Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 1:19 - မြန်မာ

19 ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန် ညီ​အစ်​ကို​နှစ်​ယောက်​တို့​သည် လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ချက်​ချင်း​ခေါ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ကိုယ်​တော်​သည်​ဆက်​လက်​၍​အ​နည်း​ငယ်​လျှောက် သွား​သော​အ​ခါ ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ သော​ယာ​ကုပ်​နှင့်​ညီ​ယော​ဟန်​ကို​မြင်​တော်​မူ​၏။ သူ​တို့​သည်​လှေ​ထဲ​တွင်​ပိုက်​ကွန်​များ​ကို​အ​သင့် ပြင်​လျက်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ထို မှ အ နည်း ငယ် ကြွ တော် မူ ပြန် သော်၊ ဇေ ဗေ ဒဲ့ သား ယာ ကုပ် နှင့် ယော ဟန် ညီ အစ် ကို တို့ သည် လှေ ထဲ၌ ပိုက် ဖာ လျက် နေ သည် ကို မြင် လျှင် မြင် ခြင်း ခေါ် တော် မူ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန် ညီ​အစ်​ကို​နှစ်​ယောက်​တို့​သည် လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ချက်​ချင်း​ခေါ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 တစ်ဖန် အနည်းငယ်​ဆက်၍​ကြွ​တော်မူ​ရာ ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​သူ​၏​ညီ​ယောဟန်​တို့​ကို မြင်​တော်မူ​၏။ သူ​တို့​သည် လှေ​ထဲ၌ ပိုက်ကွန်​များ​ကို​ဖာထေး​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ထို​နေရာ​မှ အနည်းငယ်​ကြွတော်မူ​လျှင် ဇေဗေဒဲ​၏​သားများ​ဖြစ်သော ယာကုပ်​နှင့် ယောဟန်​တို့​သည် လှေ​ထဲ​တွင် ပိုက်ကွန်များ​ဖာထေး​ပြုပြင်နေသည်​ကို မြင်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 1:19
11 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​လွန်​ပြန်​လျှင် အ​ခြား​သော​ညီ​အစ်​ကို​နှစ်​ယောက်၊ ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန်​တို့​သည် သူ​တို့​အ​ဘ​နှင့်​အ​တူ လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ခေါ်​တော်​မူ၏။


ထို​သူ​တို့​သည် ချက်​ချင်း​ပိုက်​ကွန်​ကို​စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။-


ထို​သူ​တို့​သည်​လည်း လှေ​ပေါ်​မှာ​ရှိ​သော သူ​ငှား​တို့​နှင့်​တ​ကွ အ​ဘ​ဇေ​ဗေ​ဒဲ​ကို​စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။


ထို​အ​ခါ ဇေ​ဗေ​ဒဲ၏​သား ယာ​ကုပ်​နှင့် ယော​ဟန်​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​တောင်း​သော ဆု​ကျေး​ဇူး​ကို ပြု​တော်​မူ​စေ​ချင်​ပါ​သည်​ဟု လျှောက်​လေ၏။-


ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို​ခေါ်​သွား၍ မိန်း​မော​တွေ​ဝေ​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​တော်​မူ၏။-


မိုး​ကြိုး​သား​ဟု ဆို​လို​သော ဗော​နေ​ရ​ဂက် အ​မည်​သစ်​ကို ပေး​တော်​မူ​သော ဇေ​ဗေ​ဒဲ၏​သား​နှစ်​ယောက် ယာ​ကုပ်​နှင့် ယော​ဟန်၊-


ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်၏​ညီ​ယော​ဟန်​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ မ​လိုက်​စေ​ဘဲ၊-


ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို ခေါ်၍၊ အ​ခြား​သူ​မ​ပါ​ဘဲ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။ သူ​တို့​ရှေ့၌ ထူး​ခြား​သော အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊-


ရှိ​မုန်​ပေ​တ​ရု​နှင့် ဒိ​ဒု​မု​ဟု​အ​မည်​ရှိ​သော သော​မ၊ ဂါ​လိ​လဲ​ပြည် ကာ​န​မြို့​သား နာ​သ​နေ​လ၊ ဇေ​ဗေ​ဒဲ၏ သား​နှစ်​ယောက်၊ အ​ခြား​သော​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် အ​တူ​ရှိ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ