Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 15:32 - မြန်မာ

32 ထို​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်၍၊ ဤ​လူ​များ​ကို ငါ​သ​နား၏။ သုံး​ရက်​ပတ်​လုံး ငါ​နှင့်​အ​တူ ရှိ​ကြ​ပြီ။ စား​စ​ရာ အ​လျှင်း​မ​ရှိ။ လမ်း​ခ​ရီး၌ မော​မည်​ကို​စိုး​ရိမ်​သော​ကြောင့် အ​စာ​မ​စား​မီ သူ​တို့​ကို​လွှတ်​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အား​အ​ထံ တော်​သို့​ခေါ်​ဆောင်​တော်​မူ​ပြီး​လျှင် ``ဤ​လူ အ​ပေါင်း​တို့​သည်​ငါ​နှင့်​အ​တူ​သုံး​ရက်​တိုင်​တိုင် နေ​ခဲ့​ကြ​၏။ သူ​တို့​မှာ​အ​စား​အ​စာ​မ​ရှိ​ကြ တော့​သ​ဖြင့်​သူ​တို့​ကို​ငါ​သ​နား​၏။ လမ်း​တွင် အား​ပြတ်​မည်​စိုး​ရိမ်​ရ​သ​ဖြင့်​သူ​တို့​အား အ​စား​အ​စာ​မ​ကျွေး​ဘဲ​အိမ်​သို့​မ​ပြန်​စေ လို'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 ထို အ ခါ တ ပည့် တော် တို့ ကို ခေါ်၍ ယေ ရှု က ဤ လူ ပ ရိ သတ် သည် ယ ခု တိုင် ငါ နှင့် သုံး ရက် ရှိ နေ လျက် စား ရန် အ စာ မ ရှိ ကြ သော ကြောင့် ငါ သ နား သည်။ လမ်း တွင် ပန်း မည် စိုး၍ အ စာ မ စား ရ ဘဲ မ လွှတ် လို ဟု မိန့် တော် မူ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ထို​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်၍၊ ဤ​လူ​များ​ကို ငါ​သ​နား၏။ သုံး​ရက်​ပတ်​လုံး ငါ​နှင့်​အ​တူ ရှိ​ကြ​ပြီ။ စား​စ​ရာ အ​လျှင်း​မ​ရှိ။ လမ်း​ခ​ရီး၌ မော​မည်​ကို​စိုး​ရိမ်​သော​ကြောင့် အ​စာ​မ​စား​မီ သူ​တို့​ကို​လွှတ်​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ထိုအခါ ယေရှု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍“ဤ​လူထု​ပရိသတ်​ကို ငါ​သနား​၏။ အကြောင်းမူကား သူ​တို့​သည် သုံး​ရက်​တိုင်တိုင် ငါ​နှင့်အတူ​ရှိ​ကြ​ပြီး သူ​တို့​၌ မည်သည့်​စား​စရာ​မျှ​မ​ရှိ။ သူ​တို့​ကို​ဘာမျှ​မ​ကျွေး​ဘဲ ပြန်သွား​စေရန် ငါ​အလို​မ​ရှိ။ ထိုသို့​ပြန်​စေ​လျှင် သူ​တို့​သည် လမ်း​ခရီး​၌ အားပြတ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 ထိုအခါ ယေရှု​သည် တပည့်တော်တို့​ကို ခေါ်​၍ “ဤ​လူတို့​ကို ငါ​သနား၏။ သူတို့​သည် သုံးရက်​တိုင်တိုင် ငါ​နှင့်အတူ ရှိကြပြီ။ သူတို့​ထံ၌ မည်သည့်​စားစရာ​မျှ မရှိ။ လမ်း​တွင် အားပြတ်မည်​ကို​စိုးရိမ်ရ​သောကြောင့် သူတို့​ကို စားစရာ​မကျွေးဘဲ မပြန်စေလိုပါ” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 15:32
17 ပူးပေါင်းရင်းမြစ်များ  

ယော​န​သည် ငါး​ကြီး​ဝမ်း​ထဲ​မှာ သုံး​ရက်​နေ​ရ​သ​ကဲ့​သို့၊ လူ​သား​သည် မြေ​ကြီး​ထဲ​မှာ သုံး​ရက်​နေ​ရ​လ​တ္တံ့။-


ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ထို​အ​ရပ်​မှ​ထွက်၍ လှေ​ကို​စီး​လျက် တော၌​ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် ကြား​သိ​ရ​လျှင်၊ မြို့​ရွာ​မှ​ထွက်၍ ကုန်း​ကြောင်း​လိုက်​ကြ၏။-


တ​ပည့်​တော်​တို့​က ဤ​မျှ​လောက်​များ​သော​လူ​စု​တို့​သည် ဝ​စွာ​စား​လောက်​သော​အ​စာ​ကို ဤ​တော​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ရ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​ကြ​သော်၊-


ယေ​ရှု​သည် သ​နား​ခြင်း​စိတ်​တော်​ရှိ၍ သူ​တို့​မျက်​စိ​ကို လက်​နှင့် တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် ထို​သူ​တို့​သည် မျက်​စိ​မြင်၍ နောက်​တော်​သို့ လိုက်​ကြ၏။


ထို​လှည့်​ဖြား​သော​သူ​က၊ ငါ​သည် သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​မည်​ဟု မ​သေ​မီ​ပြော​သည်​ကို အ​ကျွန်ုပ်​တို့ မှတ်​မိ​ပါ​ပြီ။-


အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပင်​ပန်း​သည်​ဖြစ်၍ ထိန်း​သူ​မ​ရှိ​ဘဲ ပစ်​ထား​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။-


သူ​ငယ်​ကို သေ​စေ​ခြင်း​ငှာ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​စေ​တတ်၏။ သို့​သော်​လည်း ကိုယ်​တော်​သည် တတ်​နိုင်​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​ကို သ​နား၍ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-


သ​ခင်​ဘု​ရား​သည် ထို​မိန်း​မ​ကို​မြင်​လျှင် သ​နား​ခြင်း​စိတ်​တော်​ရှိ၍၊ မ​ငို​နှင့်​ဟု မိန့်​တော်​မူ​လျက် အ​နီး​သို့​ကြွ၍ တ​လား​ကို လက်​နှင့်​တို့​တော်​မူ​သ​ဖြင့်၊ ထမ်း​သော​သူ​တို့​သည် ရပ်၍​နေ​ကြ၏၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ