Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 13:19 - မြန်မာ

19 လမ်း၌ အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ နိုင်​ငံ​တော်၏ တ​ရား​စ​ကား​ကို​ကြား၍ နှ​လုံး​မ​သွင်း​သည် ရှိ​သော်၊ နတ်​ဆိုး​လာ၍ နှ​လုံး၌​ကြဲ​သော​အ​စေ့​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နိုင်​ငံ​တော် အ​ကြောင်း​တ​ရား​တော်​ကို​ကြား​သော်​လည်း​နား မ​လည်​သူ​တို့​နှင့်​တူ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​တွင် ကြဲ​ထား​သည့်​တ​ရား​တော်​မျိုး​စေ့​ကို​စာ​တန် သည်​လာ​၍​ယူ​ငင်​သွား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 နိုင် ငံ တော့် ဆိုင် ရာ တ ရား တော် ကို မည် သူ မ ဆို ကြား နာ သည့် ကာ လ နား မ လည် လျှင် နှ လုံး၌ ကြဲ ထား ရာ ကို မာရ် နတ် လာ၍ နုတ် ယူ တတ်၏။ ထို သူ မှာ လမ်း ပေါ် တွင် ကြဲ ထား သူ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 လမ်း၌ အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ နိုင်​ငံ​တော်၏ တ​ရား​စ​ကား​ကို​ကြား၍ နှ​လုံး​မ​သွင်း​သည် ရှိ​သော်၊ နတ်​ဆိုး​လာ၍ နှ​လုံး၌​ကြဲ​သော​အ​စေ့​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 မည်သူမဆို နိုင်ငံ​တော်​နှင့်ဆိုင်သော​တရား​စကား​ကို​ကြား​၍ နား​မ​လည်​ဘဲ​နေ​လျှင် မာရ်နတ်​သည်​လာ​၍ သူ​၏​စိတ်နှလုံး​ထဲ၌​ကြဲ​ထား​သော​အရာ​ကို လုယူ​လေ​၏။ လမ်း​ဘေး​တွင်​ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ ထိုသို့သော​သူ​ကို​ဆို​လို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 လမ်း​ပေါ်တွင် ကျသော​မျိုးစေ့​မှာ နိုင်ငံတော်​နှင့်​ဆိုင်သော တရားစကား​ကို ကြား​သော်လည်း နားမလည်သော​သူ​ကို ဆိုလို၏။ ထိုအခါ မာရ်နတ်​သည်​လာ​၍ ထို​သူ၏​စိတ်နှလုံး​တွင် ကြဲထားသော​မျိုးစေ့​ကို နုတ်ယူလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 13:19
36 ပူးပေါင်းရင်းမြစ်များ  

စာ​တန်​သည်​လည်း စာ​တန်​ကို​နှင်​ထုတ်​သည်​မှန်​လျှင်၊ သူ​သည် မိ​မိ​နှင့် ကွဲ​ပြား၏။ သူ၏​နိုင်​ငံ​သည် အ​ဘယ်​သို့ တည်​နိုင်​မည်​နည်း။-


ကျောက်​ပေါ​သော​အ​ရပ်၌ အ​စေ့​ကို​ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ချက်​ချင်း​ခံ​ယူ​သော်​လည်း၊-


လယ်​ကား ဤ​လော​က​ဖြစ်၏။ ကောင်း​သော​အ​စေ့​ကား နိုင်​ငံ​တော်​သား​ဖြစ်၏။ တော​မျိုး​စေ့​ကား နတ်​ဆိုး​သား​ဖြစ်၏။-


ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။


သင်၏​စ​ကား​မှာ ဟုတ်​သည်​ကို​အ​ဟုတ်၊ မ​ဟုတ်​သည်​ကို မ​ဟုတ်​ဖြစ်​စေ​လော့။ ဤ​ထက်​လွန်​သော စ​ကား​သည် မ​ကောင်း​သော​အ​ရာ​နှင့် စပ်​ဆိုင်​ပေ၏။-


တ​ရား​စ​ကား​ကို လမ်း၌​ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ စာ​တန်​သည် ချက်​ချင်း​လာ၍ နှ​လုံး၌​ကြဲ​သော တ​ရား​စ​ကား​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။-


လူ​နာ​များ​ကို ချမ်း​သာ​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် သင်​တို့၌ တည်​ထောင်​သော အ​ချိန်​နီး​ပြီ​ဟု သူ​တို့​အား ဟော​ပြော​ကြ​လော့။-


ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​နာ​တို့​ကို ချမ်း​သာ​စေ​ခြင်း​ငှာ​လည်း​ကောင်း စေ​လွှတ်​တော်​မူ၍၊-


ပိ​လတ်​မင်း​က​လည်း၊ သ​မ္မာ​တ​ရား​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​ပြီး​မှ တစ်​ဖန် ယု​ဒ​လူ​တို့​ရှိ​ရာ​သို့​ထွက်၍၊ ဤ​သူ၌​အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့။


အ​ဘယ်​ကြောင့်​ငါ့​စ​ကား​ကို နား​မ​လည်​ကြ​သ​နည်း။ ငါ၏​ဒေ​သ​နာ​ကို နား​မ​ခံ​မ​ယူ​နိုင်​သော​ကြောင့်​သာ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​လည်​ကြ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ