Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 27:23 - မြန်မာ

23 မြို့​ဝန်​မင်း​က​လည်း အ​ဘယ်​ကြောင့်​နည်း။ အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​သည် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ခံ​ပါ​လေ​စေ​ဟု လူ​များ​တို့​သည် သာ၍​ဟစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ပိ​လတ်​မင်း​က ``သူ​သည်​အ​ဘယ်​အ​ပြစ်​ကို ကူး​လွန်​သ​နည်း'' ဟု​မေး​၏။ သို့​ရာ​တွင်​ထို​သူ​တို့​က ``သူ့​အား​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု​အ​သံ​ကုန်​ဟစ်​အော် ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 အ ဘယ့် ကြောင့် နည်း။ အ ဘယ် ဆိုး သွမ်း မှု ကို ပြု သ နည်း ဟု မေး မြန်း ပြန် ရာ ကား တင် ပါ ဟု အ လွန် ပြင်း စွာ ဟစ် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 မြို့​ဝန်​မင်း​က​လည်း အ​ဘယ်​ကြောင့်​နည်း။ အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​သည် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ခံ​ပါ​လေ​စေ​ဟု လူ​များ​တို့​သည် သာ၍​ဟစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ပိလတ်​မင်း​က​လည်း “အဘယ်ကြောင့်​နည်း။ သူ​သည် မည်သည့်​မကောင်းမှု​ကို​ပြု​ခဲ့​သနည်း”​ဟု ပြန်​မေး​သော်လည်း သူ​တို့​က “သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ပို၍​အော်ဟစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ပိလတ်မင်း​က တစ်ဖန် “အဘယ်ကြောင့်နည်း။ သူ​သည် မည်သည့်​ပြစ်မူ​ကို ကျူးလွန်ခဲ့သနည်း” ဟု ဆက်​၍ မေးပြန်သော် လူထု​က “လက်ဝါးကပ်တိုင်​တွင် သတ်ပါ” ဟု ပို​၍ အော်ဟစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 27:23
16 ပူးပေါင်းရင်းမြစ်များ  

ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် ခ​ရစ်​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​ကို အ​ဘယ်​သို့ ပြု​ရ​မည်​နည်း​ဟု မေး​ပြန်​သော်၊ ထို​သူ​အ​ပေါင်း​တို့​က၊ သူ​သည် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ခံ​ပါ​လေ​စေ​ဟု ဆို​ကြ၏။-


ပိ​လတ်​မင်း​သည် မိ​မိ​မ​နိုင်၊ လူ​များ​သာ၍ ရုန်း​ရင်း​ခတ်​မျှ ပြု​ကြ​သည်​ကို​မြင်​လျှင်၊ ရေ​ကို​ယူ၍ လူ​များ​ရှေ့​တွင် မိ​မိ​လက်​ကို​ဆေး​လျက်၊ ဤ​ဖြောင့်​မတ်​သော​သူ၏​အ​သွေး​နှင့် ငါ​သည် ကင်း​ရှင်း၏။ ဤ​အ​မှု​ကို သင်​တို့ ကြည့်​ကြ​လော့​ဟု ဆို၏။-


ပိ​လတ်​မင်း​က၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့​ဟု ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ပေါင်း​တို့​အား ပြော​ဆို​လျှင်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ