ရှင်ယောဟန် 11:2 - မြန်မာ2 နာလျက်နေသော လာဇရု၏နှမမာရိကား၊ သခင်ဘုရားကို ဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင်နှင့်သုတ်သော မာရိ ဖြစ်သတည်း။- အခန်းကိုကြည့်ပါ။Common Language Bible2 (ဤမာရိကားသခင်ယေရှု၏ခြေတော်ထက် မှာဆီမွှေးသွန်းလောင်း၍ မိမိဆံပင်ဖြင့်သုတ် ပေးသူဖြစ်၏။ ဖျားနာနေသူလာဇရုသည် ဤမာရိ၏မောင်တည်း။)- အခန်းကိုကြည့်ပါ။Garrad Bible2 နာနေသောလာဇရု၏အစ်မဖြစ်သော ထိုမာရိကား၊ အရှင်ဘုရားကိုနံ့သာဆီလိမ်းကျံ၍ ခြေတော်ကိုဦးဆံနှင့်သုတ်သောသူတည်း။ အခန်းကိုကြည့်ပါ။Judson Bible2 နာလျက်နေသော လာဇရု၏နှမမာရိကား၊ သခင်ဘုရားကို ဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင်နှင့်သုတ်သော မာရိ ဖြစ်သတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထိုမာရိသည် သခင်ဘုရားကိုဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင်ဖြင့်သုတ်သောသူဖြစ်ပြီး နာမကျန်းဖြစ်နေသောလာဇရုသည် သူ၏မောင်ဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ထိုမာရိသည် ယေရှု၏ ခြေကို ဆီမွှေးလိမ်း၍ မိမိဆံပင်ဖြင့် သုတ်ပေးသောသူဖြစ်၏။ သူ၏ မောင် လာဇရုသည် ဖျားနာလျက်ရှိသောကြောင့် အခန်းကိုကြည့်ပါ။ |
ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌ ကိုယ်တော် ရှိတော်မူသည်ဖြစ်၍၊ မိန်းမတစ်ယောက်သည် အဖိုးများစွာထိုက်သော နာဒုဆီမွှေးစစ်နှင့်ပြည့်သော ကျောက်ဖြူခွက်တစ်လုံးကို ယူခဲ့၍ ကိုယ်တော်သည် စားပွဲနားမှာ လျောင်းတော်မူစဉ်၊ ကျောက်ဖြူခွက်ကိုခွဲပြီးမှ ခေါင်းတော်ပေါ်၌ သွန်းလောင်းလေ၏။-