Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 11:54 - မြန်မာ

54 ထို​ကြောင့်၊ ယေ​ရှု​သည် နောက်​တစ်​ဖန် ယု​ဒ​လူ​တို့​တွင် ထင်​ရှား​စွာ မ​လှည့်​လည်​ဘဲ၊ ထို​အ​ရပ်​မှ​ထွက်၍ တော​နှင့်​အ​နီး ဧ​ဖ​ရိမ်​အ​မည်​ရှိ​သော​မြို့​သို့​ကြွ၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ နေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

54 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ယု​ဒ​ပြည်​တွင် အ​ထင်​အ​ရှား​မ​သွား​မ​လာ​တော့​ချေ။ ထို အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ​၍​တော​က​န္တာ​ရ အ​နီး၊ ဧ​ဖ​ရိမ်​နာ​မည်​ရှိ​သော​မြို့​သို့​ကြွ တော်​မူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​နှင့်​အ​တူ နေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

54 သို့ဖြစ်၍ယေရှုသည် ယုဒလူမျိုးတို့ဘောင်တွင် နောင်အထင်အရှားသွားလာတော်မမူဘဲ သဲတောစပ်ရှိ ဧဖရိမ်ခေါ်မြို့သို့ကြွရောက်၍ တပည့်တော်တို့နှင့်အတူနေထိုင်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

54 ထို​ကြောင့်၊ ယေ​ရှု​သည် နောက်​တစ်​ဖန် ယု​ဒ​လူ​တို့​တွင် ထင်​ရှား​စွာ မ​လှည့်​လည်​ဘဲ၊ ထို​အ​ရပ်​မှ​ထွက်၍ တော​နှင့်​အ​နီး ဧ​ဖ​ရိမ်​အ​မည်​ရှိ​သော​မြို့​သို့​ကြွ၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ နေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

54 သို့ဖြစ်၍ ယေရှု​သည် ဂျူး​လူမျိုး​တို့​ထဲတွင် ထင်ရှား​စွာ​မ​သွားလာ​တော့​ဘဲ ထို​အရပ်​မှ​ထွက်ခွာ​၍ တော​ကန္တာရ​နှင့်​နီး​သော​အရပ်​ဒေသ​၌​ရှိ​သည့် ဧဖရိမ်​ဟု​ခေါ်​သော​မြို့​သို့​ကြွ​ပြီးလျှင် တပည့်​တော်​တို့​နှင့်အတူ ထို​မြို့​၌​နေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

54 ထို့ကြောင့် ယေရှု​သည် ဂျူးလူမျိုးတို့​အကြား ထင်ရှားစွာ​မသွားလာတော့ဘဲ ထို​အရပ်​မှ ထွက်ခွာ​၍ တောကန္တာရ​အနီး ဧဖရိမ်​ဟု ခေါ်သော မြို့​သို့ ကြွ​၍ တပည့်တော်တို့​နှင့်အတူ နေတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 11:54
9 ပူးပေါင်းရင်းမြစ်များ  

ယော​ဟန်​သည် ဗ​တ္တိ​ဇံ​ကို ရှေ့​ဦး​စွာ​ပေး​ရာ​အ​ရပ်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ တစ်​ဖန်​ကြွ၍ ထို​အ​ရပ်၌ နေ​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ ငါ​သည်​လော​က၌ ထင်​ရှား​စွာ​ဟော​ပြော​ပြီ။ ယု​ဒ​လူ​အ​ပေါင်း​တို့ စည်း​ဝေး​ရာ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ဗိ​မာန်​တော်၌​လည်​ကောင်း၊ အ​စဉ်​မ​ပြတ် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပြီ။ မ​ထင်​ရှား​ဘဲ အ​လျှင်း​မ​ဟော​မ​ပြော။-


ထို​နောက်​မှ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်၌ လှည့်​လည်​တော်​မူ၏။ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ယု​ဒ​ပြည်၌ လှည့်​လည်​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။


ညီ​တော်​တို့​သွား​ပြီး​မှ ကိုယ်​တော်​သည် ထို​ပွဲ​သို့ မ​ထင်​မ​ရှား​ကြွ​တော်​မူ၏။-


သို့​သော်​လည်း ယု​ဒ​လူ​တို့​ကို​ကြောက်​သော​ကြောင့် အ​ဘယ်​သူ​မျှ အ​တည့်​အ​လင်း​မ​ပြော​ဝံ့​ကြ။


ကျော်​စော​ကိ​တ္တိ​ကို အ​လို​ရှိ​သော​သူ​မည်​သည်​ကား မ​ထင်​ရှား​သော​အား​ဖြင့် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​တတ်။ ဤ​အ​မှု​တို့​ကို သင်​သည်​ပြု​လျှင်၊ ဤ​လော​က၌ ကိုယ်​ကို​ထင်​ရှား​စွာ ပြ​ပါ​ဟု၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ