Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 1:40 - မြန်မာ

40 နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ၍ ဒူး​ထောက်​လျက်၊ ကိုယ်​တော်​အ​လို​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု တောင်း​ပန်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

40 အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​တစ်​ယောက်​သည် ကိုယ်​တော်​၏​ရှေ့​မှောက်​သို့​လာ​ရောက်​ဒူး​ထောက် ၍ ``အ​ရှင်​အ​လို​တော်​ရှိ​လျှင် အ​ကျွန်ုပ်​ကို​ရော​ဂါ မှ​သန့်​စင်​စေ​နိုင်​ပါ​သည်'' ဟု​လျှောက်​ထား တောင်း​ပန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

40 ထို အ ခါ လူ နူ တစ် ယောက် သည် ကိုယ် တော့် ထံ ချဉ်း လာ ဒူး ထောက် လျက် အ လို တော် ရှိ လျှင် ကျွန် တော် ကို သန့် စေ တော် မူ နိုင် ပါ သည် ဟု အ သ နား တော် ခံ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

40 နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ၍ ဒူး​ထောက်​လျက်၊ ကိုယ်​တော်​အ​လို​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု တောင်း​ပန်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 အနာကြီး​ရောဂါသည်​တစ်​ဦး​သည် အထံ​တော်​သို့​လာ​၍ ဒူးထောက်​လျက် “ကိုယ်တော်​အလိုရှိ​လျှင် အကျွန်ုပ်​ကို စင်ကြယ်​စေ​နိုင်​ပါ​သည်”​ဟု တောင်းပန်​လျှောက်ထား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

40 အနာကြီးရောဂါသည် တစ်ဦး​သည် ယေရှု​ရှေ့တော်​သို့ လာ​၍ ဒူးထောက်​လျက် ကုသပေးတော်မူ​ရန် တောင်းပန်၏။ ထို​သူ​က “ကိုယ်တော်​အလိုတော်​ရှိ​ပါက အကျွန်ုပ်​ကို စင်ကြယ်​စေနိုင်ပါသည်” ဟု လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 1:40
20 ပူးပေါင်းရင်းမြစ်များ  

မျက်​စိ​ကန်း​သော သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်း​သော သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည်​လည်း ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ရ​ကြ၏။-


လူ​အ​စု​အ​ဝေး​ရှိ​ရာ​သို့ ရောက်​ကြ​သော​အ​ခါ၊ လူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍ ဒူး​ထောက်​လျက်၊ သ​ခင်၊-


ယေ​ရှု​သည် သ​နား​သော​စိတ်​ရှိ​သ​ဖြင့် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို​တို့​လျက်၊ ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ၏။-


လမ်း​မှာ​ကြွ​တော်​မူ​စဉ်​တွင် လူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​ပြေး၍ ဒူး​ထောက်​လျက်၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊-


တ​ပည့်​တော်​တို့​နှင့် ကျောက်​ခဲ​တစ်​ပစ်​လောက် ခွာ​သွား၍ ဒူး​ထောက်​လျက်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ