Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 16:13 - မြန်မာ

13 သ​မ္မာ​တ​ရား​နှင့်​ပြည့်​စုံ​သော ထို​ဝိ​ညာဉ်​တော်​သည် ရောက်​လာ​သော​အ​ခါ၊ သ​မ္မာ​တ​ရား​ကို သင်​တို့​အား အ​ကြွင်း​မဲ့ သွန်​သင်​ပြ​သလိမ့်​မည်။ ထို​ဝိ​ညာဉ်​တော်​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​မည်​အ​ဟုတ်။ ကြား​သ​မျှ​တို့​ကို ဟော​ပြော​လိမ့်​မည်။ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​တို့​ကို​လည်း သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​ကြောင်း​နှင့်​စပ် လျဉ်း​၍ သမ္မာ​တ​ရား​ကို​ဖွင့်​ပြ​သည့်​ဝိ​ညာဉ် တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ သင်​တို့​အား သမ္မာ​တ​ရား​အ​ကြောင်း​အ​လုံး​စုံ​ကို​ဖွင့်​ပြ တော်​မူ​လိမ့်​မည်။ ထို​ဝိ​ညာဉ်​တော်​သည်​ကိုယ့် အ​လို​အ​လျောက်​မိန့်​ကြား​တော်​မူ​မည်​မ​ဟုတ်။ မိ​မိ​ကြား​သိ​ရ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​သာ​သင်​တို့​အား​မိန့်​ကြား​တော်​မူ​လိမ့်​မည်။ နောက်​ဖြစ်​လတ္တံ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​လည်း​ဖွင့်​ပြ​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 သမ္မာတရားဆိုင်ရာဝိညာဉ်တော်ကြွရောက်တော်မူလျှင်ကား ကိုယ့်အလိုအလျောက်မဟောဘဲ ကြားနာသမျှကိုဟောလျက် နောင်အမှုအရေးများကိုလည်းညွှန်ပြသဖြင့် သမ္မာတရားအလုံးစုံသို့ပို့ဆောင်တော်မူလိမ့်သတည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သ​မ္မာ​တ​ရား​နှင့်​ပြည့်​စုံ​သော ထို​ဝိ​ညာဉ်​တော်​သည် ရောက်​လာ​သော​အ​ခါ၊ သ​မ္မာ​တ​ရား​ကို သင်​တို့​အား အ​ကြွင်း​မဲ့ သွန်​သင်​ပြ​သလိမ့်​မည်။ ထို​ဝိ​ညာဉ်​တော်​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​မည်​အ​ဟုတ်။ ကြား​သ​မျှ​တို့​ကို ဟော​ပြော​လိမ့်​မည်။ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​တို့​ကို​လည်း သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သို့ရာတွင် သမ္မာတရား​၏​ဝိညာဉ်​တော်​ရောက်လာ​သောအခါ သမ္မာတရား​အလုံးစုံ​ထဲသို့ သင်​တို့​ကို လမ်းပြ​ပို့ဆောင်​တော်မူ​လိမ့်မည်။ အကြောင်းမူကား ထို​ဝိညာဉ်​တော်​သည် မိမိ​ဆန္ဒ​အလျောက် မြွက်ဆို​တော်​မ​မူ​ဘဲ ကြား​ရ​သမျှ​တို့​ကို မြွက်ဆို​တော်မူ​၍ နောင်​ဖြစ်လာ​မည့်​အရာ​တို့​ကို သင်​တို့​အား ဖော်ပြ​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 သမ္မာတရား​ကို ဖော်ပြသည့်​ဝိညာဉ်တော် ကြွလာတော်မူ​သောအခါ သင်တို့​အား သမ္မာတရား​အလုံးစုံ​ကို သွန်သင်​ပြသတော်မူ​လိမ့်မည်။ ထို​ဝိညာဉ်တော်​သည် မိမိ​အလိုအလျောက် ဟောပြောတော်မူမည်​မဟုတ်။ မိမိ​ကြားသိ​ရသည့် အကြောင်းအရာတို့​ကို သင်တို့​အား ဟောပြောတော်မူ​လိမ့်မည်။ အနာဂတ်​တွင် ဖြစ်ပျက်မည့်​အရာများ​ကိုလည်း ဖော်ပြတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 16:13
32 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သည်​မ​ဟုတ်၊ ငါ့​ကို စေ​လွှတ်​သော​ခ​မည်း​တော်​သည် အ​ဘယ်​သို့ ငါ​ဆုံး​မ​ဟော​ပြော​ရ​မည်​ကို ပ​ညတ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်၏​ပ​ညတ်​တော်​သည် ထာ​ဝ​ရ​အ​သက်​ဖြစ်​သည်​ကို ငါ​သိ၏။-


ထို​ဝိ​ညာဉ်​တော်​ကို လော​ကီ​သား​တို့​သည် မ​သိ​မ​မြင်​သော​ကြောင့် မ​ခံ​မ​ယူ​နိုင်​ကြ။ ထို​ဝိ​ညာဉ်​တော်​သည် သင်​တို့​နှင့်​အ​တူ​တည်​နေ၍၊ သင်​တို့၌ ရှိ​တော်​မူ​သော​ကြောင့် သင်​တို့​သိ​ရ​ကြ၏။-


ခ​မည်း​တော်​သည် ငါ့​အ​တွက်​ကြောင့် စေ​လွှတ်​တော်​မူ​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​တည်း​ဟူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​ပြော​ခဲ့​သ​မျှ​သော စ​ကား​တို့​ကို မှတ်​မိ​သော​ဉာဏ်​ကို သင်​တို့​အား ပေး​တော်​မူ​မည်။-


ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။-


ခ​မည်း​တော်​ထံ​မှ​ထွက်​လာ၍ သ​မ္မာ​တ​ရား​နှင့်​ပြည့်​စုံ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ခ​မည်း​တော်​ထံ​မှ သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​လ​တ္တံ့​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် ရောက်​လာ​သော​အ​ခါ၊ ငါ၏​အ​ကြောင်း​ကို သက်​သေ​ခံ​လိမ့်​မည်။-


သင်​တို့​အား ငါ​ပြော​စ​ရာ​စ​ကား အ​များ​ရှိ​သော်​လည်း၊ သင်​တို့​သည် ယ​ခု​မ​ခံ​နိုင်​ကြ။-


မြင်​သ​မျှ​ကြား​သ​မျှ​တို့​ကို​လည်း သက်​သေ​ခံ​တော်​မူ၏။ ထို​သက်​သေ​ခံ​ချက်​ကို အ​ဘယ်​သူ​မျှ​မ​ခံ​မ​ယူ၊-


ငါ​သည်​ငါ့​ခ​မည်း​တော်​ထံ၌ မြင်​ခဲ့​ပြီး​သည်​အ​တိုင်း ဟော​ပြော၏။ သင်​တို့​သည် သင်​တို့၏​အ​ဘ​ထံ၌ မြင်​ခဲ့​ပြီး​သည်​အ​တိုင်း ပြု​ကြ၏​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ