Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 7:11 - မြန်မာ

11 သင်​တို့​မူ​ကား၊ အ​ကြင်​သူ​သည် ကိုယ်​မိ​ဘ​ကို သင်​တို့​အ​သုံး​ရ​နိုင်​သ​မျှ​သော ငါ၏​ဥ​စ္စာ​သည် အ​လှူ​ဝ​တ္ထု​တည်း​ဟူ​သော ကော်​ဘန်​ဖြစ်​စေ​ဟု ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သို့​သော်​သင်​တို့​က `လူ​တစ်​ဦး​တစ်​ယောက်​သည် အ​ဖ​သို့​မ​ဟုတ်​အ​မိ​အား​အ​ကျိုး​ပြု​စေ​မည့် ပစ္စည်း​တစ်​စုံ​တစ်​ရာ​ရှိ​သော်​လည်း ယင်း​ပစ္စည်း​ကို `ကော်​ဘန်' (ဘု​ရား​သ​ခင်​အ​ဖို့​လှူ​ပြီး​ပစ္စည်း ဖြစ်​သည်) ဟု​ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 သင် တို့ မူ ကား မည် သူ မ ဆို မိ ဘ အား ထောက် ပံ့ သင့် သော ငွေ ကို ဒါ န ဝ ထ္ထု အ ဖြစ် လှူ ပြီး ဖြစ် သည် ဟု ဆို လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 သင်​တို့​မူ​ကား၊ အ​ကြင်​သူ​သည် ကိုယ်​မိ​ဘ​ကို သင်​တို့​အ​သုံး​ရ​နိုင်​သ​မျှ​သော ငါ၏​ဥ​စ္စာ​သည် အ​လှူ​ဝ​တ္ထု​တည်း​ဟူ​သော ကော်​ဘန်​ဖြစ်​စေ​ဟု ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သို့သော် သင်​တို့​သည် ‘လူ​တစ်ဦး​က ဖခင်​၊ သို့မဟုတ် မိခင်​အား “အကျွန်ုပ်​ထံမှ သင်​တို့​ခံစား​ထိုက်​သည့်​အရာ​သည် လှူဖွယ်ဝတ္ထု​တည်းဟူသော ကော်ဘန်​ဖြစ်​ပါ​ပြီ”​ဟူ၍ ပြော​လျှင် ရ​၏’​ဟု ဆို​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 သင်တို့​ကမူ ‘မိဘ​အား ထောက်ပံ့ရမည့် ပစ္စည်း​ရှိ​သော်လည်း ထို​ပစ္စည်း​ကို ဘုရားသခင်​အား လှူဒါန်းပြီး​ဖြစ်​ပါက သူတို့​ကို ထောက်ပံ့​ရန် မလိုတော့’ ဟု သွန်သင်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 7:11
6 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​မူ​ကား၊ အ​ကြင်​သူ​သည် ကိုယ်​မိ​ဘ​ကို၊ သင်​တို့​အ​သုံး​ရ​နိုင်​သ​မျှ​သော ငါ၏​ဥ​စ္စာ​သည် အ​လှူ​ဝ​တ္ထု ဖြစ်​စေ​ဟု​ဆို၏၊-


တစ်​နည်း​ကား၊ ယဇ်​ပ​လ္လင်​ကို တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လျှင် မ​တည်။ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော ပူ​ဇော်​သ​ကာ​ကို တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လျှင် တည်​သည်​ဟု သင်​တို့​ဆို​ကြ၏။-


ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ထို​ငွေ​ကို​ယူ၍ အ​သွေး၏​အ​ဖိုး​ဖြစ်၏။ ဘ​ဏ္ဍာ​တော်၌ မ​သွင်း​အပ်​ဟု ပြော​ဆို၊-


ထို​သူ​သည် မိ​ဘ​ဝတ်​ကို အ​လျှင်း​မ​ပြု​ရ​ဟု မြစ်​တား၍၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ