မဿဲ 17:3 - မြန်မာ3 မောရှေနှင့် ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောလျက် နေကြ၏။- အခန်းကိုကြည့်ပါ။Common Language Bible3 ထိုနောက်မောရှေနှင့်ဧလိယပေါ်လာ၍ကိုယ်တော် နှင့်စကားပြောလျက်နေကြသည်ကိုတွေ့မြင် ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible3 မော ရှေ နှင့် ဧ လိ ယ တို့ လည်း ထင် ရှား ၍ ကိုယ် တော် နှင့် တိုင် ပင် ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible3 မောရှေနှင့် ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောလျက် နေကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 မောရှေနှင့်ဧလိယတို့သည်လည်း သူတို့ရှေ့တွင်ပေါ်လာ၍ ကိုယ်တော်နှင့်စကားပြောနေကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 မောရှေနှင့် ဧလိယတို့သည် ပေါ်လာ၍ ကိုယ်တော်နှင့် စကားပြောနေကြ၏။ အခန်းကိုကြည့်ပါ။ |
အဘတို့နှင့် သားတို့ကို အသင့်အတင့် ဖြစ်စေခြင်းငှာလည်းကောင်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဖို့အလိုငှာ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှာလည်းကောင်း၊ သူသည်ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန် ပြောဆို၏။-
တစ်ဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။-