Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 12:36 - မြန်မာ

36 အ​လင်း​ရှိ​စဉ်​အ​ခါ အ​လင်း၏​သား​ဖြစ်​အံ့​သော​ငှာ အ​လင်း​ကို​ယုံ​ကြည်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ယေ​ရှု​သည်​ထွက်​ကြွ၍ ထို​သူ​တို့​ကို တိမ်း​ရှောင်​လျက်​နေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

36 သို့​ဖြစ်​၍​အ​လင်း​ရှိ​နေ​ခိုက်​ထို​အ​လင်း​ကို ယုံ​ကြည်​ကြ​လော့။ သို့​မှ​သာ​သင်​တို့​သည် အ​လင်း​၏​သား​များ​ဖြစ်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု သည်​ထွက်​ကြွ​၍ ထို​သူ​တို့​ကို​တိမ်း​ရှောင် လျက်​နေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 အလင်းတော်၏သားများဖြစ်စေခြင်းငှါ အလင်းတော်ရှိခိုက် အလင်းတော်ကိုယုံကြည်ကြလော့ဟုမိန့် တော်မူ၏။ ထိုသို့မိန့်တော်မူပြီးနောက် ယေရှုသည်ထွက်ကြွ၍ တိမ်းရှောင်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 အ​လင်း​ရှိ​စဉ်​အ​ခါ အ​လင်း၏​သား​ဖြစ်​အံ့​သော​ငှာ အ​လင်း​ကို​ယုံ​ကြည်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ယေ​ရှု​သည်​ထွက်​ကြွ၍ ထို​သူ​တို့​ကို တိမ်း​ရှောင်​လျက်​နေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 သင်​တို့​သည် အလင်း​၏​သား​များ​ဖြစ်​ကြ​ရန် သင်​တို့​တွင် အလင်း​ရှိ​ခိုက် အလင်း​ကို​ယုံကြည်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ယေရှု​သည် ဤ​အရာ​များ​ကို ဟောပြော​တော်မူ​ပြီးနောက် ထွက်သွား​၍ သူ​တို့​ကို တိမ်းရှောင်​လျက်​နေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

36 ထို့ကြောင့် အလင်း​ရှိ​ခိုက် ထို​အလင်း​ကို ယုံကြည်ကြလော့။ သို့မှသာ သင်တို့​သည် အလင်း​၏​သားသမီးများ ဖြစ်ကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။ ဤ​အရာများ​ကို မိန့်တော်မူ​ပြီးနောက် ယေရှု​သည် ထွက်ကြွ​၍ ထို​သူတို့​ကို တိမ်းရှောင်​လျက် နေတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 12:36
17 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ သူ​တို့​ကို​ထား​ခဲ့၍ မြို့​ထဲ​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ၍ ထို​ည​ကို လွန်​စေ​တော်​မူ၏။-


သင်​တို့​သည် ဤ​လော​က၏ အ​လင်း​ဖြစ်​ကြ၏။ တောင်​ထိပ်၌​တည်​သော​မြို့​ကို မ​ကွယ်​နိုင်။-


မ​တ​ရား​သော ထို​ဘ​ဏ္ဍာ​စိုး​သည် လိ​မ္မာ​စွာ​ပြု​သည်​ကို သ​ခင်​သည် ချီး​မွမ်း​လေ၏။ အ​ကြောင်း​မူ​ကား၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​အ​မှု​ကို ဆောင်​ရွက်​ရာ​တွင်၊ အ​လင်း​သို့​ရောက်​သော​သူ​တို့​ထက် သာ၍ လိ​မ္မာ​ကြ၏။-


ထို​သူ​ကို​လူ​အ​ပေါင်း​တို့​သည် အ​မှီ​ပြု၍ ယုံ​ကြည်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း ထို​သူ​သည် သက်​သေ​ခံ​ဖြစ်၍၊ အ​လင်း​တော်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ခြင်း​ငှာ​လာ၏။-


ထို​ကြောင့်၊ ယေ​ရှု​သည် နောက်​တစ်​ဖန် ယု​ဒ​လူ​တို့​တွင် ထင်​ရှား​စွာ မ​လှည့်​လည်​ဘဲ၊ ထို​အ​ရပ်​မှ​ထွက်၍ တော​နှင့်​အ​နီး ဧ​ဖ​ရိမ်​အ​မည်​ရှိ​သော​မြို့​သို့​ကြွ၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ နေ​တော်​မူ၏။


ထို​မျှ​လောက်​ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို သူ​တို့​မျက်​မှောက်၌ ပြ​တော်​မူ​သော်​လည်း သူ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ မ​ရောက်​ကြ။-


ငါ့​ကို ယုံ​ကြည်​သ​မျှ​သော​သူ​တို့​သည် မှောင်​မိုက်၌​မ​နေ​စေ​ခြင်း​ငှာ ငါ​သည်​အ​လင်း​ဖြစ်​လျက် ဤ​လော​က​သို့ ကြွ​လာ​ပြီ။-


သ​မ္မာ​တ​ရား​ကို ကျင့်​သော​သူ​မူ​ကား၊ မိ​မိ​အ​ကျင့်​တို့​သည် ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့် ညီ​သည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ အ​လင်း​သို့​ချဉ်း​ကပ်​သည်​ဟု ဟော​တော်​မူ၏။


တစ်​ဖန်​တုံ​ယေ​ရှု​က၊ ငါ​သည် ဤ​လော​က၏​အ​လင်း​ဖြစ်၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည် မှောင်​မိုက်၌ မ​သွား​မ​လာ။ အ​သက်၏​အ​လင်း​ကို​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ထို​အ​ခါ ကိုယ်​တော်​ကို ခဲ​နှင့်​ပစ်​ခြင်း​ငှာ ကျောက်​ခဲ​တို့​ကို ကောက်​ယူ​ကြ၏။ ယေ​ရှု​သည်​တိမ်း​ရှောင်၍ ထို​သူ​တို့​အ​လယ်၌ လျှောက်​သွား​ပြီး​လျှင် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ