတိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ပိ​လတ်​မင်း​က​လည်း၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ သူ့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​ထုတ်​ပြ​သည်​ဟု ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ပိလတ်​မင်း​သည် နောက်တစ်ဖန် အပြင်​သို့​ထွက်လာ​၍ “နားထောင်​ကြ​လော့။ ထို​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ ငါ​မ​တွေ့​ကြောင်း သင်​တို့​သိမြင်​ရန် သူ့​ကို သင်​တို့​ရှိ​ရာ​သို့​ခေါ်ဆောင်​လာ​မည်”​ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ပိလတ်မင်း​သည် အပြင်​သို့ တစ်ဖန်​ထွက်လာ​၍ “ထို​သူ​၌ မည်သည့်​ပြစ်မှု​ကိုမျှ ငါ​မတွေ့ကြောင်း သင်တို့​သိ​စေရန် သူ့​ကို သင်တို့​ထံ ခေါ်လာမည်” ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 19:4
16 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​စဉ်​တွင်၊ မိ​မိ​ခင်​ပွန်း​သည် လု​လင်​တစ်​ယောက်​ကို စေ​လွှတ်၍၊ ထို​ဖြောင့်​မတ်​သော​သူ​ကို အ​ဘယ်​သို့​မျှ မ​ပြု​ပါ​နှင့်။ ယ​နေ့​ပင် ကျွန်​မ​သည် ထို​သူ​ကြောင့် အိပ်​မက်၌ ပြင်း​စွာ​ခံ​ရ​ပါ​ပြီ​ဟု မှာ​လိုက်၏။-


ပိ​လတ်​မင်း​သည် မိ​မိ​မ​နိုင်၊ လူ​များ​သာ၍ ရုန်း​ရင်း​ခတ်​မျှ ပြု​ကြ​သည်​ကို​မြင်​လျှင်၊ ရေ​ကို​ယူ၍ လူ​များ​ရှေ့​တွင် မိ​မိ​လက်​ကို​ဆေး​လျက်၊ ဤ​ဖြောင့်​မတ်​သော​သူ၏​အ​သွေး​နှင့် ငါ​သည် ကင်း​ရှင်း၏။ ဤ​အ​မှု​ကို သင်​တို့ ကြည့်​ကြ​လော့​ဟု ဆို၏။-


အ​ကျွန်ုပ် ပြစ်​မှား​ပါ​ပြီ။ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သွေး​ကို အပ်​မိ​ပါ​ပြီ​ဟု ဆို၏။ ထို​သူ​တို့​က​လည်း ငါ​တို့​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ ကိုယ်​အ​မှု​ကို ကိုယ်​ကြည့်​လော့​ဟု ဆို​ကြ​သော်၊-


ယေ​ရှု​ကို​စောင့်​သော တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​များ​တို့​သည် မြေ​ကြီး​လှုပ်​ခြင်း​စ​သည်​တို့​ကို မြင်​လျှင် အ​လွန်​ထိတ်​လန့်၍၊ စင်​စစ် ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​ပေ၏​ဟု ဆို​ကြ၏။-


ပိ​လတ်​မင်း​က၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့​ဟု ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ပေါင်း​တို့​အား ပြော​ဆို​လျှင်၊-


ငါ​တို့​သည် ကိုယ်​ပြု​မိ​သော​အ​ပြစ်​နှင့်​အ​လျောက် ခံ​ရ​သည်​ဖြစ်၍ တ​ရား​သ​ဖြင့် ခံ​ရ​ကြ၏။ ဤ​သူ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ မ​ပြု​ဟု​ဆို​ပြီး​လျှင်၊-


ထို​အ​ခြင်း​အ​ရာ​တို့​ကို တပ်​မှူး​သည်​မြင်​လျှင်၊ စင်​စစ်​ဤ​သူ​သည် ဖြောင့်​မတ်​သော​သူ​မှန်​ပေ၏​ဟု​ဆို၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လေ၏။-


ပိ​လတ်​မင်း​သည် အိမ်​တော်​ဦး​ထဲ​သို့ တစ်​ဖန်​ဝင်၍​ယေ​ရှု​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု​မေး၏။-


ပိ​လတ်​မင်း​က​လည်း၊ သ​မ္မာ​တ​ရား​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​ပြီး​မှ တစ်​ဖန် ယု​ဒ​လူ​တို့​ရှိ​ရာ​သို့​ထွက်၍၊ ဤ​သူ၌​အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့။


ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လု​လင်​များ​တို့​က၊ ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ၊ ရိုက်​ထား​ပါ​ဟု ဟစ်​ကြော်​ကြ၏။ ပိ​လတ်​မင်း​က​လည်း၊ သင်​တို့​သည် သူ့​ကို​ယူ၍ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ။ ငါ​သည် သူ၌​အ​ပြစ်​ကို မ​တွေ့​ဟု​ဆို​လျှင်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ