Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 12:14 - မြန်မာ

14 ထို​သူ​တို့​သည် ချဥ်း​ကပ်၍၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​ရှိ​ပါ၏။ အ​ဘယ်​သူ​ကို​မျှ မ​ကြောက်၊ လူ​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်၏​တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ​ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။ ကဲ​သာ​ဘု​ရင်​အား အ​ခွန်​ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ထို​သူ​တို့​သည်​အ​ထံ​တော်​သို့​လာ​၍ ``ဆ​ရာ​တော်၊ အ​ရှင်​သည်​မှန်​သော​စ​ကား​ကို​သာ​ပြော​တတ် ပါ​၏။ လူ​တို့​အ​ဘယ်​သို့​ထင်​မှတ်​ကြ​သည်​ကို အ​ရေး​မ​စိုက်။ လူ့​မျက်​နှာ​ကို​မ​ထောက်​ဘဲ​ဘု​ရား သ​ခင်​၏​တ​ရား​လမ်း​ကို​ဟုတ်​မှန်​သည့်​အ​တိုင်း သွန်​သင်​တော်​မူ​ကြောင်း​အ​ကျွန်ုပ်​တို့​သိ​ပါ​၏။ ရော​မ​ဧ​က​ရာဇ်​မင်း​အား​အ​ခွန်​ဆက်​အပ်​ပါ သ​လော၊ မ​ဆက်​အပ်​ပါ​သ​လော။ အ​ကျွန်ုပ်​တို့ သည်​အ​ခွန်​ဆက်​ရ​မည်​လော၊ မ​ဆက်​ရ​မည် လော'' ဟု​ပ​ရိ​ယာယ်​ဆင်​၍​မေး​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ဆ ရာ သည် သ စ္စာ စောင့် သူ ဖြစ် သည့် အ လျောက် မည် သူ့ ကို မျှ အ မှု မ ထား၊ လူ့ မျက် နှာ ကို မ ထောက် ဘဲ ဘု ရား သ ခင့် နည်း လမ်း တော် ကို သ စ္စာ နှင့် သွန် သင် ကြောင်း အ ကျွန်ုပ် တို့ သိ ကြ ပါ သည်။ ကဲ သာ မင်း အား အ ခွန် ဆက် အပ် သ လော။ မ ဆက် အပ် သ လော။ အ ကျွန်ုပ် တို့ ဆက် ရ မည် လော။ မ ဆက် ရ လော ဟု ပြော ဆို မေး မြန်း ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထို​သူ​တို့​သည် ချဥ်း​ကပ်၍၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​ရှိ​ပါ၏။ အ​ဘယ်​သူ​ကို​မျှ မ​ကြောက်၊ လူ​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်၏​တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ​ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။ ကဲ​သာ​ဘု​ရင်​အား အ​ခွန်​ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သူ​တို့​သည်​လာ​၍ ကိုယ်တော်​အား “ဆရာ၊ ဆရာ​သည် ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး မည်သူ့​ကို​မျှ​အား​မ​နာ​ကြောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ အဘယ်ကြောင့်​ဆိုသော် ဆရာ​သည် လူ့​မျက်နှာ​ကို​မ​ထောက်​ဘဲ ဘုရားသခင်​၏​တရား​လမ်း​ကို သမ္မာတရား​နှင့်အညီ​သွန်သင်​ပါ​၏။ ဆီဇာ​ဧကရာဇ်​ကို အခွန်​ဆက်သ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော။ အကျွန်ုပ်​တို့​ဆက်သ​သင့်​သလော​၊ သို့မဟုတ် မ​ဆက်သ​သင့်​သလော”​ဟု မေးလျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ထို​သူတို့​သည် ကိုယ်တော်​ထံသို့ လာ​၍ “ဆရာတော်… ဆရာတော်​သည် ဖြောင့်မှန်သော​သူ​ဖြစ်ပြီး မျက်နှာ​မလိုက်တတ်ကြောင်း ကျွန်ုပ်တို့​သိကြပါ၏။ ဆရာတော်​သည် လူ့​မျက်နှာ​ကို မထောက်ဘဲ ဘုရားသခင်​၏​တရားလမ်း​အား မှန်ကန်​စွာ သွန်သင်တတ်ပါ၏။ ဆီဇာဘုရင်​ကို အခွန်​ပေးဆောင်ခြင်း​သည် ပညတ်တော်​နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 12:14
36 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​တ​ပည့်​တို့​နှင့် ဟေ​ရုဒ်​တ​ပည့်​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်၍ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​ရှိ​ပါ၏။ အ​ဘယ်​သူ​ကို​မျှ​မ​ကြောက်၊ လူ​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်၏ တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။-


သို့​ဖြစ်၍ ကိုယ်​တော်​သည် အ​ဘယ်​သို့ ထင်​တော်​မူ​သ​နည်း။ ကဲ​သာ​ဘု​ရင်​အား အ​ခွန်​ကို ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော အ​ကျွန်ုပ်​တို့​အား မိန့်​တော်​မူ​ပါ​ဟု မေး​လျှောက်​ကြ၏။-


တစ်​ဖန် စ​ကား​တော်​ကို ချောင်း​မြောင်း၍ အ​ပြစ်​ပြု​ခွင့်​ကို​ရ​ခြင်း​ငှာ ဖာ​ရိ​ရှဲ​တို့​နှင့် ဟေ​ရုဒ်​တ​ပည့်​အ​ချို့​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်​ကြ၏။-


အ​ကျွန်ုပ်​တို့​သည် ဆက်​ရ​မည်​လော၊ မ​ဆက်​ရ​မည်​လော​ဟု မေး​လျှောက်​ကြ၏။ ကိုယ်​တော်​သည် ထို​သူ​တို့၏​လျှို့​ဝှက်​ခြင်း​ကို သိ​တော်​မူ​လျှင်၊ သင်​တို့​သည် ငါ့​ကို​အ​ဘယ်​ကြောင့် စုံ​စမ်း​နှောင့်​ယှက် ကြ​သ​နည်း။ ဒေ​နာ​ရိ​တစ်​ပြား​ကို ငါ​ကြည့်​ဖို့ ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၍၊-


သူ​သည် ရောက်​လျှင် ကိုယ်​တော်​ရင်း​သို့​ချက်​ချင်း ချဉ်း​ကပ်၍ အ​ရှင်​ဘု​ရား၊ အ​ရှင်​ဘု​ရား​ဟု​ဆို​လျက် နမ်း​လေ၏။-


အ​ကျွန်ုပ်​တို့​သည် ကဲ​သာ​ဘု​ရင်​အား အ​ခွန်​ကို ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော​ဟု မေး​လျှောက်​ကြ၏။-


ဤ​သူ​သည် ပြည်​သူ​ပြည်​သား​များ​ကို လှည့်​ဖြား၍၊ မိ​မိ​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​ကြောင်း​ကို​ဆို​လျက်၊ ကဲ​သာ​ဘု​ရင်​ကို အ​ခွန်​မ​ဆက်​နှင့်​ဟု မြစ်​တား​သည်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ​ဟု အ​ပြစ်​တင်​ကြ၏။-


ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သော​သူ​သည် မိ​မိ​ဘုန်း​အ​သ​ရေ​ကို ရှာ​တတ်၏။ မိ​မိ​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ ဘုန်း​အ​သ​ရေ​ကို ရှာ​သော​သူ​မူ​ကား၊ ယုံ​လောက်​သော​သူ​ဖြစ်၏။ ထို​သူ၌ မု​သား​မ​ရှိ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ