Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 19:12 - မြန်မာ

12 လူ​အ​ချို့​တို့​သည် အ​မိ​ဝမ်း​တွင်း​က​ပင် မိန်း​မ​လျှာ​ဖြစ်​ကြ၏။ အ​ချို့​တို့​သည် သူ​တစ်​ပါး​ဆုံး​မ၍ မိန်း​မ​လျှာ ဖြစ်​ကြ၏။ အ​ချို့​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​အ​ဖို့ အ​လို့​ငှာ မိ​မိ​ကိုယ်​ကို​ဆုံး​မ၍ မိန်း​မ​လျှာ​ဖြစ်​ကြ၏။ ထို​စ​ကား​ကို ခံ​ယူ​နိုင်​သော​သူ​သည် ခံ​ယူ​စေ​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 အ​ချို့​သော​သူ​တို့​တွင်​မွေး​စ​က​ပင်​အိမ်​ထောင် ပြု​နိုင်​ရန်​စွမ်း​ရည်​မ​ပါ​မ​ရှိ​ကြ။ အ​ချို့​တို့​မှာ လူ​တို့​က​ထို​စွမ်း​ရည်​ကို​ဖျက်​ဆီး​ပစ်​လိုက်​သော ကြောင့်​အိမ်​ထောင်​ပြု​၍​မ​ရ​ကြ။ အ​ချို့​မှာ​မူ ကောင်း​ကင်​နိုင်​ငံ​တော်​၏​အ​ကျိုး​ကို​ထောက်​၍ အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ကြ​၏။ အိမ်​ထောင်​မ​ပြု ဘဲ​နေ​နိုင်​သူ​သည်​အိမ်​ထောင်​မ​ပြု​စေ​နှင့်'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 အ မိ ဝမ်း တွင်း ပါ မိန်း မ စိုး များ လူ ပြု ပြင်၍ ဖြစ် သော မိန်း မ စိုး များ ပြင် ကောင်း ကင် နိုင် ငံ တော် အ တွက် ကိုယ် ကို ချုပ် တည်း၍ ဖြစ် သော မိန်း မ စိုး များ ရှိ၏။ ထို စ ကား ကို ခံ ယူ နိုင် သော သူ ခံ ယူ စေ ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 လူ​အ​ချို့​တို့​သည် အ​မိ​ဝမ်း​တွင်း​က​ပင် မိန်း​မ​လျှာ​ဖြစ်​ကြ၏။ အ​ချို့​တို့​သည် သူ​တစ်​ပါး​ဆုံး​မ၍ မိန်း​မ​လျှာ ဖြစ်​ကြ၏။ အ​ချို့​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​အ​ဖို့ အ​လို့​ငှာ မိ​မိ​ကိုယ်​ကို​ဆုံး​မ၍ မိန်း​မ​လျှာ​ဖြစ်​ကြ၏။ ထို​စ​ကား​ကို ခံ​ယူ​နိုင်​သော​သူ​သည် ခံ​ယူ​စေ​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အကြောင်းမူကား အမိ​ဝမ်းတွင်း​က​ပင် အိမ်ထောင်​ပြု​နိုင်စွမ်း​မ​ရှိ​ဘဲ မွေး​လာ​သော​သူ​များ​ရှိ​ကြ​၏။ လူ​တို့​ကြောင့် အိမ်ထောင်ပြု​နိုင်စွမ်း​ကို စွန့်လွှတ်​ရ​သော​သူ​များ​လည်း​ရှိ​ကြ​၏။ ကောင်းကင်​နိုင်ငံ​တော်​အတွက် အိမ်ထောင်ပြု​နိုင်စွမ်း​ကို ကိုယ်တိုင်​စွန့်လွှတ်​သော​သူ​များ​လည်း​ရှိ​ကြ​၏။ ဤ​အရာ​ကို ခံယူ​နိုင်​သော​သူ​သည် ခံယူ​စေ”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 တချို့​မှာ မိခင်​ဝမ်းတွင်း​ကပင် အိမ်ထောင်ပြုနိုင်စွမ်း​မရှိဘဲ မွေးလာကြ၏။ တချို့​မှာ အခြားသူများ​ကြောင့် အိမ်ထောင်​ပြုနိုင်စွမ်း​ကို စွန့်လွှတ်ကြရ၏။ တချို့​မှာ ကောင်းကင်​နိုင်ငံတော်​အတွက် အိမ်ထောင်​မပြုဘဲ​နေကြ၏။ ဤ​အရာ​ကို လက်ခံနိုင်သော​သူ​သည် လက်ခံပါစေ” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 19:12
8 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က​လည်း၊ ထို​စ​ကား​ကို လူ​တိုင်း​မ​ခံ​မ​ယူ​နိုင်။ အ​ခွင့်​ရ​သော​သူ​တို့​သာ ခံ​ယူ​နိုင်​ကြ၏။-


ထို​အ​ခါ သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်၍ မေ​တ္တာ​ပို့​တော်​မူ​စေ​ခြင်း​ငှာ အ​ထံ​တော်​သို့ ဆောင်​ခဲ့​သည်​ဖြစ်၍ တ​ပည့်​တော်​တို့​သည် အ​ပြစ်​တင်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ