Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 14:13 - မြန်မာ

13 သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု​လျက် ဆု​တောင်း​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။ အ​ကြောင်း​မူ​ကာ၊ ခ​မည်း​တော်​သည် သား​တော်​အား​ဖြင့် ဘုန်း​ထင်​ရှား​တော်​မူ​ခြင်း ရှိ​မည်​အ​ကြောင်း​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 သား​တော်​အား​ဖြင့်​ခ​မည်း​တော်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​စေ​အံ့​သော​ငှာ​ငါ့​နာ​မ​ကို​အ​မှီ ပြု​၍ သင်​တို့​တောင်း​လျှောက်​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 အသို့ဆိုသော် ငါသည်ခမည်းတော်ထံသွား၍ငါ့နာမ၌သင်တို့တောင်းလျှောက်သမျှကို သားတော်အားဖြင့် ခမည်းတော့်ဘုန်းထင်ရှားစေရန်ငါပြုမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု​လျက် ဆု​တောင်း​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။ အ​ကြောင်း​မူ​ကာ၊ ခ​မည်း​တော်​သည် သား​တော်​အား​ဖြင့် ဘုန်း​ထင်​ရှား​တော်​မူ​ခြင်း ရှိ​မည်​အ​ကြောင်း​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ခမည်းတော်​သည် သား​တော်​အားဖြင့် ဘုန်း​တော်​ထင်ရှား​မည့်​အကြောင်း ငါ​၏​နာမ​၌ သင်​တို့​တောင်းလျှောက်​သမျှ​ကို ငါ​ပြု​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ခမည်းတော်​သည် သားတော်​အားဖြင့် ဘုန်းကြီးတော်မူ​စေရန် ငါ​၏​အမည်​နာမ​ကို အမှီပြု​၍ သင်တို့​တောင်းလျှောက်​လျှင် တောင်းလျှောက်​သမျှ​ကို ငါ​ပေးမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 14:13
36 ပူးပေါင်းရင်းမြစ်များ  

ယုံ​ကြည်​ခြင်း​ပါ​လျက် ပ​တ္ထ​နာ​ပြု၍ ဆု​တောင်း​သ​မျှ​တို့​ကို သင်​တို့​သည် ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။


တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင်​တွေ့​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင်​ဖွင့်​မည်။-


ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သင်​တို့​သည် ဆု​ကျေး​ဇူး​ကို​ရ​မည်​ဟု ယုံ​ကြည်​သော​စိတ်​နှင့် ဆု​တောင်း​သ​မျှ​တို့​ကို ရ​ကြ​လိမ့်​မည်။-


တစ်​ဖန် ငါ​ဆို​သည်​ကား၊ တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင်​တွေ့​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့၊ ခေါက်​လျှင်​ဖွင့်​မည်။-


ငါ​သည် ငါ့​ခ​မည်း​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။


ယေ​ရှု​က​လည်း၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ့​ကို​သာ ယုံ​ကြည်​သည်​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်၏။-


ထို​သူ​သွား​သည်​နောက်၊ ယေ​ရှု​က၊ ယ​ခု​တွင်​လူ​သား​သည် ဘုန်း​ထင်​ရှား​ခြင်း​ရှိ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည်​လည်း လူ​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​ခြင်း​ရှိ၏။-


သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ တစ်​စုံ​တစ်​ခု​သော​ဆု​ကို​တောင်း​လျှင်၊ တောင်း​သည်​အ​တိုင်း ငါ​ပြု​မည်။


ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။-


သင်​တို့​သည် ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​ကို ရွေး​ကောက်​သ​ဖြင့်၊ သင်​တို့​သည် သွား၍ တည်​ကြည်​သော​အ​သီး​ကို သီး​မည်​အ​ကြောင်း​နှင့် ငါ့​နာ​မ​ကို​အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ​တောင်း​သ​မျှ​တို့​ကို ရ​မည်​အ​ကြောင်း သင်​တို့​ကို ငါ​ခန့်​ထား၏။


သင်​တို့​သည် ငါ၌​တည်၍ ငါ့​စ​ကား​သည် သင်​တို့၌​တည်​လျှင်၊ သင်​တို့​သည်​တောင်း​ချင်​သ​မျှ​ကို တောင်း၍​ရ​ကြ​လိမ့်​မည်။


ထို​နေ့၌ သင်​တို့​သည် ငါ့​ကို​အ​လျှင်း​မ​မေး​မြန်း​ရ​ကြ။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ ဆု​တောင်း​သ​မျှ​တို့​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​မည်။-


ထို​ကာ​လ၌ သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ ဆု​တောင်း​ကြ​လိမ့်​မည်။ သင်​တို့​အ​ဖို့​အ​လို​ငှာ ငါ​သည် ခ​မည်း​တော်​ကို တောင်း​မည်​ဟု​မ​ဆို။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သွား​လျှင် သင်​တို့​အ​ကျိုး​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​မ​သွား​လျှင် ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် သင်​တို့​ဆီ​သို့​မ​လာ။ ငါ​သွား​လျှင် ထို​သူ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​မည်။-


ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ဆို​သော​သူ​ကား အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း သင်​သည်​သိ​လျှင် ထို​သူ​ကို​တောင်း​လိမ့်​မည်။ ထို​သူ​သည်​လည်း အ​သက်​ရေ​ကို ပေး​လိမ့်​မည်​ဟု ပြန်၍ မိန့်​တော်​မူ​သော်၊-


ငါ​ပေး​သော​ရေ​ကို သောက်​သော​သူ​မူ​ကား၊ ရေ​ငတ်​ခြင်း​နှင့်​အ​စဉ်​မ​ပြတ် ကင်း​လွတ်​လိမ့်​မည်။ ငါ​ပေး​သော​ရေ​သည် ထို​သူ၌ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ ထွက်​သော​စမ်း​ရေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ခ​မည်း​တော်​ပြု​တော်​မူ​သော​အ​မှု​ကို သား​တော်​သည် မြင်၍​သာ​ပြု၏။ မိ​မိ​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်၊ ခ​မည်း​တော်​ပြု​တော်​မူ​သ​မျှ​အ​တိုင်း သား​တော်​လည်း​ပြု၏။-


ထို​ပွဲ​ကို​ခံ၍ နောက်​ဆုံး​ဖြစ်​သော​နေ့​မြတ်၌ ယေ​ရှု​သည်​ရပ်၍ ကြွေး​ကြော်​တော်​မူ​သည်​ကား၊ ရေ​ငတ်​သော​သူ​ရှိ​လျှင် ငါ့​ထံ​သို့​လာ၍ သောက်​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ