Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 19:24 - မြန်မာ

24 ထို​သူ​တို့​က၊ အင်္ကျီ​ကို​မ​ဆုတ်​ကြ​နှင့်။ အ​ဘယ်​သူ​ယူ​ရ​မည်​ကို စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း ဆို​ကြ၏။ ကျမ်း​စာ​လာ​သည်​ကား၊ သူ​တို့​သည် အ​ကျွန်ုပ်​အ​ဝတ်​ကို အ​ချင်း​ချင်း​ဝေ​ဖန်၍ အ​ကျွန်ုပ်​အင်္ကျီ​ကို စာ​ရေး​တံ​ချ​ကြ​ပါ၏​ဟူ​သော အ​ချက်​စ​ကား​ကို ပြည့်​စုံ​စေ၍၊ စစ်​သူ​ရဲ​တို့​သည် ထို​သို့​ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 စစ်​သား​များ​က ``ဤ​အင်္ကျီ​ကို​မ​ဆုတ်​ကြ နှင့်။ မဲ​ချ​၍​ယူ​ကြ​ကုန်​အံ့'' ဟု​အ​ချင်း အ​ချင်း​ပြော​ဆို​ကြ​၏။ ဤ​စစ်​သား​များ ပြု​မူ​ကြ​ခြင်း​မှာ​ကျမ်း​စာ​တော်​တွင် ``ထို​သူ​တို့​သည်​ငါ​၏​အ​ဝတ်​များ​ကို​ခွဲ​ဝေ ယူ​ကြ​၏။ ငါ​၏​အင်္ကျီ​ကို​မဲ​ချ​ယူ​ကြ​၏'' ဟု​ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​ပင်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ထိုအင်္ကျီကိုမဆုတ်ဘဲ မဲချလျက်ယူကြကုန်အံ့ဟု အချင်းချင်းပြောဆိုကြ၏။ ထိုသို့စစ်သည်တို့ပြုကြသည်မှာ အကျွန်ုပ်၏အဝတ်များကိုအချင်းချင်းခွဲဝေ၍ အတွင်းအင်္ကျီကို မဲချကောက်ယူကြပါသည်ဟူသောကျမ်းချက်အတိုင်း ပြည့်စုံစေခြင်းငှါတည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ထို​သူ​တို့​က၊ အင်္ကျီ​ကို​မ​ဆုတ်​ကြ​နှင့်။ အ​ဘယ်​သူ​ယူ​ရ​မည်​ကို စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း ဆို​ကြ၏။ ကျမ်း​စာ​လာ​သည်​ကား၊ သူ​တို့​သည် အ​ကျွန်ုပ်​အ​ဝတ်​ကို အ​ချင်း​ချင်း​ဝေ​ဖန်၍ အ​ကျွန်ုပ်​အင်္ကျီ​ကို စာ​ရေး​တံ​ချ​ကြ​ပါ၏​ဟူ​သော အ​ချက်​စ​ကား​ကို ပြည့်​စုံ​စေ၍၊ စစ်​သူ​ရဲ​တို့​သည် ထို​သို့​ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 “ဤ​အဝတ်​ကို​မ​ဆုတ်​ဘဲ မည်သူ​ရ​မည်​ကို မဲချ​ကြ​စို့”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ စစ်သား​တို့ ဤသို့​ပြု​ကြ​ခြင်း​မှာ “သူ​တို့​သည် အကျွန်ုပ်​၏​ဝတ်ရုံ​ကို အချင်းချင်း​ခွဲဝေ​ကြ​၍ အကျွန်ုပ်​၏​အဝတ်​အတွက် မဲ​ချ​ကြ​၏”​ဟု ကျမ်းစာ​၌​ဆို​ထား​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ထို့ကြောင့် သူတို့​က “ဤ​အင်္ကျီ​ကို မဆုတ်ဖြဲဘဲ မည်သူ​ရမည်​ကို မဲနှိုက်ကြစို့” ဟု အချင်းချင်း​ပြောဆိုကြ၏။ ပြောဆိုသည့်​အတိုင်း​လည်း ပြုကြ၏။ ဤသို့​ပြုကြခြင်း​သည် “ငါ​၏ အဝတ်တို့​ကို ခွဲဝေ​၍ အတွင်း​အင်္ကျီ​ကိုမူ မဲနှိုက်ယူကြ၏” ဟု ကျမ်းစာ​၌ ဖော်ပြထားသော​အချက်​အတိုင်း ဖြစ်လာခြင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 19:24
13 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပြီး​လျှင် အ​ဝတ်​တော်​တို့​ကို စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။-


လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပြီး​လျှင်၊ အ​ဝတ်​တော်​ကို စာ​ရေး​တံ​ချ၍ အ​သီး​အ​သီး​တို့​အား ဝေ​ဖန်​ကြ၏။-


ယေ​ရှု​က​လည်း၊ အို အ​ဘ၊ သူ​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​ပြု​သော​အ​မှု​ကို မ​သိ​ကြ​ဟု မြွက်​ဆို​တော်​မူ၏။ အ​ဝတ်​တော်​ကို​လည်း စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။-


ဘု​ရား​သ​ခင်၏​ဗျာ​ဒိတ်​တော်​ကို ခံ​ရ​သော​သူ​တို့​ကို ဘု​ရား​ဟူ၍ ခေါ်​ရ​လျှင်​လည်း​ကောင်း၊ ကျမ်း​စ​ကား​ကို မ​ပယ်​ရ​လျှင်​လည်း​ကောင်း၊-


သင်​တို့​ရှိ​သ​မျှ​ကို ငါ​ရည်​မှတ်၍ ပြော​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ၏။ ကျမ်း​စာ​ချက် ပြည့်​စုံ​စေ​မည်​အ​ကြောင်း ငါ​နှင့်​အ​တူ​စား​သော​သူ​သည် ငါ့​ကို​ခြေ​နှင့်​ကျောက်​သ​တည်း။-


ထို​နောက်​မှ ကျမ်း​စာ​ပြည့်​စုံ​စေ​ခြင်း​ငှာ အ​မှု​ရှိ​သ​မျှ​ကုန်​စင်​ပြီး​သည်​ကို သိ​တော်​မူ​လျှင်၊ ရေ​ငတ်​သည်​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ