Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 15:19 - မြန်မာ

19 သင်​တို့​သည် လော​ကီ​နှင့်​ဆက်​ဆံ​လျှင်၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​နှင့်​ဆက်​ဆံ​သော သင်​တို့​ကို ချစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် လော​ကီ​နှင့် မ​ဆက်​ဆံ၊ လော​ကီ​ထဲ​က ငါ​ရွေး​ကောက်​သော​သူ​ဖြစ်​သော​ကြောင့်၊ လော​ကီ​သား​တို့​သည် သင်​တို့​ကို​မုန်း​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သင်​တို့​သည်​ဤ​လော​က​နှင့်​သက်​ဆိုင်​သူ​များ ဖြစ်​ပါ​မူ​လော​က​သား​တို့​သည် မိ​မိ​တို့​၏​သွေး ချင်း​သား​ချင်း​များ​သ​ဖွယ်​သင်​တို့​အား​ချစ် ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​ကို​ဤ​လော​က ထဲ​က​ရွေး​ကောက်​သည်​ဖြစ်​၍ သင်​တို့​သည်​ဤ လော​က​နှင့်​မ​သက်​ဆိုင်။ ထို့​ကြောင့်​လော​က သား​တို့​သည်​သင်​တို့​ကို​မုန်း​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 သင်တို့သည် ဤလောကနှင့်စပ်ဆိုင်ခဲ့မူ ကိုယ်နှင့်စပ်ဆိုင်သူတို့ကို လောကသားတို့ချစ်လေပြီ။ သင်တို့ကို ဤလောကထဲမှငါရွေးချယ်၍ ဤလောကနှင့်မစပ်ဆိုင်ကြသောကြောင့်မုန်းကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သင်​တို့​သည် လော​ကီ​နှင့်​ဆက်​ဆံ​လျှင်၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​နှင့်​ဆက်​ဆံ​သော သင်​တို့​ကို ချစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် လော​ကီ​နှင့် မ​ဆက်​ဆံ၊ လော​ကီ​ထဲ​က ငါ​ရွေး​ကောက်​သော​သူ​ဖြစ်​သော​ကြောင့်၊ လော​ကီ​သား​တို့​သည် သင်​တို့​ကို​မုန်း​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သင်​တို့​သည် ဤ​လောက​နှင့်​ဆိုင်​ခဲ့​လျှင် လောကီသား​တို့​သည် မိမိ​တို့​နှင့်ဆိုင်သော​သင်​တို့​ကို ချစ်​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့သော် သင်​တို့​သည် ဤ​လောက​နှင့်​မ​ဆိုင်။ ငါ​သည် သင်​တို့​ကို ဤ​လောက​မှ ရွေးကောက်​ခဲ့​ပြီ​ဖြစ်​သောကြောင့် လောကီသား​တို့​သည် သင်​တို့​ကို​မုန်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 သင်တို့​သည် ဤ​လောကီ​နှင့် သက်ဆိုင်သူများ​ဖြစ်​ပါက လောကီသားတို့​သည် မိမိတို့​၏​မိသားစုဝင်များ​ကဲ့သို့ သင်တို့​ကို ချစ်ကြ​လိမ့်မည်။ သို့သော် သင်တို့​သည် ဤ​လောက​နှင့် မသက်ဆိုင်။ ငါ​သည် သင်တို့​ကို ဤ​လောက​မှ ရွေးချယ်ထား​သောကြောင့် လောကီသားတို့​သည် သင်တို့​ကို မုန်းကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 15:19
19 ပူးပေါင်းရင်းမြစ်များ  

လူ​အ​ပေါင်း​တို့​သည်​လည်း ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။ အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။


ထို​ကာ​လ၌ လူ​များ​တို့​သည် သင်​တို့​ကို​ညှဉ်း​ဆဲ​ခြင်း၊ အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ခြင်း​ငှာ အပ်​နှံ​ကြ​လိမ့်​မည်။ ငါ၏​နာ​မ​ကြောင့်​လည်း ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။-


သင်​တို့​ကို ချစ်​သော​သူ​တို့​အား​သာ ချစ်​တုံ့​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ ဆိုး​သော​သူ​တို့​သည် ကိုယ်​ကို​ချစ်​သော​သူ​တို့​အား ချစ်​တုံ့​ပြု​ကြ​သည် မ​ဟုတ်​လော။-


သင်​တို့​ရှိ​သ​မျှ​ကို ငါ​ရည်​မှတ်၍ ပြော​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ၏။ ကျမ်း​စာ​ချက် ပြည့်​စုံ​စေ​မည်​အ​ကြောင်း ငါ​နှင့်​အ​တူ​စား​သော​သူ​သည် ငါ့​ကို​ခြေ​နှင့်​ကျောက်​သ​တည်း။-


သင်​တို့​သည် ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​ကို ရွေး​ကောက်​သ​ဖြင့်၊ သင်​တို့​သည် သွား၍ တည်​ကြည်​သော​အ​သီး​ကို သီး​မည်​အ​ကြောင်း​နှင့် ငါ့​နာ​မ​ကို​အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ​တောင်း​သ​မျှ​တို့​ကို ရ​မည်​အ​ကြောင်း သင်​တို့​ကို ငါ​ခန့်​ထား၏။


ယေ​ရှု​က​လည်း၊ တစ်​ကျိပ်​နှစ်​ပါး​သော​သင်​တို့​ကို ငါ​ရွေး​ကောက်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း သင်​တို့​တွင် ရန်​သူ​တစ်​ယောက်​ပါ​သည်​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ