Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 21:41 - မြန်မာ

41 ပ​ရိ​သတ်​တို့​က​လည်း ထို​လူ​ဆိုး​တို့​အား ဆိုး​သော​ဖျက်​ဆီး​ခြင်း​ကို စီ​ရင်​ပါ​လိမ့်​မည်။ အ​သီး​သီး​ချိန်​တွင် အ​သီး​ကို​ဆက်​အံ့​သော အ​ခြား​လူ​တို့​အား ထို​ဥ​ယျာဉ်​ကို ငှား​ပါ​လိမ့်​မည်​ဟု လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

41 လူ​တို့​က ``ဥ​ယျာဉ်​ရှင်​သည်​ထို​ဆိုး​သွမ်း​သော သူ​တို့​ကို​အ​မှန်​ပင်​သတ်​ပစ်​ပါ​လိမ့်​မည်။ ဥ​ယျာဉ် ကို​လည်း​စ​ပျစ်​သီး​ပေါ်​ချိန်​၌​သီး​စား​ခ​မှန်​မှန် ပေး​မည့်​အ​ခြား​ခြံ​သ​မား​တို့​အား​ပေး​အပ်​ပါ လိမ့်​မည်'' ဟု​ဖြေ​ကြား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

41 သူ တို့ က ထို လူ ဆိုး တို့ ကို ရက် စက် စွာ ဖျက် ဆီး ပြီ လျှင် ရာ သီ အ လျောက် သီး ခွန် ပေး အပ် မည့် အ ခြား သော ဥ ယျာဉ် သ မား တို့ အား စ ပျစ် ဥ ယျာဉ် ကို အ ငှား ချ ထား လိမ့် မည် ဟု ဖြေ ဆို ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

41 ပ​ရိ​သတ်​တို့​က​လည်း ထို​လူ​ဆိုး​တို့​အား ဆိုး​သော​ဖျက်​ဆီး​ခြင်း​ကို စီ​ရင်​ပါ​လိမ့်​မည်။ အ​သီး​သီး​ချိန်​တွင် အ​သီး​ကို​ဆက်​အံ့​သော အ​ခြား​လူ​တို့​အား ထို​ဥ​ယျာဉ်​ကို ငှား​ပါ​လိမ့်​မည်​ဟု လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

41 သူ​တို့​က “ထို​ဆိုးယုတ်​သော​သူ​တို့​ကို ရက်စက်​စွာ​အဆုံးစီရင်​၍ အသီး​ပေါ်​ချိန်​တွင် သူ့​ကို​အသီး​ပေး​မည့် အခြား​ခြံသမား​တို့​အား စပျစ်ခြံ​ကို ငှားရမ်း​ပါ​လိမ့်မည်”​ဟု ဖြေကြား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

41 လူတို့​က “သူ​သည် ထို​ဆိုးသွမ်းသော​သူတို့​ကို ရက်စက်​စွာ သုတ်သင်ဖယ်ရှား​လိမ့်မည်။ ထို့နောက် စပျစ်သီးဆွတ်ချိန်​တွင် သူ့​အား စပျစ်သီး​တချို့​ပေးမည့် အခြားသော​စပျစ်ခြံလုပ်သားတို့​အား ထို​စပျစ်ခြံ​ကို ငှားရမ်းပါ​လိမ့်မည်” ဟု လျှောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 21:41
38 ပူးပေါင်းရင်းမြစ်များ  

အ​သီး​သီး​ချိန် ရောက်​သော​အ​ခါ၊ အ​သီး​ကို​ခံ​စေ​ခြင်း​ငှာ ငယ်​သား​တို့​ကို ဥ​ယျာဉ်​စောင့်​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လေ၏။-


သို့​ဖြစ်​လျှင် ဥ​ယျာဉ်​ရှင်​သည် လာ​သော​အ​ခါ၊ ဥ​ယျာဉ်​စောင့်​တို့​ကို အ​ဘယ်​သို့ ပြု​မည်​နည်း​ဟု မေး​တော်​မူ၏။-


ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို သင်​တို့​မှ​နုတ်၍ နိုင်​ငံ​တော်၏​အ​သီး​ကို သီး​အံ့​သော​လူ​မျိုး​အား ပေး​ရ​လ​တ္တံ့။-


လက်​တော်​တွင် ဆန်​ကော​ပါ​လျက်၊ မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ မိ​မိ​ဂျုံ​စ​ပါး​ကို ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ယော​ဟန်​ဟော​ပြော၏။


ဥ​ယျာဉ်​ရှင်​သည် လာ၍ ထို​သူ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ပြီး​မှ ထို​ဥ​ယျာဉ်​ကို အ​ခြား​သော​သူ​တို့​အား ပေး​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ပ​ရိ​သတ်​တို့​သည် ကြား​လျှင် ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်​ဟု လျှောက်​ကြ​သော်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ