Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 12:49 - မြန်မာ

49 အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သည်​မ​ဟုတ်၊ ငါ့​ကို စေ​လွှတ်​သော​ခ​မည်း​တော်​သည် အ​ဘယ်​သို့ ငါ​ဆုံး​မ​ဟော​ပြော​ရ​မည်​ကို ပ​ညတ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်၏​ပ​ညတ်​တော်​သည် ထာ​ဝ​ရ​အ​သက်​ဖြစ်​သည်​ကို ငါ​သိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

49 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ကိုယ်​ပိုင်​အ​ခွင့် အာ​ဏာ​အ​ရ​ဟော​ပြော​ခြင်း​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​၏​အ​မိန့် တော်​အ​ရ​ဟော​ပြော​ခြင်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

49 အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သည်​မ​ဟုတ်၊ ငါ့​ကို စေ​လွှတ်​သော​ခ​မည်း​တော်​သည် အ​ဘယ်​သို့ ငါ​ဆုံး​မ​ဟော​ပြော​ရ​မည်​ကို ပ​ညတ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်၏​ပ​ညတ်​တော်​သည် ထာ​ဝ​ရ​အ​သက်​ဖြစ်​သည်​ကို ငါ​သိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

49 အကြောင်းမူကား ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​ဟောပြော​သည်​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​ခမည်းတော်​ကိုယ်တိုင် ငါ​မည်သို့​မြွက်ဆို​၍ မည်သို့​ဟောပြော​ရ​မည်​ကို ငါ့​အား​အမိန့်​ပေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

49 အဘယ်ကြောင့်ဆိုသော် ငါ​သည် မိမိ​ဆန္ဒ​အတိုင်း ဟောပြောသည်​မဟုတ်ဘဲ ငါ့​ကို စေလွှတ်တော်မူသော​ခမည်းတော်​ကိုယ်တိုင်​က မည်သည့်​အရာ​ကို ဟောပြောရမည်၊ မည်သို့​ဟောပြောရမည်​ကို ငါ့​ကို အမိန့်ပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 12:49
17 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​သည် ငါ၌​ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း မ​ယုံ​သ​လော။ ငါ​ဟော​ပြော​သော​စ​ကား​ကို ကိုယ်​အ​လို​အ​လျောက် ငါ​ဟော​ပြော​သည်​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​ကို​ကား၊ ငါ၌ တည်​နေ​တော်​မူ​သော ခ​မည်း​တော်​သည် ပြု​တော်​မူ၏။-


ငါ့​ကို​မ​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​မ​ထောင်။ သင်​တို့​ကြား​သော​စ​ကား​သည် ငါ့​စ​ကား​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်၏​စ​ကား​တော်​ဖြစ်၏။-


ငါ​သည် ခ​မည်း​တော်​ကို ချစ်​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​မှာ​တော်​မူ​သည်​အ​တိုင်း ငါ​ပြု​သည်​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့ သိ​မည်​အ​ကြောင်း​တည်း။ ဤ​အ​ရပ်​မှ ထ၍​သွား​ကြ​ကုန်​အံ့။


ယ​ခု​မှ​စ၍ ငါ​သည်​သင်​တို့​ကို ကျွန်​ဟူ၍​မ​ခေါ်။ ကျွန်​မူ​ကား၊ ကိုယ်​သ​ခင်​ပြု​သော​အ​မှု​ကို မ​သိ။ သင်​တို့​ကို အ​ဆွေ​ဟူ၍​ငါ​ခေါ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ၌ ကြား​သ​မျှ​သော​အ​ရာ​တို့​ကို သင်​တို့​အား ငါ​ပြ​သ၏။-


အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို သူ​တို့​အား​အ​ကျွန်ုပ်​ပေး၍ သူ​တို့​သည် ခံ​ယူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် အ​ထံ​တော်​မှ​ကြွ​လာ​သည်​ကို အ​တပ်​သိ​ကြ​သည်​နှင့် ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ယုံ​ကြ​ပါ၏။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ပြော၏၊ ကိုယ်​မြင်​သော​အ​ရာ​ကို သက်​သေ​ခံ၏။ သို့​သော်​လည်း ငါ​တို့၏​သက်​သေ​ခံ​ချက်​ကို သင်​တို့​သည် မ​ခံ​မ​ယူ​ကြ။-


မြင်​သ​မျှ​ကြား​သ​မျှ​တို့​ကို​လည်း သက်​သေ​ခံ​တော်​မူ၏။ ထို​သက်​သေ​ခံ​ချက်​ကို အ​ဘယ်​သူ​မျှ​မ​ခံ​မ​ယူ၊-


ယေ​ရှု​က​လည်း၊ သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ခ​မည်း​တော်​ပြု​တော်​မူ​သော​အ​မှု​ကို သား​တော်​သည် မြင်၍​သာ​ပြု၏။ မိ​မိ​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်၊ ခ​မည်း​တော်​ပြု​တော်​မူ​သ​မျှ​အ​တိုင်း သား​တော်​လည်း​ပြု၏။-


ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​နိုင်။ ငါ​သည် ကြား​သည်​အ​တိုင်း တ​ရား​စီ​ရင်၏၊ ငါ​စီ​ရင်​ခြင်း​သည်​လည်း တ​ရား​တော်​နှင့် ညီ​ညွတ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​မ​လိုက်၊ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်၏​အ​လို​သို့ လိုက်၏။


ရှိ​မုန်​ပေ​တ​ရု​က၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သူ​ထံ​သို့ သွား​ရ​မည်​နည်း။ ထာ​ဝ​ရ​အ​သက်​နှင့် ယှဉ်​သော​စ​ကား​သည် ကိုယ်​တော်၌ တည်​ပါ၏။-


ယေ​ရှု​က​လည်း၊ ငါ​ဟော​သော​ဒေ​သ​နာ​သည် ငါ၏​ဒေ​သ​နာ​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ၏​ဒေ​သ​နာ​ဖြစ်၏။-


သင်​တို့​အ​မှု၌ ငါ​ပြော​ဆို​စီ​ရင်​စ​ရာ များ​စွာ​ရှိ၏။ သို့​သော်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သူ၏​အ​ထံ​တော်၌ ငါ​ကြား​သ​မျှ​ကို​သာ ဤ​လော​က၌ ငါ​ဟော​ပြော​သည်​ဟု မိန့်​တော်​မူ၏။-


ထို​ကြောင့်​ယေ​ရှု​က၊ သင်​တို့​သည် လူ​သား​ကို မြှောက်​ထား​သော​အ​ခါ၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​ဘဲ၊ ငါ့​ခ​မည်း​တော်​သည် ငါ့​အား နည်း​ပေး​တော်​မူ​သည်​အ​တိုင်း ငါ​ဟော​ပြော​သည်​ကို​လည်း​ကောင်း သင်​တို့​သည် သိ​ကြ​လိမ့်​မည်။-


ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ဘ​မှန်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ထွက်​ကြွ​ရောက်​လာ၏။ ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ