Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 1:33 - မြန်မာ

33 အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​က၊ အ​ကြင်​သူ၏​အ​ပေါ်၌ ဝိ​ညာဉ်​တော်​ဆင်း​သက်၍ နား​တော်​မူ​သည်​ကို သင်​သည်​မြင်​လျှင်၊ ထို​သူ​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ပေး​သော​သူ​ပေ​တည်း​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 ကိုယ်​တော်​သည်​မည်​သူ​ဖြစ်​သည်​ကို ယ​ခင်​က ငါ​မ​သိ။ သို့​သော်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ဘု​ရား​သ​ခင် က `ဝိ​ညာဉ်​တော်​သည်​ဆင်း​သက်​၍​တစ်​စုံ တစ်​ယောက်​သော​သူ​၏​အ​ပေါ်​မှာ​နား​တော်​မူ သည်​ကို​သင်​မြင်​ရ​လိမ့်​မည်' ဟု​ငါ့​အား မိန့်​တော်​မူ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ကိုယ်တော်မှန်း ငါမသိရာတွင် ရေနှင့်ဗတ္တိဇံမင်္ဂလာပေးရန် ငါ့ကိုစေလွှတ်လိုက်သောအရှင်က၊ မည်သူ့အပေါ်သို့မဆို ဝိညာဉ်တော့်ဆင်းသက်နားနေသည်ကို သင်မြင်ရလျှင် ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ဗတ္တိဇံမင်္ဂလာပေးသူဖြစ်သည်ဟု မိန့်တော်မူသည့်အတိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​က၊ အ​ကြင်​သူ၏​အ​ပေါ်၌ ဝိ​ညာဉ်​တော်​ဆင်း​သက်၍ နား​တော်​မူ​သည်​ကို သင်​သည်​မြင်​လျှင်၊ ထို​သူ​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ပေး​သော​သူ​ပေ​တည်း​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 ငါ​သည်​လည်း အစ​က သူ့​ကို​မ​သိ။ သို့ရာတွင် ရေ​၌​ဗတ္တိဇံ​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​က ‘တစ်စုံတစ်ဦး​အပေါ်သို့ ဝိညာဉ်​တော်​ဆင်းသက်​၍ သူ့​အပေါ်၌​တည်​တော်မူ​သည်​ကို သင်​မြင်​လျှင် ထို​သူ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ပေး​သော​သူ​ဖြစ်​၏’​ဟု ငါ့​အား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 ထို​အရှင်​ကို ယခင်က ငါ​မသိခဲ့။ သို့သော်လည်း ရေ​ဖြင့်​နှစ်ခြင်းမင်္ဂလာ​ပေး​ရန် ငါ့​ကို စေလွှတ်တော်မူသော​ဘုရားသခင်​က ‘တစ်စုံတစ်ဦး​အပေါ်​သို့ ဝိညာဉ်တော်​ဆင်းသက်​၍ နားတော်မူသည်​ကို သင်​မြင်​လျှင် ထို​သူ​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၌ နှစ်ခြင်းမင်္ဂလာ​ပေးသော​သူ​ဖြစ်သည်’ ဟု ငါ့​ကို မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 1:33
16 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် နောင်​တ​အ​ဖို့​အ​လို​ငှာ သင်​တို့​ကို ရေ​နှင့်​ဗ​တ္တိ​ဇံ​ပေး၏။ ငါ့​နောက် ကြွ​လာ​သော​သူ​သည် ငါ့​ထက် တတ်​စွမ်း​နိုင်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကို​မျှ ဆောင်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ မီး​နှင့်​လည်း​ကောင်း၊ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။


ယော​ဟန်​သည် လူ​အ​ပေါင်း​တို့​အား ပြန်​ပြော​သည်​ကား၊ ငါ​သည် သင်​တို့​အား ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး၏။ ငါ့​ထက်​တတ်​စွမ်း​နိုင်​သော​သူ​သည် ကြွ​လာ​သေး၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌​လည်း​ကောင်း၊ မီး၌​လည်း​ကောင်း သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။-


အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ သို့​သော်​လည်း ထို​သူ​ကို ဣ​သ​ရေ​လ​လူ​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ ငါ​သည် ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး​လျက်​လာ၏။-


ခ​မည်း​တော်​သည် ငါ့​အ​တွက်​ကြောင့် စေ​လွှတ်​တော်​မူ​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​တည်း​ဟူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​ပြော​ခဲ့​သ​မျှ​သော စ​ကား​တို့​ကို မှတ်​မိ​သော​ဉာဏ်​ကို သင်​တို့​အား ပေး​တော်​မူ​မည်။-


ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​သည် ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို ပြော​ဆို​တတ်၏။ ထို​သူ​အား ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​ကို အ​တိုင်း​အ​ရှည်​မ​ရှိ​ဘဲ ပေး​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ ရေ​နှင့် ဝိ​ညာဉ်​တော် မ​မွေး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို၏။-


ထို​သို့​မိန့်​တော်​မူ​သော်၊ ယုံ​ကြည်​သော​သူ​တို့​သည် ခံ​ရ​လ​တ္တံ့​သော​ဝိ​ညာဉ်​တော်​ကို ရည်​မှတ်၍ မိန့်​တော်​မူ၏။ ယေ​ရှု​သည် ဘုန်း​ပွင့်​တော်​မ​မူ​သေး​သော​ကြောင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မ​မူ​သေး။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ