Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 5:40 - မြန်မာ

40 ထို​သူ​တို့​သည် ပြက်​ရယ်​ပြု​ကြ၏။ ထို​သူ​ရှိ​သ​မျှ​တို့​ကို ပြင်​သို့ ထွက်​စေ​ပြီး​မှ သူ​ငယ်၏ မိ​ဘ​တို့​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​ပါ​သော သူ​တို့​ကို​လည်း​ကောင်း ခေါ်​ပြီး​လျှင်၊ သူ​ငယ် လျောင်း​ရာ​အ​ရပ်​သို့ ဝင်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

40 ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ ၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​အ​ပြင်​သို့​နှင်​ထုတ်​တော် မူ​ပြီး​လျှင် သူ​ငယ်​မ​၏​မိ​ဘ​များ​နှင့်​တ​ပည့်​တော် သုံး​ယောက်​တို့​ကို​ခေါ်​၍ သူ​ငယ်​မ​ရှိ​ရာ​အ​ခန်း​ထဲ သို့​ဝင်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

40 ကိုယ် တော် ကို ပြက် ရယ် ပြု ကြ၏။ ထို သူ ရှိ သ မျှ ကို ပြင် သို့ ထုတ် ပြီး မှ ကိုယ် တော် သည် သူ ငယ် မ မိ ဘ တို့ နှင့် နောက် တော် ပါ တို့ ကို ခေါ် လျက် သူ ငယ် မ ရှိ ရာ သို့ ကြွ ဝင် ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

40 ထို​သူ​တို့​သည် ပြက်​ရယ်​ပြု​ကြ၏။ ထို​သူ​ရှိ​သ​မျှ​တို့​ကို ပြင်​သို့ ထွက်​စေ​ပြီး​မှ သူ​ငယ်၏ မိ​ဘ​တို့​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​ပါ​သော သူ​တို့​ကို​လည်း​ကောင်း ခေါ်​ပြီး​လျှင်၊ သူ​ငယ် လျောင်း​ရာ​အ​ရပ်​သို့ ဝင်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို​လှောင်ပြောင်​ရယ်မော​ကြ​၏။ သို့သော် ကိုယ်တော်​သည် ထို​သူ​အပေါင်း​တို့​ကို အပြင်​သို့​ထွက်​စေ​ပြီးလျှင် သူငယ်မ​၏​မိခင်​နှင့်​ဖခင်​တို့​အပြင် မိမိ​နှင့်အတူ​ပါ​လာ​သော​သူ​တို့​ကို​သာ​ခေါ်​၍ သူငယ်မ​ရှိ​ရာ​သို့​ဝင်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

40 ထိုအခါ လူတို့​က ကိုယ်တော်​ကို ပြက်ရယ်ပြုကြ၏။ သို့သော် ကိုယ်တော်​သည် ရှိသမျှ​လူတို့​ကို အပြင်​သို့ ထွက်စေပြီး​လျှင် မိန်းကလေး​၏​မိဘများ​နှင့် တပည့်တော်​သုံးပါး​တို့ကို ခေါ်​၍ ထို​မိန်းကလေး​ရှိ​ရာ အခန်း​ထဲသို့ ဝင်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 5:40
14 ပူးပေါင်းရင်းမြစ်များ  

ခံ​တွင်း​သို့​ဝင်​သော​အ​ရာ​သည် လူ​ကို​ညစ်​ညူး​စေ​သည် မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​သော​အ​ရာ​သည် ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။-


ဖြူ​စင်​သော​အ​ရာ​ကို ခွေး​တို့​အား မ​ပေး​ကြ​နှင့်။ ပု​လဲ​ရ​တ​နာ​တို့​ကို ဝက်​တို့​ရှေ့​မှာ မ​ချ​မ​ထား​ကြ​နှင့်။ သို့​ပြု​လျှင် ထို​အ​ရာ​တို့​ကို ကျော်​နင်း၍ သင်​တို့​ကို​လှည့်​လျက် ကိုက်​ဖြတ်​ကြ​လိမ့်​မည်။-


အ​တွင်း​သို့​ဝင်၍ သင်​တို့​သည် အ​ဘယ်​ကြောင့် အုန်း​အုန်း​သဲ​သဲ​ပြု၍ ငို​ကြွေး​ကြ​သ​နည်း။ သူ​ငယ်​သေ​သည်​မ​ဟုတ် အိပ်​ပျော်​သည်​ဟု မိန့်​တော်​မူ​သော်၊-


သူ​ငယ်၏​လက်​ကို ကိုင်​တော်​မူ​လျက်၊ တ​လိ​သ​ကု​မိ​ဟု မိန့်​တော်​မူ၏။ အ​နက်​ကား၊ မိန်း​မ​ငယ်​ထ​လော့ ငါ​ဆို၏​ဟု ဆို​လို​သ​တည်း။-


ငွေ​ကို တပ်​မက်​သော ဖာ​ရိ​ရှဲ​တို့​သည် ထို​စ​ကား​များ​ကို ကြား​လျှင်၊ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ