Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 5:24 - မြန်မာ

24 ကိုယ်​တော်​သည် သူ​နှင့်​အ​တူ​သွား၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ခြံ​ရံ​လျက် ထိ​ခိုက်​တိုက်​မိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 သ​ခင်​ယေ​ရှု​သည်​ယာ​ဣ​ရု​နှင့်​အ​တူ​လိုက်​သွား​၏။ များ​စွာ​သော​လူ​ပ​ရိ​သတ်​သည်​နောက်​တော်​က လိုက်​သ​ဖြင့်​ကိုယ်​တော်​ကို​တိုး​ဝှေ့​မိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 လိုက် ကြွ တော် မူ ရာ ကြီး စွာ သော လူ ပ ရိတ် သတ် လည်း နောက် တော် က လိုက်၍ ကိုယ် တော် ကို တိုး ဝှေ့ မိ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ကိုယ်​တော်​သည် သူ​နှင့်​အ​တူ​သွား၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ခြံ​ရံ​လျက် ထိ​ခိုက်​တိုက်​မိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ထို့ကြောင့် ကိုယ်တော်​သည် သူ​နှင့်အတူ​လိုက်သွား​တော်မူ​၏။ များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​ပြီး ကိုယ်တော်​ကို​တိုးဝှေ့​မိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ဤသို့ဖြင့် ယေရှု​သည် ထို​သူ​နှင့်အတူ ကြွတော်မူ၏။ လူအုပ်ကြီး​သည်လည်း နောက်တော်သို့​လိုက်​၍ တိုးဝှေ့ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 5:24
12 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် အိမ်​သို့​ဝင်​ကြ​လျှင်၊ အ​စာ​ကို မ​စား​နိုင်​သည်​တိုင်​အောင် လူ​များ​တို့​သည် တစ်​ဖန် စု​ဝေး​ကြ​ပြန်၏။-


သို့​သော်​လည်း ကိုယ်​တော်​သည်​ကြွ၍ သူ့​ကို ကယ်​တင်​ခြင်း​ငှာ သူ၏​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု များ​စွာ​တောင်း​ပန်၏။-


ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ စွဲ​သော​ကြောင့်၊-


တ​ပည့်​တော်​တို့​က၊ လူ​အ​စု​အ​ဝေး​သည် ကိုယ်​တော်​အား ထိ​ခိုက်​ကြ​သည်​ကို မြင်​လျက်​ပင်၊ ငါ့​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​သော်​လည်း၊-


လူ​အ​စု​အ​ဝေး​တို့​သည် ထူ​ထပ်​လျက်​ရှိ​ကြ​သော​အ​ခါ ကိုယ်​တော်​က၊ ဤ​လူ​မျိုး​သည် ဆိုး​ညစ်​သော​အ​မျိုး​ဖြစ်၏။ နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ​မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား​မ​ပြ​ရာ။-


ထို​အ​ခါ အ​တိုင်း​မ​သိ​များ​စွာ​သော လူ​တို့​သည် စု​ဝေး၍ အ​ချင်း​ချင်း နင်း​မိ​မ​တတ်​နေ​ကြ​သည်​ရှိ​သော်၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ လျှို့​ဝှက်​ခြင်း​တည်း​ဟူ​သော ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို ရှေ့​ဦး​စွာ ကြဉ်​ရှောင်​ကြ​လော့။-


ယေ​ရှု​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို ထို​သူ​သည် ကြည့်​လို၍၊ လူ​အ​စု​အ​ဝေး​များ​သော​ကြောင့်၊ မိ​မိ​အ​ရပ်​လည်း နိမ့်​သည်​ဖြစ်၍ မ​မြင်​နိုင်။-


ယေ​ရှု​သည် သူ​တို့​နှင့်​အ​တူ ကြွ​တော်​မူ၏။ တပ်​မှူး​အိမ်​နှင့် မ​နီး​မ​ဝေး​ရောက်​တော်​မူ​သော​အ​ခါ၊ တပ်​မှူး​သည် မိ​မိ​အ​ဆွေ​တို့​ကို စေ​လွှတ်၍၊ သ​ခင်၊ ကိုယ်​ကို ပင်​ပန်း​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်၏ အိမ်​မိုး​အောက်​သို့ ကြွ​ဝင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​မ​ခံ​ထိုက်​ပါ။-


တစ်​ဆယ်​နှစ်​နှစ်​အ​ရွယ်​ရှိ​သော မိ​မိ၌ တစ်​ယောက်​တည်း​သော​သ​မီး​သည် သေ​ဆဲ​ရှိ​သော​ကြောင့်၊ မိ​မိ​အိမ်​သို့ ကြွ​တော်​မူ​မည်​အ​ကြောင်း ကိုယ်​တော်​ကို​တောင်း​ပန်၍ ကြွ​တော်​မူ​စဉ်​တွင် လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို ထိ​ခိုက်​တိုက်​မိ​ကြ၏။-


ယေ​ရှု​က​လည်း၊ ငါ့​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ငြင်း​လတ်​သော်၊ ပေ​တ​ရု​မှ​စ၍ သူ၏​အ​ပေါင်း​အ​ဖော်​တို့​က၊ သ​ခင်၊ လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​အား ထိ​ခိုက်​တိုက်​မိ​ကြ​သည် ဖြစ်၍၊ ငါ့​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ​ပါ​သည်​တ​ကား​ဟု လျှောက်​လေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ