Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 11:17 - မြန်မာ

17 ငါ့​အိမ်​ကို လူ​အ​မျိုး​မျိုး ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟု ကျမ်း​စာ၌​လာ​သည် မ​ဟုတ်​လော။ သို့​သော်​လည်း သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း​ဖြစ်​စေ​ကြ​ပြီး​တ​ကား ဟူ၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ကိုယ်​တော်​က `` `ငါ​၏​အိမ်​တော်​ကို​လူ​မျိုး​တ​ကာ​တို့ ဆု​တောင်း​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​ရ​လတ္တံ့' ဟု​ကျမ်း စာ​လာ​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​သင်​တို့​သည် ထို​အိမ်​တော်​ကို​ဋ္ဌား​ပြ​ခို​အောင်း​ရာ​ဖြစ်​စေ​ကြ ပြီ​တ​ကား'' ဟု​လူ​တို့​အား​ဆုံး​မ​သွန်​သင်​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ငါ့ ဗိ မာန် ကို လူ အ မျိုး မျိုး တို့ ဆု တောင်း ပ ဌ နာ ပြု ရာ ဗိ မာန် ဟု သ မုတ် ကြ လိမ့် မည်။ ကျမ်း ချက် ရှိ သည် မ ဟုတ် လော။ သင် တို့ မှာ မူ ဓား ပြ အောင်း ရာ အ ရပ် ဖြစ် စေ ကြ ပြီ တ ကား ဟူ၍ ဆုံး မ မိန့် ဆို တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ငါ့​အိမ်​ကို လူ​အ​မျိုး​မျိုး ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟု ကျမ်း​စာ၌​လာ​သည် မ​ဟုတ်​လော။ သို့​သော်​လည်း သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း​ဖြစ်​စေ​ကြ​ပြီး​တ​ကား ဟူ၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ကိုယ်တော်​သည် သူ​တို့​အား​သွန်သင်​လျက်“ ‘ငါ့​အိမ်​သည် လူမျိုး​တကာ​တို့​၏​ဆုတောင်း​ရာ​အိမ်​ဟူ၍ ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်’​ဟု ကျမ်းစာ​၌​ရေး​ထား​သည်​မ​ဟုတ်​လော။ သို့သော် သင်​တို့​သည် ၎င်း​ကို ဓားပြ​တို့​ခိုအောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ​တကား”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ကိုယ်တော်​က “ကျမ်းစာ​တွင် ‘ငါ​၏ အိမ်တော်​သည် လူမျိုး​အပေါင်းတို့​၏ ဆုတောင်းရာ​အိမ်တော်​ဟု ခေါ်ဆို​ရမည်’ ဟူ၍ ရေးသားထား​သော်လည်း သင်တို့​သည် အိမ်တော်​ကို ဓားပြစခန်း​ဖြစ်စေကြပြီ” ဟု သူတို့​အား သွန်သင်​လျက် မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 11:17
9 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်​အထဲ၌ အ​ဆောက်​အ​ဦး​ကို အ​ဘယ်​သူ​မျှ မ​ဆောင်​မ​ရွက်​ရ​မည်​အ​ကြောင်း မြစ်​တား​တော်​မူ​လျက်၊-


ငါ့​အိမ်​သည် ဆု​တောင်း​ရာ​အိမ်​ဖြစ်၏​ဟု ကျမ်း​စာ၌ လာ​သော်​လည်း၊ သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း​ဖြစ်​စေ​ကြ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။-


ဗိ​မာန်​တော်၌ သိုး၊ နွား၊ ချိုး​ငှက် ရောင်း​သော သူ​တို့​ကို​လည်း​ကောင်း၊ ပွဲ​စား​များ ထိုင်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း တွေ့​တော်​မူ​လျှင်၊-


ချိုး​ငှက်​ရောင်း​သော သူ​တို့​အား​လည်း၊ ဤ​ဥ​စ္စာ​ကို ယူ​သွား​ကြ။ ငါ့​အ​ဘ၏​အိမ်​တော်​ကို ပွဲ​တဲ​မ​လုပ်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ