Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 5:14 - မြန်မာ

14 ဝက်​ကျောင်း​သော​သူ​တို့​သည် ပြေး၍​မြို့​ရွာ​တို့၌ သ​တင်း​ကြား​ပြော​လျှင်၊ လူ​များ​တို့​သည် ထို​အ​မှု​အ​ရာ​တို့​ကို ကြည့်​ရှု​အံ့​သော​ငှာ ထွက်​လာ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ဝက်​ထိန်း​များ​သည်​ထွက်​ပြေး​ကြ​၏။ မြို့​နှင့် ကျေး​လက်​တော​ရွာ​များ​တွင်​ထို​အ​ဖြစ်​အ​ပျက် အ​ကြောင်း​အ​ရာ​များ​ကို​အ​နှံ့​အ​ပြား​ပြော ကြား​ကြ​၏။ လူ​တို့​သည်​ဖြစ်​ပျက်​ပုံ​ကို​သိ​လို ၍​လာ​ရောက်​ကြည့်​ရှု​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ဝက် ကျောင်း တို့ လည်း ထွက် ပြေး၍ မြို့ ရွာ များ၌ သ တင်း ကြား ပြော ကြ သည့် ကာ လ အ ဖြစ် အ ပျက် များ ကို သိ မြင် ရန် ထွက် လာ သူ တို့ သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ဝက်​ကျောင်း​သော​သူ​တို့​သည် ပြေး၍​မြို့​ရွာ​တို့၌ သ​တင်း​ကြား​ပြော​လျှင်၊ လူ​များ​တို့​သည် ထို​အ​မှု​အ​ရာ​တို့​ကို ကြည့်​ရှု​အံ့​သော​ငှာ ထွက်​လာ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ဝက်​ထိန်းကျောင်း​သော​သူ​တို့​သည် ထွက်ပြေး​၍ မြို့​နှင့်​တောရွာ​များ​တွင် ပြောကြား​ကြ​သဖြင့် လူ​တို့​သည် မည်သည့်​အရာ​ဖြစ်ပျက်​ခဲ့​သည်​ကို​ကြည့်ရှု​ရန် ထွက်လာ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ဝက်ကျောင်းသော​သူတို့​သည် ပြေး​၍ ထို​သတင်း​ကို မြို့ရွာတို့​တွင် ပြောပြကြ၏။ ထို့ကြောင့် လူတို့​က မည်သို့​ဖြစ်ပျက်သည်​ကို ကြည့်​ရန် ထွက်လာကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 5:14
5 ပူးပေါင်းရင်းမြစ်များ  

ဖြူ​စင်​သော​အ​ရာ​ကို ခွေး​တို့​အား မ​ပေး​ကြ​နှင့်။ ပု​လဲ​ရ​တ​နာ​တို့​ကို ဝက်​တို့​ရှေ့​မှာ မ​ချ​မ​ထား​ကြ​နှင့်။ သို့​ပြု​လျှင် ထို​အ​ရာ​တို့​ကို ကျော်​နင်း၍ သင်​တို့​ကို​လှည့်​လျက် ကိုက်​ဖြတ်​ကြ​လိမ့်​မည်။-


ဝက်​ကျောင်း​သော သူ​တို့​သည်​လည်း ပြေး၍ မြို့​ထဲ​သို့​ဝင်​ပြီး​လျှင်၊ နတ်​ဆိုး​စွဲ​သော​သူ​တို့၏ အ​ကြောင်း​မှ​စ၍ ဖြစ်​လေ​သ​မျှ​တို့​ကို ကြား​ပြော​ကြ​သော်၊-


ယေ​ရှု​သည် ချက်​ချင်း​အ​ခွင့်​ပေး​တော်​မူ၏။ ညစ်​ညူး​သော​နတ်​တို့​သည် ထွက်၍ ဝက်​ထဲ​သို့​ဝင်​သ​ဖြင့် ဝက်​အ​စု​သည် အိုင်​ကမ်း​ဇောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း၍ အိုင်၌​အ​သက်​ဆုံး​ကြ၏။ အ​ရေ​အ​တွက်​အား​ဖြင့် နှစ်​ထောင်​လောက်​ရှိ၏။-


အ​ထံ​တော်​သို့ ရောက်​သော​အ​ခါ၊ နတ်​ဆိုး လေ​ဂေါင်​စွဲ​သော​သူ​သည် အ​ဝတ်​ကို​ဝတ်၍ ပ​က​တိ​စိတ်​နှင့် ထိုင်​နေ​သည်​ကို မြင်​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။-


ဝက်​ကျောင်း​သော​သူ​တို့​သည် ထို​အ​ခြင်း​အ​ရာ​ကို မြင်​လျှင်​ပြေး၍ မြို့​ရွာ​တို့၌ သ​တင်း​ကြား​ပြော​ကြ​သော်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ