Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 26:31 - မြန်မာ

31 ထို​အ​ခါ ယေ​ရှု​က​လည်း၊ ကျမ်း​စာ​လာ​သည်​ကား၊ သိုး​ထိန်း​ကို​ငါ​ရိုက်​သတ်၍ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်​ဟု ရေး​ထား​သည်​နှင့်​အ​ညီ၊ ယ​နေ့​ည​တွင် သင်​တို့​ရှိ​သ​မျှ​သည် ငါ့​ကြောင့် စိတ်​ပျက်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 ထို​နောက်​သ​ခင်​ယေ​ရှု​က ``ကျမ်း​စာ​တော်​တွင် `ဘု​ရား သ​ခင်​သည်​သိုး​ထိန်း​ကို​ရိုက်​သ​ဖြင့်​သိုး​တို့​သည် က​စဥ့်​က​ရဲ​ဖြစ်​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​သည်​နှင့် အ​ညီ​ယ​နေ့​ည​၌​ပင်​လျှင်​သင်​တို့​သည်​ငါ့​ကို စွန့်​ပစ်​၍​ပြေး​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 ထို အ ခါ တ ပည့် တော် တို့ အား ယေ ရှု က အ ထိန်း အ ကျောင်း ကို ငါ သတ် သ ဖြင့် သိုး အုပ် ကွဲ လွင် ရ ကြ လ တ္တံ့ ဟူ သော ကျမ်း ချက် အ တိုင်း သင် တို့ ရှိ သ မျှ သည် ယ ခု ညဉ့် တွင် ငါ ကြောင့် တိုက် လဲ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ထို​အ​ခါ ယေ​ရှု​က​လည်း၊ ကျမ်း​စာ​လာ​သည်​ကား၊ သိုး​ထိန်း​ကို​ငါ​ရိုက်​သတ်၍ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်​ဟု ရေး​ထား​သည်​နှင့်​အ​ညီ၊ ယ​နေ့​ည​တွင် သင်​တို့​ရှိ​သ​မျှ​သည် ငါ့​ကြောင့် စိတ်​ပျက်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ထိုအခါ ယေရှု​က“ ‘ငါ​သည် သိုးထိန်း​ကို​ခုတ်​သတ်​သဖြင့် သိုး​အုပ်​သည် ကွဲလွင့်​သွား​ရ​လိမ့်မည်’ဟု ကျမ်းစာ​၌​ရေး​ထား​သည်​ဖြစ်၍ ဤ​ည​၌ သင်​တို့​အားလုံး​သည် ငါ့​ကြောင့်​စိတ်ပျက်​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 ထို့နောက် လမ်း​၌ ယေရှု​က “ကျမ်းစာ​တွင် ‘ငါ​သည် သိုးထိန်း​ကို ရိုက်တော်မူ​သဖြင့် သိုးအုပ်​သည် ကွဲလွင့်သွားကြရမည်’ ဟု ရေးထားသည့်​အတိုင်း ယနေ့​ည​တွင် သင်တို့​သည် ငါ့​ကို စွန့်ခွာသွားကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 26:31
16 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြန်​ပြော​တော်​မူ၏။-


ကျမ်း​စာ​လာ​သည်​အ​တိုင်း လူ​သား​သည် သွား​ရ​မည်။ သို့​သော်​လည်း လူ​သား​ကို​အပ်​နှံ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထို​သူ​သည် ဖွား​မြင်​ခြင်း​ကို​မ​ခံ​ရ​လျှင် အ​နေ​သာ၍​ကောင်း​သည်​ဟု မိန့်​တော်​မူ၏။-


ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ အ​နာ​ဂ​တ္တိ​ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း​ဟု လူ​အ​စု​အ​ဝေး​တို့​ကို မိန့်​တော်​မူ၏။ ထို​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို စွန့်​ပစ်၍​ပြေး​ကြ၏။


သင်​တို့​သည် ကွဲ​ပြား၍ ငါ့​ကို တစ်​ကိုယ်​တည်း​နေ​စေ​ခြင်း​ငှာ စွန့်​ပစ်​လျက်၊ အ​သီး​အ​သီး​မိ​မိ​တို့​နေ​ရာ​သို့ ပြေး​သွား​မည့်​အ​ချိန်​ကာ​လ​သည် လာ၍​ယ​ခု​ပင်​ရောက်​ပေ၏။ သို့​သော်​လည်း ငါ​သည် တစ်​ကိုယ်​တည်း​နေ​သည်​မ​ဟုတ်။ ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ