ရှင်ယောဟန် 12:38 - မြန်မာ38 ပရောဖက်ဟေရှာယ ဟောဖူးသည်ကား၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ဟောပြောသော သတင်းစကားကို အဘယ်သူယုံပါသနည်း။ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူသနည်း ဟူသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။- အခန်းကိုကြည့်ပါ။Common Language Bible38 ဤသို့ဖြစ်ရသည်မှာ၊ ``အို ထာဝရဘုရား၊အဘယ်သူသည် အကျွန်ုပ်တို့၏ ဟောပြောချက်ကိုယုံပါသနည်း။ ထာဝရဘုရားသည်တန်ခိုးတော်ကိုအဘယ် သူအား ထင်ရှားပါသနည်း။ ဟုဟေရှာယမြွက်ဆိုခဲ့သည့်အတိုင်းဖြစ် ပျက်ခြင်းပင်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible38 ထိုသို့မယုံကြသည်မှာ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကြားရသောသတင်းကိုယုံကြည်သူ၊ ထာဝရဘုရား၏ လက်ရုံးတော်ကိုမြင်ရသူ၊ မည်သူနည်းဟူ၍ပရောဖက်ဟေရှာယဆင့်ဆိုချက်အတိုင်း ပြည့်စုံစေခြင်းငှါတည်း။ အခန်းကိုကြည့်ပါ။Judson Bible38 ပရောဖက်ဟေရှာယ ဟောဖူးသည်ကား၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ဟောပြောသော သတင်းစကားကို အဘယ်သူယုံပါသနည်း။ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူသနည်း ဟူသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း38 ဤသည်ကား “အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏သတင်းစကားကို မည်သူယုံကြည်ပါသနည်း။ ထာဝရဘုရား၏လက်ရုံးတော်သည် မည်သူ့ထံ ဖော်ပြခြင်းခံရပါသနည်း”ဟု ပရောဖက်ဟေရှာယဟောပြောထားသောစကား ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း38 ဤအရာသည် ပရောဖက်ဟေရှာယ ဟောပြောထားသည့်အတိုင်း ဖြစ်လာရန်ပင်ဖြစ်၏။ ထိုဟောပြောချက်မှာ “အို ထာဝရဘုရား… မည်သူသည် အကျွန်ုပ်တို့၏ ဟောပြောချက်ကို ယုံပါသနည်း။ အရှင်၏ တန်ခိုးတော်ကို မည်သူ့အား ဖော်ပြသနည်း” ဟူ၍ ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့်တကွ ရှိစဉ်ကာလ၊ သူတို့ကိုကိုယ်တော်၏နာမ၌ တည်စေပါပြီ။ အကျွန်ုပ်အား ပေးတော်မူသောသူတို့ကို အကျွန်ုပ်စောင့်မပါပြီ။ ထိုသူတို့တွင် ပျက်စီးခြင်း၏သားတစ်ယောက်မှတစ်ပါး အဘယ်သူမျှ ပျက်စီးခြင်းသို့မရောက်ပါ။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်သည်အကြောင်းကား၊ ကျမ်းစာ ပြည့်စုံမည်အကြောင်းတည်း။
ထိုသူတို့က၊ အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်း ဆိုကြ၏။ ကျမ်းစာလာသည်ကား၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ဟူသော အချက်စကားကို ပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။